
zawgyi
ဝက္ၿခံခဏခဏထြက္လို႔ စိတ္ညစ္ေနရတဲ့သူေတြအတြက္ အျမန္ဆုံးျပန္လည္သက္သာၿပီး အသားအေရ ေခ်ာေမြ႕လာေစဖို႔ သဘာဝပစၥည္းေတြနဲ႔ အလြယ္တကူျပဳလုပ္ႏိုင္တဲ့ နည္းလမ္းေကာင္းေတြအေၾကာင္းကို မွ်ေဝေပးလိုက္ပါတယ္။
ဒီနည္းေတြက သင့္မ်က္ႏွာအႏွံ႔ဝက္ၿခံထြက္ျခင္းကို ေလွ်ာ့ခ်ေပးႏိုင္တဲ့အျပင္ ဝက္ၿခံညႇစ္မိလို႔က်န္ခဲ့တဲ့ အမာ႐ြတ္ေတြကိုပါ သက္သာဖို႔အေထာက္အကူျဖစ္ေစမွာပါ။
၁။ ေရခဲကပ္ပါ
နီရဲေနတဲ့ဝက္ၿခံဖုအႀကီးေတြကို ေရခဲကပ္ေပးျခင္းက ျပားကပ္ၿပီးအေရာင္က်ေစဖို႔ေထာက္ပံ့ေပးႏိုင္တဲ့အျပင္ ဝက္ၿခံေၾကာင့္ အေရျပားနာက်င္ျခင္းေတြကိုလည္း သက္သာလာေစပါတယ္။
ပထမဆုံး ေရခဲမကပ္ခင္ သင့္မ်က္ႏွာကိုေရေႏြးေႏြးနဲ႔အရင္သန႔္စင္ေပးပါ။ ၿပီးေနာက္မွာေတာ့ ဝက္ၿခံထြက္ေလ့ရွိတဲ့ေနရာေတြကို ေရခဲအသန႔္နဲ႔ တစ္မိနစ္ခန႔္ ေျဖးေျဖးခ်င္းပြတ္ေပးႏိုင္ပါတယ္။
၂။ အစိုဓာတ္ျပည့္ဝၿပီး ဝက္ၿခံကင္းေစဖို႔ Jojoba Oil အသုံးျပဳပါ
Jojoba အဆီက အသားအေရနဲ႔ ဆံသားကို အစိုဓာတ္လုံေလာက္ေအာင္ေပးႏိုင္တဲ့အျပင္ သူ႔မွာ အေရျပားအာဟာရျဖည့္ေပးတဲ့ ဗီတာမင္ဓာတ္မ်ားစြာပါဝင္ပါတယ္။
ဒါေၾကာင့္ လက္အသန႔္နဲ႔ Jojoba Oil အနည္းငယ္ယူၿပီး သင့္မ်က္ႏွာကို ေျဖးေျဖးခ်င္းပြတ္ေပးပါ။ အသားထဲစိမ့္ဝင္ေစဖို႔ ႏွစ္မိနစ္မွ သုံးမိနစ္အထိ ႏွိပ္နယ္ေပးသင့္ပါတယ္။
၃။ Flaxseed Oil အသုံးျပဳပါ
Flaxseed အဆီမွာ အသားအေရေျခာက္ေသြ႕ယားယံျခင္းနဲ႔ ေရာင္ရမ္းျခင္းေတြကို သက္သာေစတဲ့ Omega-3 Acid ဓာတ္ေတြပါဝင္ၿပီး အေရျပားကိုအစိုဓာတ္ေပးႏိုင္ပါတယ္။
ဆဲလ္အသစ္ျဖစ္ေပၚျခင္းကိုလည္း ေထာက္ပံ့ေပးတာေၾကာင့္ သင့္မ်က္ႏွာေပၚမွာရွိတဲ့ ဝက္ၿခံအမာ႐ြတ္နဲ႔ အေရးအေၾကာင္းေတြကိုပါ သက္သာေစပါလိမ့္မယ္။
ဒါေၾကာင့္ Flaxseed အဆီအနည္းငယ္ကို လက္ညိဳးေပၚမွာအစက္ခ်ၿပီး ဝက္ၿခံအမာ႐ြတ္ရွိတဲ့ေနရာတစ္ဝိုက္ ေျဖးေျဖးခ်င္းပြတ္လိမ္းေပးပါ။
၄။ သခြားသီးနဲ႔ေပါင္းတင္ေပးပါ
သခြားသီးက ဗီတာမင္စီနဲ႔ Folic Acid ႂကြယ္ဝတဲ့အသီးျဖစ္ပါတယ္။ သူက အသားအေရကို ေရဓာတ္ျဖည့္ေပးၿပီး ေခ်ာေမြ႕ေအးျမေစတာမို႔ ဝက္ၿခံေၾကာင့္ျဖစ္တဲ့ အေရျပားေရာင္ရမ္းျခင္းေတြကိုကုသရာမွာ သဘာဝ အသားအေရေပါင္းတင္ပစၥည္းအျဖစ္သုံးေလ့ရွိၾကပါတယ္။
သခြားသီးနဲ႔ေပါင္းတင္နည္းကေတာ့ သခြားသီးအေသးတစ္လုံးကို Oatmeal အနည္းငယ္နဲ႔ေရာႀကိတ္ေပးၿပီး ဒိန္ခ်ဥ္စားပြဲတင္ဇြန္းတစ္ဇြန္း ထည့္ေမႊေပးရပါမယ္။
ၿပီးေနာက္ မ်က္ႏွာအႏွံ႔လိမ္းေပးၿပီး နာရီဝက္ခန႔္အၾကာမွာ ေရနဲ႔ျပန္လည္ ေဆးခ်ေပးႏိုင္ပါတယ္။
၅။ Rosemary Oil အသုံးျပဳပါ
Rosemary အဆီက အေရျပားနီျမန္းျခင္းကိုသက္သာေစၿပီး အိုမင္းရင့္ေရာ္ျခင္းကိုေလွ်ာ့ခ်ေပးႏိုင္မယ့္ Antioxidant ေတြပါဝင္တဲ့ သဘာဝအဆီတစ္မ်ိဳးျဖစ္ပါတယ္။
ရွားေစာင္းလက္ပတ္တစ္ဇြန္း၊ Rosemary အဆီနဲ႔ လက္ဖက္႐ြက္အဆီႏွစ္ဇြန္းတို႔ကိုေရာေမႊၿပီး မ်က္ႏွာေပၚလိမ္းေပးရပါမယ္။
ၿပီးေနာက္ ၅ မိနစ္မွ ၁၀ မိနစ္အထိထားၿပီး ေရေအးေအးနဲ႔ျပန္လည္ေဆးခ်ေပးပါ။ ဒီေပါင္းတင္နည္းကိုေတာ့ တစ္ပတ္တစ္ခါ ျပဳလုပ္ေပးႏိုင္ပါတယ္။
Credit – မူရင္းေရးသူ
unicode
ဝက်ခြံခဏခဏထွက်လို့ စိတ်ညစ်နေရတဲ့သူတွေအတွက် အမြန်ဆုံးပြန်လည်သက်သာပြီး အသားအရေ ချောမွေ့လာစေဖို့ သဘာဝပစ္စည်းတွေနဲ့ အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။
ဒီနည်းတွေက သင့်မျက်နှာအနှံ့ဝက်ခြံထွက်ခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် ဝက်ခြံညှစ်မိလို့ကျန်ခဲ့တဲ့ အမာရွတ်တွေကိုပါ သက်သာဖို့အထောက်အကူဖြစ်စေမှာပါ။
၁။ ရေခဲကပ်ပါ
နီရဲနေတဲ့ဝက်ခြံဖုအကြီးတွေကို ရေခဲကပ်ပေးခြင်းက ပြားကပ်ပြီးအရောင်ကျစေဖို့ထောက်ပံ့ပေးနိုင်တဲ့အပြင် ဝက်ခြံကြောင့် အရေပြားနာကျင်ခြင်းတွေကိုလည်း သက်သာလာစေပါတယ်။
ပထမဆုံး ရေခဲမကပ်ခင် သင့်မျက်နှာကိုရေနွေးနွေးနဲ့အရင်သန့်စင်ပေးပါ။ ပြီးနောက်မှာတော့ ဝက်ခြံထွက်လေ့ရှိတဲ့နေရာတွေကို ရေခဲအသန့်နဲ့ တစ်မိနစ်ခန့် ဖြေးဖြေးချင်းပွတ်ပေးနိုင်ပါတယ်။
၂။ အစိုဓာတ်ပြည့်ဝပြီး ဝက်ခြံကင်းစေဖို့ Jojoba Oil အသုံးပြုပါ
Jojoba အဆီက အသားအရေနဲ့ ဆံသားကို အစိုဓာတ်လုံလောက်အောင်ပေးနိုင်တဲ့အပြင် သူ့မှာ အရေပြားအာဟာရဖြည့်ပေးတဲ့ ဗီတာမင်ဓာတ်များစွာပါဝင်ပါတယ်။
ဒါကြောင့် လက်အသန့်နဲ့ Jojoba Oil အနည်းငယ်ယူပြီး သင့်မျက်နှာကို ဖြေးဖြေးချင်းပွတ်ပေးပါ။ အသားထဲစိမ့်ဝင်စေဖို့ နှစ်မိနစ်မှ သုံးမိနစ်အထိ နှိပ်နယ်ပေးသင့်ပါတယ်။
၃။ Flaxseed Oil အသုံးပြုပါ
Flaxseed အဆီမှာ အသားအရေခြောက်သွေ့ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ Omega-3 Acid ဓာတ်တွေပါဝင်ပြီး အရေပြားကိုအစိုဓာတ်ပေးနိုင်ပါတယ်။
ဆဲလ်အသစ်ဖြစ်ပေါ်ခြင်းကိုလည်း ထောက်ပံ့ပေးတာကြောင့် သင့်မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံအမာရွတ်နဲ့ အရေးအကြောင်းတွေကိုပါ သက်သာစေပါလိမ့်မယ်။
ဒါကြောင့် Flaxseed အဆီအနည်းငယ်ကို လက်ညိုးပေါ်မှာအစက်ချပြီး ဝက်ခြံအမာရွတ်ရှိတဲ့နေရာတစ်ဝိုက် ဖြေးဖြေးချင်းပွတ်လိမ်းပေးပါ။
၄။ သခွားသီးနဲ့ပေါင်းတင်ပေးပါ
သခွားသီးက ဗီတာမင်စီနဲ့ Folic Acid ကြွယ်ဝတဲ့အသီးဖြစ်ပါတယ်။ သူက အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ချောမွေ့အေးမြစေတာမို့ ဝက်ခြံကြောင့်ဖြစ်တဲ့ အရေပြားရောင်ရမ်းခြင်းတွေကိုကုသရာမှာ သဘာဝ အသားအရေပေါင်းတင်ပစ္စည်းအဖြစ်သုံးလေ့ရှိကြပါတယ်။
သခွားသီးနဲ့ပေါင်းတင်နည်းကတော့ သခွားသီးအသေးတစ်လုံးကို Oatmeal အနည်းငယ်နဲ့ရောကြိတ်ပေးပြီး ဒိန်ချဉ်စားပွဲတင်ဇွန်းတစ်ဇွန်း ထည့်မွှေပေးရပါမယ်။
ပြီးနောက် မျက်နှာအနှံ့လိမ်းပေးပြီး နာရီဝက်ခန့်အကြာမှာ ရေနဲ့ပြန်လည် ဆေးချပေးနိုင်ပါတယ်။
၅။ Rosemary Oil အသုံးပြုပါ
Rosemary အဆီက အရေပြားနီမြန်းခြင်းကိုသက်သာစေပြီး အိုမင်းရင့်ရော်ခြင်းကိုလျှော့ချပေးနိုင်မယ့် Antioxidant တွေပါဝင်တဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။
ရှားစောင်းလက်ပတ်တစ်ဇွန်း၊ Rosemary အဆီနဲ့ လက်ဖက်ရွက်အဆီနှစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာပေါ်လိမ်းပေးရပါမယ်။
ပြီးနောက် ၅ မိနစ်မှ ၁၀ မိနစ်အထိထားပြီး ရေအေးအေးနဲ့ပြန်လည်ဆေးချပေးပါ။ ဒီပေါင်းတင်နည်းကိုတော့ တစ်ပတ်တစ်ခါ ပြုလုပ်ပေးနိုင်ပါတယ်။
Credit – မူရင်းရေးသူ