သူ့ကိုမုန်းရင် ကိုယ်ရှုံးတယ်

zawgyi

ရာဇၿဂိဳဟ္ျပည္မွာပါ။ ခ်မ္းသာတဲ့ မိဘႏွစ္ပါးက ေမြးဖြားလာတဲ့ သားေလးတေယာက္ ရွိတယ္။ သူ႔နာမည္က ဇမၺဳက တဲ့။ ငယ္ငယ္က ထမင္းေကြၽးရင္ ငိုတယ္ မစားဘူး။ ကိုယ့္မစင္ပဲ လွ်ာေလးနဲ႔လ်က္ လ်က္ၿပီး စားတယ္။

ကေလးအ႐ြယ္မို႔ မသိတတ္ေသးတာပဲ လို႔ ထင္ခဲ့တာေပါ့။ အက်င့္က မေပ်ာက္ဘူး။ ႀကီးလာေတာ့ မိဘေတြက ရွက္လို႔ အဝတ္မဝတ္တဲ့ အေစလက အာဇီဝကေတြထံ ပို႔လိုက္တယ္။

အခ်ိန္တန္ ဆြမ္းစား ေခၚေတာ့ သူက မလိုက္ဘူး။ ဗိုက္ မဆာသလိုလို ဘာလိုလိုနဲ႔ က်န္ခဲ့တာပါ။

သူက ဘာစားလဲ ဆိုေတာ့ မစင္တြင္းကို ဖြင့္ၿပီး အားရပါးရ စားသတဲ့။ ေနာက္ေတာ့ အာဇီဝကေတြက ေက်ာင္းကို ျပန္ေခ်ာင္းေတာ့ မိပါတယ္။ သူ႔ကို ေက်ာင္းက ထုတ္လိုက္တယ္။

အဲဒါနဲ႔ သူဟာ အိမ္သာ မ်ားတဲ့ ေနရာ ေဈးတန္းကို ေ႐ြးလိုက္ပါတယ္။ သူ႔အတြက္ အေတာ္ ဟန္က်ဆိုပဲ။

သူေနတဲ့ ပုံစံက ဒီလိုပါ လက္တဖက္က ေက်ာက္ဖ်ာကိုေထာက္ ေျခတဖက္က ေျမႇာက္ၿပီး ဒူးေထာက္ ေနပါတယ္။ ၿပီးေတာ့ ပါးစပ္ကို ဖြင့္ထားၿပီး သူမ်ားေတြ ေမးရင္ ေလကိုသာ စားတယ္လို႔ ေျဖပါတယ္။ ေျခတဖက္ ေျမႇာက္ထားရတာက ကမာၻႀကီးေလးမွာ စိုးလို႔တဲ့။

ဒီလိုနဲ႔ မစင္ေတြ စားခဲ့တာ (၅၅) ႏွစ္ ၾကာသြားခဲ့ ပါတယ္။ တေန႔ေတာ့ ဘုရားရွင္ ႂကြေတာ္မူၿပီး တရား ေဟာရပါတယ္။ ေနာက္ဆုံး ရဟႏၲာ ျဖစ္သြားပါတယ္။

(၅၅) ႏွစ္ ဘာလို႔ မစင္ေတြ စားခဲ့ရတာလဲ ဆိုေတာ့ တခုေသာ ဘဝမွာ သူက ရဟန္းတပါး ျဖစ္ခဲ့တယ္။

ေက်ာင္းကိုလာတဲ့ ရဟန္းတပါးကို ႐ြာထဲက ဒကာက ၾကည္ညိဳလို႔ ကုတင္၊ ဆြမ္း၊ ဆတၱာသည္၊ သကၤန္း ထိုေလးမ်ိဳးကို ဒကာက လႉမယ္ဆိုလို႔ ေက်ာင္းေနရဟန္းက အာဂႏၲဳ ရဟန္းကို ထိုလာဘ္လာဘေတြကို မရေစခ်င္တာနဲ႔ သူက ညေနခ်မ္း အခါ အာဂႏၲဳ ရဟန္းထံ သြားၿပီး

“သင္သည္ ငါ့ဒကာ လႉမယ့္ ဆြမ္းကို စားမဲ့အစား မစင္ စားတာကမွ ျမတ္ေသးတယ္” လို႔ ေျပာခဲ့မိတယ္။ “သင္သည္ ေခါင္းကို ဓားနဲ႔ ရိတ္မယ့္အစား ဆံပင္ကို ႏႈတ္တာကမွ ျမတ္ေသးတယ္” လို႔ ေျပာခဲ့မိတယ္။

“သင္သည္ သကၤန္း ဝတ္မဲ့အစား အဝတ္ မစည္းပဲ ေနတာကမွ ျမတ္ေသးတယ္” လို႔ ေျပာခဲ့မိတယ္။ “သင္သည္ ကုတင္နဲ႔ အိပ္ရတာထက္ ေျမႀကီးမွာ အိပ္ရတာက ျမတ္ေသးတယ္” လို႔ ေျပာခဲ့မိတယ္။

တကယ္ဆို ခဏလာတဲ့ ဧည့္သည္ပဲ သူျပန္သြားရင္ ဒီပစၥည္းေတြ ကိုယ့္ေက်ာင္းမွာ အကုန္ က်န္ခဲ့မွာ ယူသြားလို႔လည္း မရပါဘူး။ ဒီလိုေလးမ်ား စဥ္းစားမိလိုက္ရင္ေပါ့။

အခုေတာ့ သူေျပာခဲ့မိတာက ရဟႏၲာဆိုတာ သူ မသိခဲ့ဘူး။ (၅၅) ႏွစ္ တိုင္ေအာင္ အဝတ္ မဝတ္ရဘူး။ ဆံပင္ အႏႈတ္ခံရတယ္။ ေျမႀကီးမွာပဲ အိပ္ရတယ္။ မစင္ကိုပဲ (၅၅) ႏွစ္ ၾကာေအာင္ စားခဲ့ရတယ္။

သူ႔ကို ခဏေလး မုန္းတဲ့ စိတ္နဲ႔ ေျပာျဖစ္ခဲ့ ေပမဲ့ ကိုယ့္မွာေတာ့ ဘဝတိုင္း ရႈံးခဲ့ရတယ္။ ငရဲမွာ ဘယ္ေလာက္ၾကာ ခံရသလဲ ဆိုရင္ ကႆပျမတ္စြာဘုရားနဲ႔ ေဂါတမျမတ္စြာဘုရား (ဘုရားႏွစ္ဆူၾကား) အဝီစိငရဲမွာ ခံခဲ့ရပါတယ္။ အဲေလာက္အထိ ၾကာတယ္ေနာ္။ ေၾကာက္စရာ ေကာင္းလိုက္တာ ရွင္။

ေၾသာ္ သူ႔ကို မုန္းရင္ ကိုယ္ရႈံးသည္။ ဝန္တိုမိတာ ခဏေလး ရယ္ပါ။ ဝန္တိုျခင္း မစၦရိယ ဆိုတာ တယ္ေၾကာက္စရာ ေကာင္းပါလား။ ေရွာင္ႏိုင္ၾကပါေစ။ အသိ သတိ ရွိၾကပါေစ။

ဘဝဆိုတာ ခဏေလးပါ။ ပုံျပင္ မဟုတ္ပါဘူး၊ ယုံတမ္း စကားေတြလည္း မဟုတ္ပါဘူး ဆိုတာ သိေစခ်င္ ပါသည္။

crd-original writer

unicode

ရာဇဂြိုဟ်ပြည်မှာပါ။ ချမ်းသာတဲ့ မိဘနှစ်ပါးက မွေးဖွားလာတဲ့ သားလေးတယောက် ရှိတယ်။ သူ့နာမည်က ဇမ္ဗုက တဲ့။ ငယ်ငယ်က ထမင်းကျွေးရင် ငိုတယ် မစားဘူး။ ကိုယ့်မစင်ပဲ လျှာလေးနဲ့လျက် လျက်ပြီး စားတယ်။

ကလေးအရွယ်မို့ မသိတတ်သေးတာပဲ လို့ ထင်ခဲ့တာပေါ့။ အကျင့်က မပျောက်ဘူး။ ကြီးလာတော့ မိဘတွေက ရှက်လို့ အဝတ်မဝတ်တဲ့ အစေလက အာဇီဝကတွေထံ ပို့လိုက်တယ်။

အချိန်တန် ဆွမ်းစား ခေါ်တော့ သူက မလိုက်ဘူး။ ဗိုက် မဆာသလိုလို ဘာလိုလိုနဲ့ ကျန်ခဲ့တာပါ။

သူက ဘာစားလဲ ဆိုတော့ မစင်တွင်းကို ဖွင့်ပြီး အားရပါးရ စားသတဲ့။ နောက်တော့ အာဇီဝကတွေက ကျောင်းကို ပြန်ချောင်းတော့ မိပါတယ်။ သူ့ကို ကျောင်းက ထုတ်လိုက်တယ်။

အဲဒါနဲ့ သူဟာ အိမ်သာ များတဲ့ နေရာ ဈေးတန်းကို ရွေးလိုက်ပါတယ်။ သူ့အတွက် အတော် ဟန်ကျဆိုပဲ။

သူနေတဲ့ ပုံစံက ဒီလိုပါ လက်တဖက်က ကျောက်ဖျာကိုထောက် ခြေတဖက်က မြှောက်ပြီး ဒူးထောက် နေပါတယ်။ ပြီးတော့ ပါးစပ်ကို ဖွင့်ထားပြီး သူများတွေ မေးရင် လေကိုသာ စားတယ်လို့ ဖြေပါတယ်။ ခြေတဖက် မြှောက်ထားရတာက ကမ္ဘာကြီးလေးမှာ စိုးလို့တဲ့။

ဒီလိုနဲ့ မစင်တွေ စားခဲ့တာ (၅၅) နှစ် ကြာသွားခဲ့ ပါတယ်။ တနေ့တော့ ဘုရားရှင် ကြွတော်မူပြီး တရား ဟောရပါတယ်။ နောက်ဆုံး ရဟန္တာ ဖြစ်သွားပါတယ်။

(၅၅) နှစ် ဘာလို့ မစင်တွေ စားခဲ့ရတာလဲ ဆိုတော့ တခုသော ဘဝမှာ သူက ရဟန်းတပါး ဖြစ်ခဲ့တယ်။

ကျောင်းကိုလာတဲ့ ရဟန်းတပါးကို ရွာထဲက ဒကာက ကြည်ညိုလို့ ကုတင်၊ ဆွမ်း၊ ဆတ္တာသည်၊ သင်္ကန်း ထိုလေးမျိုးကို ဒကာက လှူမယ်ဆိုလို့ ကျောင်းနေရဟန်းက အာဂန္တု ရဟန်းကို ထိုလာဘ်လာဘတွေကို မရစေချင်တာနဲ့ သူက ညနေချမ်း အခါ အာဂန္တု ရဟန်းထံ သွားပြီး

“သင်သည် ငါ့ဒကာ လှူမယ့် ဆွမ်းကို စားမဲ့အစား မစင် စားတာကမှ မြတ်သေးတယ်” လို့ ပြောခဲ့မိတယ်။ “သင်သည် ခေါင်းကို ဓားနဲ့ ရိတ်မယ့်အစား ဆံပင်ကို နှုတ်တာကမှ မြတ်သေးတယ်” လို့ ပြောခဲ့မိတယ်။

“သင်သည် သင်္ကန်း ဝတ်မဲ့အစား အဝတ် မစည်းပဲ နေတာကမှ မြတ်သေးတယ်” လို့ ပြောခဲ့မိတယ်။ “သင်သည် ကုတင်နဲ့ အိပ်ရတာထက် မြေကြီးမှာ အိပ်ရတာက မြတ်သေးတယ်” လို့ ပြောခဲ့မိတယ်။

တကယ်ဆို ခဏလာတဲ့ ဧည့်သည်ပဲ သူပြန်သွားရင် ဒီပစ္စည်းတွေ ကိုယ့်ကျောင်းမှာ အကုန် ကျန်ခဲ့မှာ ယူသွားလို့လည်း မရပါဘူး။ ဒီလိုလေးများ စဉ်းစားမိလိုက်ရင်ပေါ့။

အခုတော့ သူပြောခဲ့မိတာက ရဟန္တာဆိုတာ သူ မသိခဲ့ဘူး။ (၅၅) နှစ် တိုင်အောင် အဝတ် မဝတ်ရဘူး။ ဆံပင် အနှုတ်ခံရတယ်။ မြေကြီးမှာပဲ အိပ်ရတယ်။ မစင်ကိုပဲ (၅၅) နှစ် ကြာအောင် စားခဲ့ရတယ်။

သူ့ကို ခဏလေး မုန်းတဲ့ စိတ်နဲ့ ပြောဖြစ်ခဲ့ ပေမဲ့ ကိုယ့်မှာတော့ ဘဝတိုင်း ရှုံးခဲ့ရတယ်။ ငရဲမှာ ဘယ်လောက်ကြာ ခံရသလဲ ဆိုရင် ကဿပမြတ်စွာဘုရားနဲ့ ဂေါတမမြတ်စွာဘုရား (ဘုရားနှစ်ဆူကြား) အဝီစိငရဲမှာ ခံခဲ့ရပါတယ်။ အဲလောက်အထိ ကြာတယ်နော်။ ကြောက်စရာ ကောင်းလိုက်တာ ရှင်။

သြော် သူ့ကို မုန်းရင် ကိုယ်ရှုံးသည်။ ဝန်တိုမိတာ ခဏလေး ရယ်ပါ။ ဝန်တိုခြင်း မစ္ဆရိယ ဆိုတာ တယ်ကြောက်စရာ ကောင်းပါလား။ ရှောင်နိုင်ကြပါစေ။ အသိ သတိ ရှိကြပါစေ။

ဘဝဆိုတာ ခဏလေးပါ။ ပုံပြင် မဟုတ်ပါဘူး၊ ယုံတမ်း စကားတွေလည်း မဟုတ်ပါဘူး ဆိုတာ သိစေချင် ပါသည်။

crd-original writer