မေလးရွားမွာေနတဲ့ ျမန္မာႏိုင္ငံမွ သမီးရည္စားႏွစ္ဦးရဲ႕ ရန္ျဖစ္ၾကရာမွ…….SeeMore

မေလးရွားမွာေနတဲ့ ျမန္မာႏိုင္ငံမွ သမီးရည္စားႏွစ္ဦးရဲ႕ ရန္ျဖစ္ၾကရာမွ…….SeeMore

မေလးရွားႏိုင္ငံ ဆာလာရန္းၿမိဳ႕နယ္ေနတဲ့ ျမန္မာႏိုင္ငံသား သမီးရည္းစား ၂ ဦး စကားမ်ား ရန္ျဖစ္ရာမွာ အသက္ ၂၉ ႏွစ္ အ႐ြယ္ရွိ အမ်ိဳးသမီးျဖစ္သူ ေသဆုံးသြားလို႔ ႏွလုံးလွပရဟိတလူငယ္မ်ားေသြးလႉရွင္အဖြဲ႕ ( ကြာလာလမ္ပူ-မေလးရွား )မွ သိရပါတယ္။

ေသဆုံးသြားသူမွာ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ ရွခြေလး႐ြာမွ မေမာ္ေမာ္ျမင့္ဆိုသူ ျဖစ္ၿပီး ယင္းႏွင့္ သူ၏ ရည္းစား ဆိုသူ တို႔သည္ စကားမ်ား ရန္ျဖစ္ရာမွ ေျခလြန္လက္လြန္ျဖစ္ၿပီး မေမာ္ေမာ္ျမင့္ မွာ ေသဆုံး သြားခဲ့တာလို႔ဆိုပါတယ္။

မေမာ္ေမာ္ျမင့္မွာ ဒီဇင္ဘာ ၁၂ ရက္ေန႔က အခင္းျဖစ္ပြားတဲ့ ေနအိမ္မွာပဲ ေသဆုံးသြားခဲ့တာျဖစ္ၿပီး အမႈနဲ႔ပတ္သက္ၿပီး စစ္ေဆးတာ ၾကန႔္ၾကာေနျခင္းေၾကာင့္

ဇန္နဝါရီ ၄ ရက္ေန႔ကမွ ႏွလုံးလွပရဟိတလူငယ္မ်ားေသြးလႉရွင္အဖြဲ႕ ( ကြာလာလမ္ပူ-မေလးရွား )အကူအညီနဲ႔ မေလးရွားႏိုင္ငံ ကြာလာလမ္ပူ-ခ်ဲရတ္သုႆန္သို႔ ပို႔ေဆာင္ သၿဂႋဳလ္ႏိုင္ခဲ့တာျဖစ္တယ္လို႔ လည္း နီးစပ္တဲ့ အသိုင္းအဝိုင္းက ေျပာၾကားထားပါတယ္။

လက္ရွိတြင္ အဆိုပါ ျဖစ္စဥ္မွ ျပစ္မႈက်ဴးလြန္သူအမ်ိဳးသားကို ဆာလာရန္းၿမိဳ႕ ရဲတပ္ဖြဲ႕ဝင္မ်ားက ရွာေဖြဖမ္းဆီးကာ လူသတ္မႈျဖင့္တရားစြဲဆိုထားတယ္လို႔လည္း သိရပါတယ္။

Unicode

မလေးရှားမှာနေတဲ့ မြန်မာနိုင်ငံမှ သမီးရည်စားနှစ်ဦးရဲ့ ရန်ဖြစ်ကြရာမှ…….SeeMore

မလေးရှားနိုင်ငံ ဆာလာရန်းမြို့နယ်နေတဲ့ မြန်မာနိုင်ငံသား သမီးရည်းစား ၂ ဦး စကားများ ရန်ဖြစ်ရာမှာ အသက် ၂၉ နှစ် အရွယ်ရှိ အမျိုးသမီးဖြစ်သူ သေဆုံးသွားလို့ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား )မှ သိရပါတယ်။

သေဆုံးသွားသူမှာ မကွေးတိုင်း ပေါက်မြို့နယ် ရှခွလေးရွာမှ မမော်မော်မြင့်ဆိုသူ ဖြစ်ပြီး ယင်းနှင့် သူ၏ ရည်းစား ဆိုသူ တို့သည် စကားများ ရန်ဖြစ်ရာမှ ခြေလွန်လက်လွန်ဖြစ်ပြီး မမော်မော်မြင့် မှာ သေဆုံး သွားခဲ့တာလို့ဆိုပါတယ်။

မမော်မော်မြင့်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က အခင်းဖြစ်ပွားတဲ့ နေအိမ်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပြီး အမှုနဲ့ပတ်သက်ပြီး စစ်ဆေးတာ ကြန့်ကြာနေခြင်းကြောင့်

ဇန်နဝါရီ ၄ ရက်နေ့ကမှ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား )အကူအညီနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ-ချဲရတ်သုဿန်သို့ ပို့ဆောင် သင်္ဂြိုလ်နိုင်ခဲ့တာဖြစ်တယ်လို့ လည်း နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောကြားထားပါတယ်။

လက်ရှိတွင် အဆိုပါ ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူအမျိုးသားကို ဆာလာရန်းမြို့ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေဖမ်းဆီးကာ လူသတ်မှုဖြင့်တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*