
က်ေနာ္ၾကက္သီးေမႊးေတြ တျဖန္းျဖန္းထ ေၾကာက္စိတ္ေတြ ဝင္ေနမိတယ္.
ဒီစာကို ေရးေနရင္းေတာင္ က်ေနာ္ၾကက္သီးေမႊးေတြ တျဖန္းျဖန္းထ ေၾကာက္စိတ္ေတြ ဝင္ေနမိတယ္.
မိန္းမရဲေတာင္ရဲ႕ အလွအပကို စိတ္ဝင္စားလို႔ သြားၾက ဘုရားဖူးၾက Facebookမွာ ပုံေတြ ခဏခဏေတြ႕ ေနရေပမယ့္အဲဒီေတာင္ရဲ႕သမိုင္းကို ေသခ်ာေရရာေအာင္ သိတဲ့သူက ခပ္ရွားရွားက်ေနာ္စပ္စု စုံစမ္း ေမးျမန္းထားသေလာက္က ဒီလိုဗ်ိဳ႕
႐ြာငံမိန္းမရဲ သခင္မ ေတာင္ ေတာ္သမိုင္း နာမည္ကနန္းဧကရီေမႊးဘုရင့္ သမီးေတာ္ တစ္ပါးေပါ့ အခ်စ္ဆိုတာက ဆန္းက်ယ္တယ္ေလ သူခ်စ္မိတာက ေက်းေတာသားကုမၼာရ တဲ့ သူတို႔ ႏွစ္ဦး ခ်စ္ၾကည္ႏူးေနတာကို ဘုရင့္ ေ႐ြနားေတာ္ ေပါက္ၾကား အမ်က္ပြားေစခဲ့တာမဟုတ္လား
အမဲ႐ိုးက ဟင္းအိုးကိုမွ အားမနာ ေက်းေတာသား ကုမၼာရ လူငႏြားကို သတ္ေစတဲ့ တစ္ခ်က္လႊတ္ အမိန႔္ ဒီသတင္း နန္းဧကရီေမႊးၾကားေတာ့ ရင္ဝကို ဆယ္ေပါင္တူနဲ႔ အထုခံရသလို ထင္ပါရဲ႕ ခ်စ္သူေမာင္ကို စိတ္ပူ နန္းေတာ္က ခိုးထြက္ အခ်စ္အတြက္ ေျခလွမ္းသြက္ခဲ့တယ္ ဆိုပါေတာ့
ကုမၼာရေက်းေတာသားကို လက္ဆြဲ ဘုရင္ႀကီးနဲ႔ ေဝးရာ ထြက္ေျပးရွာတယ္ေလ အခု မိန္းမရဲေတာင္ရဲ အေရွ႕ ဘက္ ႐ြာအခြန္ေတြကို ေကာက္တဲ့ ကင္းေတာင္ဆိုတဲ့ ေနရာအျဖတ္ဒီေနရာက ျဖတ္သန္းဖို႔ အဖိုးခ ေငြေတြ ေတာင္းေတာ့
ေပးစရာေငြက နတၳိ ကုမၼာရေက်းေတာ့သားေလး ေသြးပ်က္ၿပီထင္ပါရဲ႕ အခ်စ္ဆိုတာကို ယုံၿပီး နန္းေတာ္က ထြက္ေျပး ဘုရင့္တပ္မေတာ္နဲ႔ ေဝးရာကို ေျပးခဲ့တဲ့ ဘုရင့္သမီးေတာ္ မ်က္ႏွာကိုမွ မေထာက္ ကင္းခြန္ေတာ္ မေဆာင္ႏိုင္လို႔ ရာဇဝတ္ေဘးေၾကာက္ၿပီး
မင္းသမီးကို ခ်န္ထား သူ႔႐ြာေလးကို ျပန္သြားခဲ့တယ္ေလ ဘုရင့္သမီးေတာ္ နန္းဧကရိေမႊးအတြက္ အားကိုးစရာ မရွိ ဘုရင့္အမ်က္ေတာ္ ထိမွာကိုသိၿပီး ျမင့္မားတဲ့ ေတာင္ကို ကုတ္တက္ ေတာင္ရဲ႕ အေနာက္ဘက္ ေပ၆၀ခန႔္နက္တဲ့ ေရဝဲႀကီးထဲ စိတ္ကို ဒုန္းဒုန္းခ် အခ်စ္ကို စိတ္နာ ခုန္ခ်ေလရွာရဲ႕
အခ်စ္ကို ဦးစားေပး ငါက ေမာင္ေတာ္ကို ေ႐ြးခဲ့တာေတာင္ ငါ့အခ်စ္ကို မေထာက္ ကင္းခြန္ေၾကာက္လို႔ သစၥာေဖာက္ရက္တယ္တဲ့ အစိမ္းေသလို႔ မကြၽတ္တဲ့ဘဝ အခ်စ္ကို စိတ္နာ သူေပးတဲ့ က်ိန္စာက ဒီေနရာကိုအတြဲလာ ကြဲေစတဲ့ဗ်ာ
အဲဒီေတာင္ကို အရင္ကမိန္းမဝဲ ေတာင္လို႔ ေခၚေဝၚရာကေန ကာလေ႐ြ႕လ်ား မိန္းမရဲေတာင္အျဖစ္ထင္ရွားခဲ့တာေလထူးဆန္းတာက ရွိေသးတယ္ ေယာက္ေကာ္ ဘရေသ့ႀကီးေပါ့
သူ႔အိပ္မက္ေပးတဲ့ နန္းဧကရီေမႊးဆိုတဲ့ ရွမ္းမင္းသမီးေလက မိန္းမရဲေတာင္ဆိုတာကို ျမန္ျပည္တစ္လႊားမွာရွာသာသနာျပဳေပးပါတဲ့ ေယာက္ေကာ္ ဘရေသ့ႀကီးလည္း အိပ္မက္အရ ေတာင္ေတာ္ကိုလိုက္ရွာရင္း ေတာင္ေတာ္ရဲ႕ အေရွ႕ဘက္ ႐ြာငံ ေအာင္ပန္းကားလမ္းမႀကီးမွာ ကားက သူ႔အလိုလို စက္ရပ္လို႔ ကားပ်က္သြားခဲ့တယ္ဆိုပဲ
ကားဆရာက ႀကိဳးစားျပဳျပင္ေပမဲ့ မရ ညေနညိဳေစာင္း ကားလမ္းေဘးခ်ဳံေတာထဲမွ အစိမ္းေရာင္ဝတ္ ရွမ္းမေလးတစ္ေယာက္ ထြက္လာတယ္ ဘရေသ့ ရွာေနတဲ့ မိန္းမရဲေတာင္ဆိုတာ
ေဟာအခုျမင္ေနရတဲ့ ျမင့္မားတဲ့ေတာင္ေပါ့ ဒဲ့ စကားေျပာၿပီး ခ်ဳံေတာထဲျပန္ဝင္ ေပ်ာက္ကြယ္သြားေလရဲ႕ဆန္းက်ယ္လွပါဘိဒီစာကို ေရးေနရင္းေတာင္ က်ေနာ္ၾကက္သီးေမႊးေတြ တျဖန္းျဖန္းထ ေၾကာက္စိတ္ေတြ ဝင္ေနမိတယ္ဆိုတာသမိုင္းအက်ဥ္း ေျပာျပေပးေသာ မိန္းမရဲေတာင္ေတာ္ ေဂါပက အဖြဲ႕မွ ဘႀကီးမႈံအားေက်းဇူးတင္ရွိပါတယ္
Credit Sai Naung
unicode..
ဒီစာကို ရေးနေရင်းတောင် ကျနော်ကြက်သီးမွှေးတွေ တဖြန်းဖြန်းထ ကြောက်စိတ်တွေ ဝင်နေမိတယ်.
မိန်းမရဲတောင်ရဲ့ အလှအပကို စိတ်ဝင်စားလို့ သွားကြ ဘုရားဖူးကြ Facebookမှာ ပုံတွေ ခဏခဏတွေ့ နေရပေမယ့်အဲဒီတောင်ရဲ့သမိုင်းကို သေချာရေရာအောင် သိတဲ့သူက ခပ်ရှားရှားကျနော်စပ်စု စုံစမ်း မေးမြန်းထားသလောက်က ဒီလိုဗျို့
ရွာငံမိန်းမရဲ သခင်မ တောင် တော်သမိုင်း နာမည်ကနန်းဧကရီမွှေးဘုရင့် သမီးတော် တစ်ပါးပေါ့ အချစ်ဆိုတာက ဆန်းကျယ်တယ်လေ သူချစ်မိတာက ကျေးတောသားကုမ္မာရ တဲ့ သူတို့ နှစ်ဦး ချစ်ကြည်နူးနေတာကို ဘုရင့် ရွေနားတော် ပေါက်ကြား အမျက်ပွားစေခဲ့တာမဟုတ်လား
အမဲရိုးက ဟင်းအိုးကိုမှ အားမနာ ကျေးတောသား ကုမ္မာရ လူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့် ဒီသတင်း နန်းဧကရီမွှေးကြားတော့ ရင်ဝကို ဆယ်ပေါင်တူနဲ့ အထုခံရသလို ထင်ပါရဲ့ ချစ်သူမောင်ကို စိတ်ပူ နန်းတော်က ခိုးထွက် အချစ်အတွက် ခြေလှမ်းသွက်ခဲ့တယ် ဆိုပါတော့
ကုမ္မာရကျေးတောသားကို လက်ဆွဲ ဘုရင်ကြီးနဲ့ ဝေးရာ ထွက်ပြေးရှာတယ်လေ အခု မိန်းမရဲတောင်ရဲ အရှေ့ ဘက် ရွာအခွန်တွေကို ကောက်တဲ့ ကင်းတောင်ဆိုတဲ့ နေရာအဖြတ်ဒီနေရာက ဖြတ်သန်းဖို့ အဖိုးခ ငွေတွေ တောင်းတော့
ပေးစရာငွေက နတ္ထိ ကုမ္မာရကျေးတော့သားလေး သွေးပျက်ပြီထင်ပါရဲ့ အချစ်ဆိုတာကို ယုံပြီး နန်းတော်က ထွက်ပြေး ဘုရင့်တပ်မတော်နဲ့ ဝေးရာကို ပြေးခဲ့တဲ့ ဘုရင့်သမီးတော် မျက်နှာကိုမှ မထောက် ကင်းခွန်တော် မဆောင်နိုင်လို့ ရာဇဝတ်ဘေးကြောက်ပြီး
မင်းသမီးကို ချန်ထား သူ့ရွာလေးကို ပြန်သွားခဲ့တယ်လေ ဘုရင့်သမီးတော် နန်းဧကရိမွှေးအတွက် အားကိုးစရာ မရှိ ဘုရင့်အမျက်တော် ထိမှာကိုသိပြီး မြင့်မားတဲ့ တောင်ကို ကုတ်တက် တောင်ရဲ့ အနောက်ဘက် ပေ၆၀ခန့်နက်တဲ့ ရေဝဲကြီးထဲ စိတ်ကို ဒုန်းဒုန်းချ အချစ်ကို စိတ်နာ ခုန်ချလေရှာရဲ့
အချစ်ကို ဦးစားပေး ငါက မောင်တော်ကို ရွေးခဲ့တာတောင် ငါ့အချစ်ကို မထောက် ကင်းခွန်ကြောက်လို့ သစ္စာဖောက်ရက်တယ်တဲ့ အစိမ်းသေလို့ မကျွတ်တဲ့ဘဝ အချစ်ကို စိတ်နာ သူပေးတဲ့ ကျိန်စာက ဒီနေရာကိုအတွဲလာ ကွဲစေတဲ့ဗျာ
အဲဒီတောင်ကို အရင်ကမိန်းမဝဲ တောင်လို့ ခေါ်ဝေါ်ရာကနေ ကာလရွေ့လျား မိန်းမရဲတောင်အဖြစ်ထင်ရှားခဲ့တာလေထူးဆန်းတာက ရှိသေးတယ် ယောက်ကော် ဘရသေ့ကြီးပေါ့
သူ့အိပ်မက်ပေးတဲ့ နန်းဧကရီမွှေးဆိုတဲ့ ရှမ်းမင်းသမီးလေက မိန်းမရဲတောင်ဆိုတာကို မြန်ပြည်တစ်လွှားမှာရှာသာသနာပြုပေးပါတဲ့ ယောက်ကော် ဘရသေ့ကြီးလည်း အိပ်မက်အရ တောင်တော်ကိုလိုက်ရှာရင်း တောင်တော်ရဲ့ အရှေ့ဘက် ရွာငံ အောင်ပန်းကားလမ်းမကြီးမှာ ကားက သူ့အလိုလို စက်ရပ်လို့ ကားပျက်သွားခဲ့တယ်ဆိုပဲ
ကားဆရာက ကြိုးစားပြုပြင်ပေမဲ့ မရ ညနေညိုစောင်း ကားလမ်းဘေးချုံတောထဲမှ အစိမ်းရောင်ဝတ် ရှမ်းမလေးတစ်ယောက် ထွက်လာတယ် ဘရသေ့ ရှာနေတဲ့ မိန်းမရဲတောင်ဆိုတာ
ဟောအခုမြင်နေရတဲ့ မြင့်မားတဲ့တောင်ပေါ့ ဒဲ့ စကားပြောပြီး ချုံတောထဲပြန်ဝင် ပျောက်ကွယ်သွားလေရဲ့ဆန်းကျယ်လှပါဘိဒီစာကို ရေးနေရင်းတောင် ကျနော်ကြက်သီးမွှေးတွေ တဖြန်းဖြန်းထ ကြောက်စိတ်တွေ ဝင်နေမိတယ်ဆိုတာသမိုင်းအကျဉ်း ပြောပြပေးသော မိန်းမရဲတောင်တော် ဂေါပက အဖွဲ့မှ ဘကြီးမှုံအားကျေးဇူးတင်ရှိပါတယ်
Credit Sai Naung
Leave a Reply