
ကလေးငယ်ကို ပွေ့ချီထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ကျောချမ်းဖွယ်ဓာတ်ပုံဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေလျက်ရှိ
ကလေးငယ်ကို ပွေ့ချီထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ ကျောချမ်းထိတ်လန့်ဖွယ်ဓာတ်ပုံတစ်ပုံဟာ လူမှုကွန်ရက်မှာ လတ်တလော ပျံ့နှံ့နေလျက်ရှိပါတယ်။ အဆိုပါ Arlaine S Villosabri အမည်ရှိအမျိုးသမီးရဲ့အဆိုအရ ထိုနေ့မှာ သူမဟာ သူမရဲ့မွေးကင်းစတူမလေးနဲ့
အတူ ဓာတ်ပုံရိုက်ခဲ့ပေမဲ့ ၎င်းဓာတ်ပုံတွေကိုမြင်လိုက်ရတဲ့အခါ သူမတို့အားလုံးဟာ အံ့ဩတုန်လှုပ်သွားခဲ့ကြပါတယ်။ ထိုနေ့မှာ Arlaine ဟာ သူမရဲ့ဖေ့စ်ဘုတ်အကောင့်မှာ သာမာန်နဲ့ ဘာမှမထူးခြားတဲ့ ၎င်းဓါတ်ပုံတွေကို တင်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့နောက်ကွယ်က အရိပ်မည်းကြီးကို တွေ့လိုက်တဲ့အခါ
သင့်အနေနဲ့ တုန်လှုပ်ပြီး ရှော့ရသွားနိုင်ပါတယ်။ Arlaine ဟာ ထိုနေ့မှာ သူမ၏အစ်ကိုဖြစ်သူ Lean ၏နေအိမ်သို့ ပထမဆုံးအကြိမ်သွားရောက်လည်ပတ်ခြင်းဖြစ်ပြီး သူမဟာ ဤကဲ့သို့သော ကျောချမ်းစရာအဖြစ်မျိုးကြုံရလိမ့်မယ်လို့ မထင်ခဲ့ကြောင်းဆိုခဲ့ပါတယ်။
ကလေးလေးက မွေးကင်းစဖြစ်တာကြောင့် Arlaine ဟာ သူမကလေးကိုပွေ့ချီထားရင်း အစ်ကိုဖြစ်သူကို ဓာတ်ပုံရိုက်ခိုင်းခဲ့ကြောင်း ဆိုပါတယ်။ ထို့ပြင် ထိုနေ့က သူမဟာ သူမရဲ့မိုဘိုင်းလ်ဖုန်းထဲက ရိုးရိုးကင်မရာကို ကိုယ်တိုင်ဖွင့်ထားပြီး မည်သည့် အက်ပလီကေရှင်း သို့မဟုတ် မည်သည့် filter မျိုးကိုမျှ မသုံးခဲ့ကြောင်း Arlaine က ပြောပြခဲ့ပါတယ်။
သူ့ကလေးရဲ့အဒေါ်ဖြစ်သူနဲ့ ဓာတ်ပုံရိုက်ပေးခဲ့တုန်းက Lean ဟာ သာမာန်ထက်ထူခြားနေတာမျိုးကိုလည်း သတိမထားမိပါဘူး။ ဒါပေမယ့် Arlaine က ပုံတွေကို ပြန်ကြည့်လိုက်တော့ သူမရဲ့နောက်ကွယ်မှာ ထူးဆန်းတဲ့ အရိပ်ကြီးတစ်ခုကို သတိထားမိသွားခဲ့ပါတယ်။
၎င်းအရိပ်၏ ကိုယ်ဟန်အနေအထားဟာ ကလေးအား ပွေ့ချီနေတဲ့သူမရဲ့အရိပ်နဲ့ ဆင်တူနေရမည့်အစား ၎င်းအရိပ်ဟာ ကင်မရာဘက်ကို တစ်ချက်လှမ်းကြည့်ပြီး ၎င်းရဲ့ဦးခေါင်းအား အောက်ငုံချလိုက်ပုံပေါ်နေခဲ့ပါတယ်။
Arlaine ၏ ကိုယ်ဟန်အနေအထားဟာ သူမ၏အရိပ်နှင့် အလွန်ကွာခြားနေခဲ့တာကြောင့် ၎င်းအဖြစ်ဟာ အလွန်ပင် ကြောက်စရာကောင်းနေခဲ့ပါတယ်။ ထို့နောက် Arlaine က ချက်ချင်း ထွက်သွားကာ အိမ်ပြန်သွားခဲ့ပြီး ၎င်းအိမ်ရှိလူတွေကလည်း သူမအား အရင်ဆုံး အိမ်သို့မလာလည်သေးဖို့ အကြံပေးခဲ့ကြပါတယ်
၎င်းကျောချမ်းစရာအဖြစ်အပျက်နှင့်ပတ်သက်ပြီး Netizens တွေက လူ့လောကကြီးမှာ ရှင်းပြလို့မရနိုင်တဲ့ ၊ မမြင်နိုင်တဲ့အရာတွေ အများကြီးရှိတာကြောင့် သူမကို ဘုရားသခင်ထံဆုတောင်းဖို့ အကြံပေးခဲ့ကြပြီး ဘုရားသခင်ကိုသာယုံကြည်ပြီး ဘုရားသခင်က အရာအားလုံးကိုစောင့်ရှောက်ပေးလိမ့်မယ် လို့လည်း ပြောကြားခဲ့ကြပါတယ်။
Arlaine ရဲ့ အဆိုပါပို့စ်ဟာ ယခုအချိန်အထိ တုံ့ပြန်မှု 11k နှင့် မျှဝေမှု 15k ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။
Mia (Mckzone daily)
Reference : everytruenews24
Leave a Reply