
ပျာယီးပျာယာဖြစ်တဲ့သူတွေကို ဘာလို့ဆပ်ပြာသည်လင်ပျောက်လို့ ပြောကြတာလဲ
“ဆပ်ပြာသည်လင်ပျောက်”မှာပါတဲ့ ဆပ်ပြာဆိုတာ ခုခေတ်သုံးနေတဲ့ ဆပ်ပြာတွေကိုပြောတာမဟုတ်ပါဘူး။အရင်က အညာဒေသတွေမှာ သုံးလေ့/ရောင်းလေ့ရှိတဲ့သဲဆပ်ပြာကိုပြောတာပါနော်။
အညာမှာဆို ဆောင်းရာသီကုန်ခါနီးရင် 🏞ချောင်းထဲမှာ သဲဆပ်ပြာဖြူဖြူလေးတွေ ပေါ်လာတတ်တယ်တဲ့။ ဆပ်ပြာဆိုပေမဲ့ အဝတ်လျှော်တဲ့နေရာမှာပဲ သုံးတာမဟုတ်ပါဘူး။အိမ်ဆောက်တဲ့အခါ အကာအဖြစ်သုံးတဲ့ ဝါးထရံအသစ်တွေ ပိုးမစားအောင် အဲဒီသဲဆပ်ပြာကို အရည်ဖျော်ပြီး ဝါးထရံတွေပေါ်ဖြန်းကြပါသေးတယ်။
ဒီလို ဘက်စုံသုံးလို့ရတဲ့ သဲဆပ်ပြာကို ရာသီမရွေးသုံးလို့ရအောင် သဲဆပ်ပြာပေါ်တဲ့အချိန်မှာ စဉ့်အိုးတွေ၊ ပုံးတွေနဲ့ စုပြီး လှောင်ထားကြတယ်တဲ့။တချို့ကလဲ သဲဆပ်ပြာတွေလှောင်ထားပြီး ရွာစဉ်လှည့်ပြီး ရောင်းကြသေးတယ်။ ဒီလို သဲဆပ်ပြာလိုက်ရောင်းတဲ့သူတွေကို ဆပ်ပြာသည်လို့ခေါ်တာပေါ့။
ကဲ သဲဆပ်ပြာအကြောင်းလေး မိတ်ဆက်ပြီးပြီဆိုတော့ တကယ့်လိုရင်းအပိုင်းလေး လာပါပြီ။😊
📍ပျာယာခတ်နေတဲ့သူကို ဘာလို့ဆပ်ပြာသည်လင်ပျောက်လို့ ပြောကြတာလဲ။💬ပါမောက္ခ ဦးစိုးတင့်ရဲ့ယူဆချက်တစ်ခုလဲ ရှိပါသေးတယ်။ ဘာလဲဆိုတော့👇
ဆပ်ပြာသည်က သဲဆပ်ပြာကျုံးတော့ ဖင်ချထိုင်ပြီးကျုံးရတယ်။ ဒီတော့ သဲတွေ ပေါင်ကြားထဲဝင်ပြီး ယားလာတယ်။ အဲဒီအခါ အမျိုးသမီးရဲ့လိင်စိတ်နိုးထလာတယ်တဲ့။
ဒါပေမဲ့ လင်တော်မောင်အဝေးရောက်နေတော့ လင်ပျောက်နေသလိုခံစားရပြီး ချောင်းစပ်မှာတောင်ပြေးမြောက်ပြေးဖြစ်နေတာကို ရည်ညွှန်းပြီး သုံးတာပါတဲ့။🧐
နောက်တစ်ခုက
🧼ဆပ်ပြာသည်က ဆပ်ပြာရောင်းဖို့ ဟိုသွားဒီသွားနဲ့ 🏃♀️အငြိမ်မနေနိုင်ရတဲ့အထဲ အဲဒီဆပ်ပြာသည်ရဲ့လင်ယောင်္ကျားသာ ပျောက်သွားလို့ လိုက်ရှာရရင် ဘယ်လောက်တောင် ဂနာမငြိမ်ဖြစ်နေမလဲဆိုပြီး ပျာယာခတ်နေတဲ့သူတွေကို ဆပ်ပြာသည်လင်ပျောက် ဆိုပြီး သုံးကြတယ်လို့ မယ်ရေးမှတ်သားရပါတယ်။
တကယ်တော့ မယ်ရေးလဲ အငြိမ်မနေတဲ့သူတွေကို ဆပ်ပြာသည်လင်ပျောက်လို့ သုံးနေပေမဲ့ အဓိပ္ပာယ်ကိုတော့ သေချာမသိခဲ့ပါဘူး။ တလွဲတွေ ထင်ခဲ့တာပေါ့နော်။😂
စာပေမိတ်ဆွေတို့ရော အရင်က ဘယ်လိုထင်ခဲ့ကြလဲ။💬တခြားယူဆချက်လေးတွေရှိရင်လဲ ဝေမျှပေးခဲ့ပါဦး။
“ဆပ္ျပာသည္လင္ေပ်ာက္”မွာပါတဲ့ ဆပ္ျပာဆိုတာ ခုေခတ္သုံးေနတဲ့ ဆပ္ျပာေတြကိုေျပာတာမဟုတ္ပါဘူး။အရင္က အညာေဒသေတြမွာ သုံးေလ့/ေရာင္းေလ့ရွိတဲ့သဲဆပ္ျပာကိုေျပာတာပါေနာ္။
အညာမွာဆို ေဆာင္းရာသီကုန္ခါနီးရင္ 🏞ေခ်ာင္းထဲမွာ သဲဆပ္ျပာျဖဴျဖဴေလးေတြ ေပၚလာတတ္တယ္တဲ့။ ဆပ္ျပာဆိုေပမဲ့ အဝတ္ေလွ်ာ္တဲ့ေနရာမွာပဲ သုံးတာမဟုတ္ပါဘူး။အိမ္ေဆာက္တဲ့အခါ အကာအျဖစ္သုံးတဲ့ ဝါးထရံအသစ္ေတြ ပိုးမစားေအာင္ အဲဒီသဲဆပ္ျပာကို အရည္ေဖ်ာ္ၿပီး ဝါးထရံေတြေပၚျဖန္းၾကပါေသးတယ္။
ဒီလို ဘက္စုံသုံးလို႔ရတဲ့ သဲဆပ္ျပာကို ရာသီမေ႐ြးသုံးလို႔ရေအာင္ သဲဆပ္ျပာေပၚတဲ့အခ်ိန္မွာ စဉ့္အိုးေတြ၊ ပုံးေတြနဲ႕ စုၿပီး ေလွာင္ထားၾကတယ္တဲ့။တခ်ိဳ႕ကလဲ သဲဆပ္ျပာေတြေလွာင္ထားၿပီး ႐ြာစဥ္လွည့္ၿပီး ေရာင္းၾကေသးတယ္။ ဒီလို သဲဆပ္ျပာလိုက္ေရာင္းတဲ့သူေတြကို ဆပ္ျပာသည္လို႔ေခၚတာေပါ့။
ကဲ သဲဆပ္ျပာအေၾကာင္းေလး မိတ္ဆက္ၿပီးၿပီဆိုေတာ့ တကယ့္လိုရင္းအပိုင္းေလး လာပါၿပီ။😊
📍ပ်ာယာခတ္ေနတဲ့သူကို ဘာလို႔ဆပ္ျပာသည္လင္ေပ်ာက္လို႔ ေျပာၾကတာလဲ။💬ပါေမာကၡ ဦးစိုးတင့္ရဲ႕ယူဆခ်က္တစ္ခုလဲ ရွိပါေသးတယ္။ ဘာလဲဆိုေတာ့👇
ဆပ္ျပာသည္က သဲဆပ္ျပာက်ဳံးေတာ့ ဖင္ခ်ထိဳင္ၿပီးက်ဳံးရတယ္။ ဒီေတာ့ သဲေတြ ေပါင္ၾကားထဲဝင္ၿပီး ယားလာတယ္။ အဲဒီအခါ အမ်ိဳးသမီးရဲ႕လိင္စိတ္နိုးထလာတယ္တဲ့။
ဒါေပမဲ့ လင္ေတာ္ေမာင္အေဝးေရာက္ေနေတာ့ လင္ေပ်ာက္ေနသလိုခံစားရၿပီး ေခ်ာင္းစပ္မွာေတာင္ေျပးေျမာက္ေျပးျဖစ္ေနတာကို ရည္ၫႊန္းၿပီး သုံးတာပါတဲ့။🧐
ေနာက္တစ္ခုက
🧼ဆပ္ျပာသည္က ဆပ္ျပာေရာင္းဖို႔ ဟိုသြားဒီသြားနဲ႕ 🏃♀️အၿငိမ္မေနနိုင္ရတဲ့အထဲ အဲဒီဆပ္ျပာသည္ရဲ႕လင္ေယာကၤ်ားသာ ေပ်ာက္သြားလို႔ လိုက္ရွာရရင္ ဘယ္ေလာက္ေတာင္ ဂနာမၿငိမ္ျဖစ္ေနမလဲဆိုၿပီး ပ်ာယာခတ္ေနတဲ့သူေတြကို ဆပ္ျပာသည္လင္ေပ်ာက္ ဆိုၿပီး သုံးၾကတယ္လို႔ မယ္ေရးမွတ္သားရပါတယ္။
တကယ္ေတာ့ မယ္ေရးလဲ အၿငိမ္မေနတဲ့သူေတြကို ဆပ္ျပာသည္လင္ေပ်ာက္လို႔ သုံးေနေပမဲ့ အဓိပၸာယ္ကိုေတာ့ ေသခ်ာမသိခဲ့ပါဘူး။ တလြဲေတြ ထင္ခဲ့တာေပါ့ေနာ္။😂
စာေပမိတ္ေဆြတို႔ေရာ အရင္က ဘယ္လိုထင္ခဲ့ၾကလဲ။💬တျခားယူဆခ်က္ေလးေတြရွိရင္လဲ ေဝမွ်ေပးခဲ့ပါဦး။Source-ရေးမယ်ထရိန်နင်
Leave a Reply