
အဲဒီလိုျမင္ၾကတဲ့ လူရွင္ရဟန္းေတြကလည္း သီးသန္႔ကို ရွိတယ္။ေဒၚလာေဈးတက္တာက ငါတို႔နဲ႔ မဆိုင္ေပမယ့္ ျမန္မာေငြေဈးက်တာကေတာ့ ငါတို႔နဲ႔ ဆိုင္တယ္ေလ။ဘယ္လိုဆိုင္သလဲ
ဥပမာ အရင္က လက္ဖက္ရည္တစ္ခြက္ (၅၀၀) ဆိုပါစို႔လက္ဖက္ရည္တစ္ခြက္မွာပါတဲ့ အခ်ိဳ, အဖန္, အဆိမ့္နဲ႔ ဝမ္းျပည့္, ရင္ကယ္ေစတဲ့ တန္ဖိုးဟာ ဘယ္ေတာ့မဆို အလုံးအရပ္ မေျပာင္းဘူး။ အ႐ြယ္အစားမေျပာင္းဘူး။
ဒါေပမယ့္ ကိုယ့္အိတ္ထဲက ပိုက္ဆံကေတာ့ အ႐ြယ္အစားနဲ႔ တန္ေၾကးက ေျပာင္းလဲေနတယ္။
အခု တခ်ိဳ႕ဆိုင္ေတြမွာ လက္ဖက္ရည္တစ္ခြက္ (၆၀၀) (၈၀၀)ျဖစ္သြားပါတယ္ဆိုရင္ လက္ဖက္ရည္ရဲ႕ တန္ဖိုးျမင့္လာတာလား အ႐ြယ္အစား ကြာသြားတာလား၊ အခ်ိဳးအစား ႀကီးလာတာလားမဟုတ္ဘူး။ အိတ္ထဲက ျမန္မာေငြက်ပ္ တန္ဖိုးက်ဳံ႕သြားတာ။
ဥပမာ ေနာက္တစ္ခု။ ဘုန္းႀကီးတစ္ပါးက စာအုပ္ထုတ္ခ်င္တယ္။အုပ္ (၅၀၀) တန္ေၾကးဟာ (၁၅) သိန္း ရွိခဲ့တယ္ဆိုပါစို႔။ စာ႐ြက္တို႔, မွင္တို႔, ပုံႏွိပ္လုပ္အားတို႔ဆိုတာ အခ်ိဳးအစား, အ႐ြယ္အစား, တန္ဖိုး ပုံေသပဲ။ အခု အုပ္ (၅၀၀) တန္ေၾကးဟာ (၁၅) သိန္းနဲ႔မရေတာ့ပါဘူး
ဆိုရင္ စာ႐ြက္တို႔, မွင္တို႔, ပုံႏွိပ္လုပ္အားတို႔ရဲ႕ အခ်ိဳးအစား, လူ, ပစၥည္းတို႔ရဲ႕ တန္ေၾကးတက္လာတာလား၊ မဟုတ္ဘူး။ ဒီလူေတြ, ဒီစာ႐ြက္ေတြ, ဒီမွင္ေတြပဲ။
နည္းပညာလည္း ပိုျမင့္မလာဘူး။ ဒါေပမယ့္ အိတ္ထဲက ေငြေၾကးတန္ဖိုးကက်သြားတာ။
ဆိုပါစို႔။ ေက်ာင္းတစ္ေဆာင္ ေဆာက္ဖို႔ ေငြ (၇၀၀) အပ္ထားခဲ့တယ္။ ဘိလပ္ေဈး, သံေဈး, သြပ္ေဈး, အုတ္, ထုံး, သဲ, ေက်ာက္ေဈးေတြဟာ ဘယ္ေသာအခါမွ သူတို႔ရဲ႕ (ေငြမဟုတ္တဲ့) တန္ဖိုးကိုျပင္မွာမဟုတ္ဘူး။
သံကလည္း သံရဲ႕ မာေၾကာျခင္းကို လုပ္မွာ။ သြပ္ကလည္း သြပ္ရဲ႕ မိုးလုံမႈကိစၥကို ၿပီးေစမွာ။ သဲကလည္း သဲနဲ႔ဆိုင္တဲ့ လုပ္ငန္းကို တာဝန္ယူတာ။ သူ႔တန္ဖိုးနဲ႔ သူ႔စြမ္းရည္ဟာ ဘယ္ေတာ့မွ အေျပာင္းအလဲ မရွိဘူး။
ဒါေပမယ့္ သိန္း (၇၀၀) ကေတာ့ ၿငိမ္မေနဘူး။သံကို ျပည္ပကေန တင္သြင္းရတယ္။ ဒီသံဟာဒီသံပဲဆိုပါစို႔။ဒါေပမယ့္ ျမန္မာေငြက တစ္ေဒၚလာကို (၁၀၀) က်ပ္ပဲ က်သြားတယ္ဆိုဦး။သိန္း (၇၀၀) ကို ေဒၚလာေျပာင္းတဲ့အခ်ိန္မွာ ေငြတခ်ိဳ႕ ေပ်ာက္သြားတယ္။
သံတန္ဖိုး မေလ်ာ့ဘူး။ သြပ္တန္ဖိုး မေလ်ာ့ဘူး။ စြမ္းရည္ မေလ်ာ့ဘူး။သိန္း (၇၀၀)ကေလ်ာ့သြားတာ။ေဒၚလာေဈး (၁၄၀၀) တုန္းက သိန္း (၇၀၀) နဲ႔ ႏိုင္ငံျခားကေန သံ, သြပ္-စသည္နဲ႔ ေက်ာင္းတစ္ေဆာင္ ၿပီးခဲ့တယ္ဆိုပါစို႔။
ေဒၚလာေဈး (၂၅၀၀) အေက်ာ္မွာ သိန္း (၇၀၀) ဟာ ဘာျဖစ္သြားမလဲ။ ေက်ာင္းတစ္ေဆာင္ ၿပီးႏိုင္သလားမၿပီးႏိုင္ဘူးလား။ ေက်ာင္းတစ္ေဆာင္ မၿပီးႏိုင္ဘူးဆိုရင္ ျမန္မာေငြ ဘယ္ေလာက္ ထပ္ၿပီး လိုအပ္မလဲ။
ေျပာခဲ့တဲ့ လက္ဖက္ရည္ စာအုပ္ဖိုး သံ, သြပ္-စသည္ရဲ႕ ေငြၾကးမဟုတ္တဲ့ မူလတန္ဖိုးကို ေ႐ႊသမားက ထိန္းထားႏိုင္တယ္။ ျမန္မာက်ပ္ေငြသမားက ထိန္းမထားႏိုင္ဘူး။ ေဒၚလာသမားက ထိန္းထားႏိုင္တယ္။ ျမန္မာက်ပ္ေငြသမားက ထိန္းမထားႏိုင္ဘူး။
ဥပမာ- လက္ဖက္ရည္တစ္ခြက္ (၅၀၀) ျဖစ္ခဲ့တယ္။ တစ္ႏွစ္စာ လက္ဖက္ရည္ဖိုး (၁၈၂,၀၀၀)။ အဲဒီေငြကို တစ္ႏွစ္စာ ျမန္မာေငြနဲ႔ သိမ္းထားခဲ့တယ္ဆိုပါစို႔။လက္ဖက္ရည္တစ္ခြက္ (၆၀၀)ျဖစ္သြားတဲ့အခ်ိန္(၂၁၉၀၀၀) ျဖစ္သြားမယ္။
ေငြ (၃၇၀၀၀) ေပ်ာက္သြားတယ္။(၂) လစာဖိုးေလာက္ ျပႆနာတက္သြားမယ္။ လက္ဖက္ရည္ဖိုးဆိုရင္နည္းနည္းေပါ့ဆေနဦမယ္။ထမင္းဘိုးလို႔ တြက္ၾကည့္။(၂) လစာကို ဘယ္လိုစားမလဲ။
ေနာက္တစ္ခု ဥပမာေျပာမယ္။ တစ္ရက္ကို (၅၀၀၀) က်ပ္ လုပ္အားခရတဲ့ ေဆာက္လုပ္ေရး လုပ္သားတစ္ဦး။ဆီဖိုးကို တစ္ရက္ (၁၀၀၀) ထည့္ခဲ့တယ္ဆိုပါစို႔။က်န္တဲ့ေငြဟာ စားေငြ, သုံးေငြ, လႉေငြ။ဆီေဈးက တက္သြားတယ္။ေဒၚလာေဈးတက္တယ္ေျပာေပါ့။ ဆီဖိုးဟာ တစ္ရက္စာ (၁၀၀၀) မကေတာ့ဘူး။ ဆီဖိုးဘက္မွာ (၁၀၀၀) ထက္ ပိုသုံးရရင္ ဘယ္ဘက္မွာ ေငြေလ်ာ့မလဲ။
ဆိုရင္… “ေဒၚလာေဈး တက္တာ ငါတို႔နဲ႔ ဘာဆိုင္သလဲ”ေမး။ေဒၚလာေဈး တက္တာ ငါတို႔နဲ႔ မဆိုင္ဘူး။မွန္ခ်င္ မွန္မယ္။ ျမန္မာေငြေဈးက်တာက်ေတာ့ ငါတို႔နဲ႔ မဆိုင္ဘူး ေျပာရခက္သြားၿပီ။
အဲဒါကို ပညာေရးလို႔ ေခၚမလား အသိဉာဏ္လို႔ ေခၚမလား ဗဟုသုတလို႔ ေခၚမလား ေခၚခ်င္ရာ ေခၚ, အဲဒါဟာလည္း မူလတန္ဖိုးပဲ။ Uvi Mala
အဲဒီလိုမြင်ကြတဲ့ လူရှင်ရဟန်းတွေကလည်း သီးသန့်ကို ရှိတယ်။ဒေါ်လာဈေးတက်တာက ငါတို့နဲ့ မဆိုင်ပေမယ့် မြန်မာငွေဈေးကျတာကတော့ ငါတို့နဲ့ ဆိုင်တယ်လေ။ဘယ်လိုဆိုင်သလဲ
ဥပမာ အရင်က လက်ဖက်ရည်တစ်ခွက် (၅၀၀) ဆိုပါစို့လက်ဖက်ရည်တစ်ခွက်မှာပါတဲ့ အချို, အဖန်, အဆိမ့်နဲ့ ဝမ်းပြည့်, ရင်ကယ်စေတဲ့ တန်ဖိုးဟာ ဘယ်တော့မဆို အလုံးအရပ် မပြောင်းဘူး။ အရွယ်အစားမပြောင်းဘူး။
ဒါပေမယ့် ကိုယ့်အိတ်ထဲက ပိုက်ဆံကတော့ အရွယ်အစားနဲ့ တန်ကြေးက ပြောင်းလဲနေတယ်။
အခု တချို့ဆိုင်တွေမှာ လက်ဖက်ရည်တစ်ခွက် (၆၀၀) (၈၀၀)ဖြစ်သွားပါတယ်ဆိုရင် လက်ဖက်ရည်ရဲ့ တန်ဖိုးမြင့်လာတာလား အရွယ်အစား ကွာသွားတာလား၊ အချိုးအစား ကြီးလာတာလားမဟုတ်ဘူး။ အိတ်ထဲက မြန်မာငွေကျပ် တန်ဖိုးကျုံ့သွားတာ။
ဥပမာ နောက်တစ်ခု။ ဘုန်းကြီးတစ်ပါးက စာအုပ်ထုတ်ချင်တယ်။အုပ် (၅၀၀) တန်ကြေးဟာ (၁၅) သိန်း ရှိခဲ့တယ်ဆိုပါစို့။ စာရွက်တို့, မှင်တို့, ပုံနှိပ်လုပ်အားတို့ဆိုတာ အချိုးအစား, အရွယ်အစား, တန်ဖိုး ပုံသေပဲ။ အခု အုပ် (၅၀၀) တန်ကြေးဟာ (၁၅) သိန်းနဲ့မရတော့ပါဘူး
ဆိုရင် စာရွက်တို့, မှင်တို့, ပုံနှိပ်လုပ်အားတို့ရဲ့ အချိုးအစား, လူ, ပစ္စည်းတို့ရဲ့ တန်ကြေးတက်လာတာလား၊ မဟုတ်ဘူး။ ဒီလူတွေ, ဒီစာရွက်တွေ, ဒီမှင်တွေပဲ။
နည်းပညာလည်း ပိုမြင့်မလာဘူး။ ဒါပေမယ့် အိတ်ထဲက ငွေကြေးတန်ဖိုးကကျသွားတာ။
ဆိုပါစို့။ ကျောင်းတစ်ဆောင် ဆောက်ဖို့ ငွေ (၇၀၀) အပ်ထားခဲ့တယ်။ ဘိလပ်ဈေး, သံဈေး, သွပ်ဈေး, အုတ်, ထုံး, သဲ, ကျောက်ဈေးတွေဟာ ဘယ်သောအခါမှ သူတို့ရဲ့ (ငွေမဟုတ်တဲ့) တန်ဖိုးကိုပြင်မှာမဟုတ်ဘူး။
သံကလည်း သံရဲ့ မာကြောခြင်းကို လုပ်မှာ။ သွပ်ကလည်း သွပ်ရဲ့ မိုးလုံမှုကိစ္စကို ပြီးစေမှာ။ သဲကလည်း သဲနဲ့ဆိုင်တဲ့ လုပ်ငန်းကို တာဝန်ယူတာ။ သူ့တန်ဖိုးနဲ့ သူ့စွမ်းရည်ဟာ ဘယ်တော့မှ အပြောင်းအလဲ မရှိဘူး။
ဒါပေမယ့် သိန်း (၇၀၀) ကတော့ ငြိမ်မနေဘူး။သံကို ပြည်ပကနေ တင်သွင်းရတယ်။ ဒီသံဟာဒီသံပဲဆိုပါစို့။ဒါပေမယ့် မြန်မာငွေက တစ်ဒေါ်လာကို (၁၀၀) ကျပ်ပဲ ကျသွားတယ်ဆိုဦး။သိန်း (၇၀၀) ကို ဒေါ်လာပြောင်းတဲ့အချိန်မှာ ငွေတချို့ ပျောက်သွားတယ်။
သံတန်ဖိုး မလျော့ဘူး။ သွပ်တန်ဖိုး မလျော့ဘူး။ စွမ်းရည် မလျော့ဘူး။သိန်း (၇၀၀)ကလျော့သွားတာ။ဒေါ်လာဈေး (၁၄၀၀) တုန်းက သိန်း (၇၀၀) နဲ့ နိုင်ငံခြားကနေ သံ, သွပ်-စသည်နဲ့ ကျောင်းတစ်ဆောင် ပြီးခဲ့တယ်ဆိုပါစို့။
ဒေါ်လာဈေး (၂၅၀၀) အကျော်မှာ သိန်း (၇၀၀) ဟာ ဘာဖြစ်သွားမလဲ။ ကျောင်းတစ်ဆောင် ပြီးနိုင်သလားမပြီးနိုင်ဘူးလား။ ကျောင်းတစ်ဆောင် မပြီးနိုင်ဘူးဆိုရင် မြန်မာငွေ ဘယ်လောက် ထပ်ပြီး လိုအပ်မလဲ။
ပြောခဲ့တဲ့ လက်ဖက်ရည် စာအုပ်ဖိုး သံ, သွပ်-စသည်ရဲ့ ငွေကြးမဟုတ်တဲ့ မူလတန်ဖိုးကို ရွှေသမားက ထိန်းထားနိုင်တယ်။ မြန်မာကျပ်ငွေသမားက ထိန်းမထားနိုင်ဘူး။ ဒေါ်လာသမားက ထိန်းထားနိုင်တယ်။ မြန်မာကျပ်ငွေသမားက ထိန်းမထားနိုင်ဘူး။
ဥပမာ- လက်ဖက်ရည်တစ်ခွက် (၅၀၀) ဖြစ်ခဲ့တယ်။ တစ်နှစ်စာ လက်ဖက်ရည်ဖိုး (၁၈၂,၀၀၀)။ အဲဒီငွေကို တစ်နှစ်စာ မြန်မာငွေနဲ့ သိမ်းထားခဲ့တယ်ဆိုပါစို့။လက်ဖက်ရည်တစ်ခွက် (၆၀၀)ဖြစ်သွားတဲ့အချိန်(၂၁၉၀၀၀) ဖြစ်သွားမယ်။
ငွေ (၃၇၀၀၀) ပျောက်သွားတယ်။(၂) လစာဖိုးလောက် ပြဿနာတက်သွားမယ်။ လက်ဖက်ရည်ဖိုးဆိုရင်နည်းနည်းပေါ့ဆနေဦမယ်။ထမင်းဘိုးလို့ တွက်ကြည့်။(၂) လစာကို ဘယ်လိုစားမလဲ။
နောက်တစ်ခု ဥပမာပြောမယ်။ တစ်ရက်ကို (၅၀၀၀) ကျပ် လုပ်အားခရတဲ့ ဆောက်လုပ်ရေး လုပ်သားတစ်ဦး။ဆီဖိုးကို တစ်ရက် (၁၀၀၀) ထည့်ခဲ့တယ်ဆိုပါစို့။ကျန်တဲ့ငွေဟာ စားငွေ, သုံးငွေ, လှူငွေ။ဆီဈေးက တက်သွားတယ်။ဒေါ်လာဈေးတက်တယ်ပြောပေါ့။ ဆီဖိုးဟာ တစ်ရက်စာ (၁၀၀၀) မကတော့ဘူး။ ဆီဖိုးဘက်မှာ (၁၀၀၀) ထက် ပိုသုံးရရင် ဘယ်ဘက်မှာ ငွေလျော့မလဲ။
ဆိုရင်… “ဒေါ်လာဈေး တက်တာ ငါတို့နဲ့ ဘာဆိုင်သလဲ”မေး။ဒေါ်လာဈေး တက်တာ ငါတို့နဲ့ မဆိုင်ဘူး။မှန်ချင် မှန်မယ်။ မြန်မာငွေဈေးကျတာကျတော့ ငါတို့နဲ့ မဆိုင်ဘူး ပြောရခက်သွားပြီ။
အဲဒါကို ပညာရေးလို့ ခေါ်မလား အသိဉာဏ်လို့ ခေါ်မလား ဗဟုသုတလို့ ခေါ်မလား ခေါ်ချင်ရာ ခေါ်, အဲဒါဟာလည်း မူလတန်ဖိုးပဲ။ Uvi Mala