
ပြိုင်ဘက်ဖိုက်တာကို ဒီနည်းလမ်း(၄)မျိုးနဲ့ အနိုင်ယူပြမယ်ဆိုတဲ့ အောင်လအန်ဆန်း
ကချင်တိုင်းရင်းသား ဖိုက်တာကြီး အောင်လအန်ဆန်းဟာဆိုရင် မြန်မာ့ကိုယ်စားပြု ကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာ ခါးသီးလှတဲ့ရှုံးပွဲတွေကြောင့် ခါးပတ်များကိုစွန့်လွှတ်ထားရပေမယ့် အခုအခါမှာတော့ ချန်ပီယံလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။
လာမယ့် စနေနေ့ ထိုင်းနိုင်ငံဘန်ကောက်မှာ ယှဉ်ပြိုင်မယ့်ပွဲ အနိုင်ရခဲ့မယ်ဆိုရင် သူ့ရဲ့ ချန်ပီယံလမ်းကြောင်းဟာ ဖြောင့်ဖြူးပြီး မဝေးလှတော့တာကို အားလုံးအသိလည်းဖြစ်ပါတယ်။
အောင်လဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့အတူ နောက်ပွဲအတွက်လေ့ကျင့်ပြင်ဆင်နေပါတယ်။ ဒီနေ့မှာလည်း သူဟာ ပြိုင်ဘက်ကို ဘယ်လိုအနိုင်ယူရမလဲဆိုတဲ့ နည်းလမ်း (၄) မျိုးကို သူ့ရဲ့အနိုင်ရပွဲစဉ်ဟောင်းများနဲ့အတူ ချပြလာခဲ့ပါတယ်။
1. Knee to the head။ဒါကတော့ တစ်ဖက်ပြိုက်ဘက်က ကိုယ့်ကိုချုပ်ဖို့ခြေထောက်ကို ဆွဲလှဲတဲ့အခါမှာ ပြိုင်ဘက်ရဲ့ ခေါင်းကို ဒူးနဲ့တိုက်လိုက်တဲ့အကွကပါ။ ဒီအကွက်ကို တစ်ဖက်ဖိုက်တာဟာ Ground fight အားသန်သူဆိုရင် ထုတ်သုံးဖို့အသင့်တော်ဆုံးဖြစ်ပါတယ်။ဒါဟာ မြန်မာ့ရိုးရာလက်ဝှေ့ပညာနဲ့ အနည်းငယ်ဆင်တူကောင်း ဆင်တူနိုင်သလို ပရိတ်သတ်ကြီးကိုယ်တိုင်ကလည်း မြင်တွေ့ချင်နေတဲ့ အနိုင်ယူနိုင်မယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
2. Spinning elbow။ဒီအကွက်ကတော့ မြန်မာလိုခေါ်ရရင် ပတ်တံတောင် လို့ခေါ်ရမယ်ထင်ပါတယ်။ တဖက်က ဝင်လာတဲ့ပြိုင်ဖက်ရဲ့ တည်ချက်ထဲကနေ ယိမ်းထွက်ပြီး ခန္ဓာကိုယ်တစ်ပတ်လှည့်ကာ တံတောင်ဆစ်နဲ့ ပြိုင်ဘက်ရဲ့မျက်နှာကို တွေ့ပေးလိုက်တာပါ။ဒီနေရာမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်လှည့်တဲ့အရှိန်ရော ပြိုင်ဖက်ကဝင်လာတဲ့အရှိန်ရောဟာ သက်ရောက်စေတဲ့ ‘အား’ ဖြစ်ပြီး တစ်ချက်ထဲတဲ့တင် မှောက်သွားစေပါတယ်။
3. Uppercut။တတိယမြောက်အကွက်ကတော့ အပေါ်ပိုင်းတည်ထိုးတဲ့အတွက်မျိူပါ။ ဒီအကွက်ကတော့ ရိုးရှင်းလှတယ်လို့ ထင်ရသလို ကြည့်ရတဲ့နေရာမှာလည်း ဆန်းကျယ်တယ်လို့ ထင်စရာလုံးဝမရှိပါဘူး။ ဒါပေမယ့်လည်း လက်တွေ့အသုံးပြုလိုက်တဲ့အခါမှာတော့ တော်တော်လေးကိုအလုပ်ဖြစ်ပါတယ်။တစ်ဖက်ပြိုင်ဖက် ဦးခေါင်းငိုက်စိုက်နဲ့ ဝင်လာတဲ့အခါမျိုးမှာ ပင့်လက်သီးတစ်ချက်ကို အားပါပါနဲ့ပေးလိုက်ခြင်းအားဖြင့် မှောက်သွားမယ့်အကွက်ပါ။
4. Head kick။အလဲထိုးအနိုင်ယူဖို့စတ္ထုထမြောက် နည်းလမ်းကတော့ ဦးခေါင်းကိုအားပြင်းပြင်းနဲ့ကန်တဲ့အကွက် ဖြစ်ပါတယ်။ ဒီအကွက်ကတော့ တိကျသေချာမှုရှိမှ အလုပ်ဖြစ်မှာဖြစ်ပြီး လွဲချော်သွားမယ်ဆိုရင်တော့ ပြိုင်ဘက်ကို အခွင့်ရေးပေးသလိုမျိုးဖြစ်သွားနိုင်ပါတယ်။ကဲပရိတ်သတ်ကြီးရေ စနေနေ့မှာ ဒီနည်းလမ်းလေးမျိုးထဲက ဘယ်နည်းလမ်းတွေကိုအသုံးပြုပြီး ကျွန်တော်တို့ ဖိုက်တာကြီး အနိုင်ယူသွားမလဲဆိုတာ စောင့်ကြည့်ကြရအောင်ဗျာ။crd
Zawgyi(version)
ကခ်င္တိုင္းရင္းသား ဖိုက္တာႀကီး ေအာင္လအန္ဆန္းဟာဆိုရင္ ျမန္မာ့ကိုယ္စားျပဳ ကမၻာ့ခ်န္ပီယံတစ္ဦး ျဖစ္ပါတယ္။ သူဟာ လြန္ခဲ့တဲ့ႏွစ္ပိုင္းေတြမွာ ခါးသီးလွတဲ့ရႈံးပြဲေတြေၾကာင့္ ခါးပတ္မ်ားကိုစြန႔္လႊတ္ထားရေပမယ့္ အခုအခါမွာေတာ့ ခ်န္ပီယံလမ္းေၾကာင္းေပၚကို ျပန္လည္ေရာက္ရွိလာခဲ့ပါၿပီ။
လာမယ့္ စေနေန႕ ထိုင္းနိုင္ငံဘန္ေကာက္မွာ ယွဥ္ၿပိဳင္မယ့္ပြဲ အနိုင္ရခဲ့မယ္ဆိုရင္ သူ႕ရဲ႕ ခ်န္ပီယံလမ္းေၾကာင္းဟာ ေျဖာင့္ျဖဴးၿပီး မေဝးလွေတာ့တာကို အားလုံးအသိလည္းျဖစ္ပါတယ္။
ေအာင္လဟာ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈအျပည့္နဲ႕အတူ ေနာက္ပြဲအတြက္ေလ့က်င့္ျပင္ဆင္ေနပါတယ္။ ဒီေန႕မွာလည္း သူဟာ ၿပိဳင္ဘက္ကို ဘယ္လိုအနိုင္ယူရမလဲဆိုတဲ့ နည္းလမ္း (၄) မ်ိဳးကို သူ႕ရဲ႕အနိုင္ရပြဲစဥ္ေဟာင္းမ်ားနဲ႕အတူ ခ်ျပလာခဲ့ပါတယ္။
1. Knee to the head။ဒါကေတာ့ တစ္ဖက္ၿပိဳက္ဘက္က ကိုယ့္ကိုခ်ဳပ္ဖို႔ေျခေထာက္ကို ဆြဲလွဲတဲ့အခါမွာ ၿပိဳင္ဘက္ရဲ႕ ေခါင္းကို ဒူးနဲ႕တိုက္လိုက္တဲ့အကြကပါ။ ဒီအကြက္ကို တစ္ဖက္ဖိုက္တာဟာ Ground fight အားသန္သူဆိုရင္ ထုတ္သုံးဖို႔အသင့္ေတာ္ဆုံးျဖစ္ပါတယ္။ဒါဟာ ျမန္မာ့ရိုးရာလက္ေဝွ႕ပညာနဲ႕ အနည္းငယ္ဆင္တူေကာင္း ဆင္တူနိုင္သလို ပရိတ္သတ္ႀကီးကိုယ္တိုင္ကလည္း ျမင္ေတြ႕ခ်င္ေနတဲ့ အနိုင္ယူနိုင္မယ့္နည္းလမ္းတစ္ခုျဖစ္ပါတယ္။
2. Spinning elbow။ဒီအကြက္ကေတာ့ ျမန္မာလိုေခၚရရင္ ပတ္တံေတာင္ လို႔ေခၚရမယ္ထင္ပါတယ္။ တဖက္က ဝင္လာတဲ့ၿပိဳင္ဖက္ရဲ႕ တည္ခ်က္ထဲကေန ယိမ္းထြက္ၿပီး ခႏၶာကိုယ္တစ္ပတ္လွည့္ကာ တံေတာင္ဆစ္နဲ႕ ၿပိဳင္ဘက္ရဲ႕မ်က္ႏွာကို ေတြ႕ေပးလိုက္တာပါ။ဒီေနရာမွာ ကိုယ့္ရဲ႕ခႏၶာကိုယ္လွည့္တဲ့အရွိန္ေရာ ၿပိဳင္ဖက္ကဝင္လာတဲ့အရွိန္ေရာဟာ သက္ေရာက္ေစတဲ့ အား ျဖစ္ၿပီး တစ္ခ်က္ထဲတဲ့တင္ ေမွာက္သြားေစပါတယ္။
3. Uppercut။တတိယေျမာက္အကြက္ကေတာ့ အေပၚပိုင္းတည္ထိုးတဲ့အတြက္မ်ိဴပါ။ ဒီအကြက္ကေတာ့ ရိုးရွင္းလွတယ္လို႔ ထင္ရသလို ၾကည့္ရတဲ့ေနရာမွာလည္း ဆန္းက်ယ္တယ္လို႔ ထင္စရာလုံးဝမရွိပါဘူး။ ဒါေပမယ့္လည္း လက္ေတြ႕အသုံးျပဳလိုက္တဲ့အခါမွာေတာ့ ေတာ္ေတာ္ေလးကိုအလုပ္ျဖစ္ပါတယ္။တစ္ဖက္ၿပိဳင္ဖက္ ဦးေခါင္းငိုက္စိုက္နဲ႕ ဝင္လာတဲ့အခါမ်ိဳးမွာ ပင့္လက္သီးတစ္ခ်က္ကို အားပါပါနဲ႕ေပးလိုက္ျခင္းအားျဖင့္ ေမွာက္သြားမယ့္အကြက္ပါ။
4. Head kick။အလဲထိုးအနိုင္ယူဖို႔စတၳဳထေျမာက္ နည္းလမ္းကေတာ့ ဦးေခါင္းကိုအားျပင္းျပင္းနဲ႕ကန္တဲ့အကြက္ ျဖစ္ပါတယ္။ ဒီအကြက္ကေတာ့ တိက်ေသခ်ာမႈရွိမွ အလုပ္ျဖစ္မွာျဖစ္ၿပီး လြဲေခ်ာ္သြားမယ္ဆိုရင္ေတာ့ ၿပိဳင္ဘက္ကို အခြင့္ေရးေပးသလိုမ်ိဳးျဖစ္သြားနိုင္ပါတယ္။ကဲပရိတ္သတ္ႀကီးေရ စေနေန႕မွာ ဒီနည္းလမ္းေလးမ်ိဳးထဲက ဘယ္နည္းလမ္းေတြကိုအသုံးျပဳၿပီး ကြၽန္ေတာ္တို႔ ဖိုက္တာႀကီး အနိုင္ယူသြားမလဲဆိုတာ ေစာင့္ၾကည့္ၾကရေအာင္ဗ်ာ။crd
Leave a Reply