









လိုက်တာဗျာ”…


#Crd..Sein Gyi

“ ရလား ညီမ ” ဆိုတော့ “ရတယ်အိမ်ဘေးကို လာခဲ့” တဲ့

ဖုံးနံပါတ်လေးတခု ရေးထားတယ်။ဆက်သွယ်ရန် ဆိုပြီးပေါ့။ဖုန်းဆက်‌လိုက်တော့ မိန်းခလေးအသံနဲ့ လာကိုင်တယ်။

အဲဒါနဲ့ ကျနော်လဲ တိုးတိုးလေးမေးကြည့်လိုက်တယ်။“ရလား ညီမ”“ရတယ် အကို” သူကပြန်ဖြေလာတယ်။

သူပြန်ဖြေတဲ့အသံလေးကြားတော့ အသွေးထဲအသားထဲ တက်မက်မှု့တခုကို ဖိန်းကနဲ ဖိန်းကနဲ ခံစားလိုက်ရတယ်။

အကြောတွေတောင် တောင့်တင်းပြီး တစုံတရာကို ရယူခံစားလိုစိတ် ပြင်းစွာဖြစ်ပေါ်လာတယ်။

‘ဘယ်လာခဲ့ရမလဲ’“အိမ်ဘေးကို လာခဲ့အကိုရေ” ‘ပတ်ဝန်းကျင်ကိုလဲ သတိထားပြီးမှ အိမ်ထဲဝင်ခဲ့နော်’

“အရင်လို ၃ကျပ်တော့မရတော့ဘူးနော် အကို”“အခု ၅ကျပ်ဖြစ်သွားပြီ။“ရတယ် ညီမရယ် ၅ကျပ်မကလို့ ၁၀ဖြစ်ပါစေ မြန်မြန်လုပ်စမ်းပါဟယ်”

အာသာဆန္ဒပြင်းပြစွာနဲ့ အရှက်အကြောက်မရှိကို တောင်းဆိုနေမိတော့တယ်။အထဲကို အတင်းထိုးထည့်ပြီး ပျောက်ပျက်မသွားအောင် အရင်ဆုံးငုံထားမိသေးတယ်။

အား!!!“ကောင်းလိုက်တာကွာ”“‘အကြောပေါင်းတထောင်ကို စိမ့်သွားတာဘဲ’”“မစားရတာနှစ်ရက်ဆိုတော့ ဒီနေ့မှပြန်ဝါးရတာ ကောင်း

လိုက်တာဗျာ”…

“ဘာတွေစဉ်းစားနေတာတုံးဗျ။”“ကျုပ်ဟာကျုပ် ကွမ်းယာမှောင်ခိုဝယ်စားတဲ့အကြောင်းပြောပြနေတာ ခင်ဗျားတို့က ဘာထင်နေတာတုံး?”

#Crd..Sein Gyi

Be the first to comment

Leave a Reply

Your email address will not be published.


*