
မိန္းမယူမယ္ဆိုရင္ ဘယ္ေနရာကို ၾကည့္ၿပီး အႀကိဳက္ဆုံးအျဖစ္ ေ႐ြးယူရမလဲ?(အေ႐ြးမမွားေစဖို႔)
မိန္းမယူမယ္ဆိုရင္သားအတြက္အေဖရဲ႕အႀကံျပဳခ်က္
မိန္းမယူမယ္ဆိုရင္ ဘယ္ေနရာကို ၾကည့္ၿပီး အႀကိဳက္ဆုံးအျဖစ္ ေ႐ြးယူမလဲ?
ငါ့သား…အိမ္ေထာင္ဖက္ ရွာေနတယ္ဆိုရင္ မိန္းမေတြရဲ႕ရင္သားနဲ႔တင္ပါး အ႐ြယ္အစားအတြက္ မင္း စိတ္မပူနဲ႔။
ႏွလုံးသား နဲ႔ဦးေႏွာက္ အ႐ြယ္အစားအတြက္ပဲ စိတ္ပူပါ။သူမရဲ႕ခ်စ္ေမတၱာနဲ႔ သည္းခံစိတ္အ႐ြယ္အစားအတြက္ပဲ စိတ္ပူပါ ။
ေနာက္ ၅ ႏွစ္ ၁၀ ႏွစ္ ၾကာၿပီးတဲ့အခါရင္သားနဲ႔တင္သားေတြက ေျပာင္းလဲသြားလိမ့္မယ္။
အခု မင္းအေမကိုပဲ ၾကည့္ေလရင္ျပားႀကီးနဲ႔တင္ျပားႀကီးသာ က်န္ေတာ့ေပမဲ့ ငါတို႔တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ၾကတယ္။
ငါ့သား ေငြကို ခ်စ္တဲ့မိန္းမေတြကို သတိထားပါ။
အဲ့ဒီ မိန္းမေတြဟာ အခ်ိန္ျပည့္ သူတို႔ရဲ႕ ဆံပင္ေတြ အဝတ္အစားေတြဖိနပ္ေတြပိုက္ဆံအိတ္ေတြ အတြင္းခံေဘာင္းဘီေတြနဲ႔မိတ္ကပ္ေတြအေၾကာင္း ေျပာတတ္ၾကတယ္။
အဲ့ဒီ အရာေတြ မပါဘဲနဲ႔လဲ ေကာင္းမြန္တဲ့အိမ္ေထာင္ေရးဟာ ရပ္တည္ႏိုင္ပါတယ္။
ဒါေပမဲ့ အခ်စ္မပါဘဲေတာ့အိမ္ေထာင္ေရး မတည္တံ့ႏိုင္ဘူးေပါ့။ငါ မင္း အေမကို လက္ထပ္ခဲ့တုန္းကကိုယ္ပိုင္ အိမ္ ကိုယ္ပိုင္ ကား မပိုင္ခဲ့ဘူး။
ငါဟာ ပညာတတ္တစ္ေယာက္ေတာင္ မဟုတ္ခဲ့ဘူး။ဒါေပမဲ့ ငါ့မွာ အိပ္မက္ေတြ ရွိခဲ့တယ္။
မင္း အေမက ငါနဲ႔ ငါ့ရဲ႕ အိပ္မက္ေတြကိုႏွစ္သက္ေလးစားၿပီး ကူညီေထာက္ပံ့တယ္။
မင္းရဲ႕ အိပ္မက္ေတြကို လ်စ္လ်ဴ ရႈ တတ္တဲ့ မိန္းမ အေၾကာင္းတစ္မိနစ္ေလာက္ေတာင္ တန္ဖိုးထား စဥ္းစားမေနပါနဲ႔။
မင္းထက္ပိုၿပီး မင္း အိပ္မက္ေတြကို ေကာင္းေကာင္းေတြ႕ျမင္ႏိုင္မယ့္ မိန္းမတစ္ေယာက္ကိုမင္း ရွာေတြ႕ၿပီဆိုရင္ေတာ့ မင္း ကံေကာင္းၿပီေပါ့ ငါ့ သား။
မိန္းမ ဆိုတဲ့အမ်ိဳးက ေျမအိုးလိုပဲ ငါ့သားအေဖတို႔လို“ေရ”…ဆိုတဲ့ ေယာက်ၤ ားသာ မရွိရင္
ေမွာက္ထား႐ုံသက္သက္အိုးအျပင္ႏႈတ္ခမ္းမွာပိုးမွ်င္တန္းၿပီး ရွက္ေန႐ုံပဲေလ။
သူတို႔ကို လက္ထပ္ရတာဆက္စပ္သမွ်အေၾကာင္းအက်ိဳး အေကာင္းအဆိုး ဒြန္တြဲ႐ိုး႐ိုးေလး ေတြးမယ္ဆိုအိုးေ႐ြးဝယ္ရသလိုပဲေပါ့ကြယ္ ။
အနယ္မနာ မီးမက်က္ ကြဲအက္လြယ္တဲ့အမ်ိဳးကိုစပ္စလူးအိုးလို႔ ေခၚသကြဲ႕ဘယ္ေတာ့မွ မဝယ္နဲ႔ေနာ္ ။
မီးေပးနာထားလို႔ ဧည့္သည္လာတိုင္း အရွက္ခြဲမ်က္ႏွာမည္းတဲ့အိုးမ်ိဳးေလွ်ာ့ေဈးနဲ႔ေရာင္းေတာင္မ်က္ေစာင္းမထိုးမိေစနဲ႔ကြဲ႕။
ေရဘယ္ေလာက္ ဖ်န္း ဖ်န္းမေက်မခ်မ္းနဲ႔ အၿမဲတမ္း ဆူဆူပူပူႏႈတ္ခမ္းထူတဲ့အိုး မ်ား ဘယ္သူက အလကားေပးေပးယူဖို႔မေတြးေလနဲ႔ သားေရ ။
အဖိုးနည္းရင္ အိုးကြဲပဲ ရမတဲ့ အိုးေ႐ြးမွန္မွလည္းအက်ိဳးေပးသန္မွာပဲ မဟုတ္လား။အိုးႀကီး အိုးေသးတစ္မ်ိဳးၿပီး တစ္မ်ိဳးေ႐ြး
ေၾကးတိုးေပးဖို႔အိုးေဈးတန္းကေတာ့ ေသြးတိုးစမ္းေနဦးမွာပဲ…သားေရ။အက္ေၾကာင္းတေလွ်ာက္မိတ္ကပ္နဲ႔ေဖ်ာက္ထားတဲ့ေပါက္ၿပီးသား အိုးေတြ။
မလွိမ့္တစ္ပတ္နဲ႔ စိမ့္တတ္တဲ့ အိုးေတြ။လည္သိမ္ ေအာက္ကားေဆာင့္ႂကြားႂကြား အိုးေတြ။ကႏုတ္မ်ားမ်ားေရးအ႐ုပ္အသားေပး အိုးေတြ။
ကန႔္သတ္ခ်က္ မရွိဘူး ႏွံ႔စပ္ေအာင္ ေလွ်ာက္ၾကည့္ပတ္ပတ္လည္ ေျမႇာက္ၾကည့္ လက္နဲ႔ ေခါက္ၾကည့္“ေဒါက္”…လို႔ အသံထြက္ရင္
ေပါက္ထြက္မယ့္အိုး လို႔မွတ္“ဒပ္”…လို႔ ထြက္တဲ့အသံ လက္မခံပါေလနဲ႔အက္သံပါေနသတဲ့ကြယ္နားထဲမွာ
ၾကည္လင္“ေဒါင္”…လို႔ ျမည္ရင္ေတာ့ပီျပင္တဲ့အိုး ရပေဟ့ အဖိုးအခ ေဈးမ်ားလည္း အေျပးအလႊားဝယ္ တေလးတစားသာ သယ္ခဲ့ေတာ့။
အဲဒါ တို႔ဘိုးေဘးေတြ လက္ထက္ကတည္းက အိုးေ႐ြးတဲ့အခ်က္ပဲ…ငါ့သား ။
ေဈးဝယ္ဆိုမွေတာ့ေဈးလယ္ထိေတာ့ေရာက္ေအာင္သြားတန္းထားတဲ့အိုးေတြ ရွိတယ္ လမ္းသလားတဲ့အိုးေတြ ရွိတယ္…။
အေနသန႔္တဲ့ အိုးအေကာင္းေတြရွိတယ္ေျမညံ့တဲ့ အိုးအေဟာင္းေတြရွိတယ္အဖိုးသားနား အနည္းအမ်ားအမ်ိဳးအစားလည္း
ကြဲျပားတယ္အိုးမမွားဖို႔……ႀကိဳးစားဖို႔ကအမ်ိဳးသားတိုင္း သေဘာေပါက္ ဟာတစ္ေယာက္…ေဟာတစ္ေယာက္နဲ႔ အခ်ိဳးေျပ မေျပသိရေအာင္
အိုးေတြသာ လိုက္ေခါက္ၾကည့္ေပေတာ့…သားေရ
မွ်ေဝခံစား_အညၾတဘိကၡဳပုေလာ
credit= ရဲသူခ
မိန်းမယူမယ်ဆိုရင် ဘယ်နေရာကို ကြည့်ပြီး အကြိုက်ဆုံးအဖြစ် ရွေးယူရမလဲ?(အရွေးမမှားစေဖို့)
မိန်းမယူမယ်ဆိုရင်သားအတွက်အဖေရဲ့အကြံပြုချက်
မိန်းမယူမယ်ဆိုရင် ဘယ်နေရာကို ကြည့်ပြီး အကြိုက်ဆုံးအဖြစ် ရွေးယူမလဲ?
ငါ့သား…အိမ်ထောင်ဖက် ရှာနေတယ်ဆိုရင် မိန်းမတွေရဲ့ရင်သားနဲ့တင်ပါး အရွယ်အစားအတွက် မင်း စိတ်မပူနဲ့။
နှလုံးသား နဲ့ဦးနှောက် အရွယ်အစားအတွက်ပဲ စိတ်ပူပါ။သူမရဲ့ချစ်မေတ္တာနဲ့ သည်းခံစိတ်အရွယ်အစားအတွက်ပဲ စိတ်ပူပါ ။
နောက် ၅ နှစ် ၁၀ နှစ် ကြာပြီးတဲ့အခါရင်သားနဲ့တင်သားတွေက ပြောင်းလဲသွားလိမ့်မယ်။
အခု မင်းအမေကိုပဲ ကြည့်လေရင်ပြားကြီးနဲ့တင်ပြားကြီးသာ ကျန်တော့ပေမဲ့ ငါတို့တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်။
ငါ့သား ငွေကို ချစ်တဲ့မိန်းမတွေကို သတိထားပါ။
အဲ့ဒီ မိန်းမတွေဟာ အချိန်ပြည့် သူတို့ရဲ့ ဆံပင်တွေ အဝတ်အစားတွေဖိနပ်တွေပိုက်ဆံအိတ်တွေ အတွင်းခံဘောင်းဘီတွေနဲ့မိတ်ကပ်တွေအကြောင်း ပြောတတ်ကြတယ်။
အဲ့ဒီ အရာတွေ မပါဘဲနဲ့လဲ ကောင်းမွန်တဲ့အိမ်ထောင်ရေးဟာ ရပ်တည်နိုင်ပါတယ်။
ဒါပေမဲ့ အချစ်မပါဘဲတော့အိမ်ထောင်ရေး မတည်တံ့နိုင်ဘူးပေါ့။ငါ မင်း အမေကို လက်ထပ်ခဲ့တုန်းကကိုယ်ပိုင် အိမ် ကိုယ်ပိုင် ကား မပိုင်ခဲ့ဘူး။
ငါဟာ ပညာတတ်တစ်ယောက်တောင် မဟုတ်ခဲ့ဘူး။ဒါပေမဲ့ ငါ့မှာ အိပ်မက်တွေ ရှိခဲ့တယ်။
မင်း အမေက ငါနဲ့ ငါ့ရဲ့ အိပ်မက်တွေကိုနှစ်သက်လေးစားပြီး ကူညီထောက်ပံ့တယ်။
မင်းရဲ့ အိပ်မက်တွေကို လျစ်လျူ ရှု တတ်တဲ့ မိန်းမ အကြောင်းတစ်မိနစ်လောက်တောင် တန်ဖိုးထား စဉ်းစားမနေပါနဲ့။
မင်းထက်ပိုပြီး မင်း အိပ်မက်တွေကို ကောင်းကောင်းတွေ့မြင်နိုင်မယ့် မိန်းမတစ်ယောက်ကိုမင်း ရှာတွေ့ပြီဆိုရင်တော့ မင်း ကံကောင်းပြီပေါ့ ငါ့ သား။
မိန်းမ ဆိုတဲ့အမျိုးက မြေအိုးလိုပဲ ငါ့သားအဖေတို့လို“ရေ”…ဆိုတဲ့ ယောင်္ကျ ားသာ မရှိရင်
မှောက်ထားရုံသက်သက်အိုးအပြင်နှုတ်ခမ်းမှာပိုးမျှင်တန်းပြီး ရှက်နေရုံပဲလေ။
သူတို့ကို လက်ထပ်ရတာဆက်စပ်သမျှအကြောင်းအကျိုး အကောင်းအဆိုး ဒွန်တွဲရိုးရိုးလေး တွေးမယ်ဆိုအိုးရွေးဝယ်ရသလိုပဲပေါ့ကွယ် ။
အနယ်မနာ မီးမကျက် ကွဲအက်လွယ်တဲ့အမျိုးကိုစပ်စလူးအိုးလို့ ခေါ်သကွဲ့ဘယ်တော့မှ မဝယ်နဲ့နော် ။
မီးပေးနာထားလို့ ဧည့်သည်လာတိုင်း အရှက်ခွဲမျက်နှာမည်းတဲ့အိုးမျိုးလျှော့ဈေးနဲ့ရောင်းတောင်မျက်စောင်းမထိုးမိစေနဲ့ကွဲ့။
ရေဘယ်လောက် ဖျန်း ဖျန်းမကျေမချမ်းနဲ့ အမြဲတမ်း ဆူဆူပူပူနှုတ်ခမ်းထူတဲ့အိုး များ ဘယ်သူက အလကားပေးပေးယူဖို့မတွေးလေနဲ့ သားရေ ။
အဖိုးနည်းရင် အိုးကွဲပဲ ရမတဲ့ အိုးရွေးမှန်မှလည်းအကျိုးပေးသန်မှာပဲ မဟုတ်လား။အိုးကြီး အိုးသေးတစ်မျိုးပြီး တစ်မျိုးရွေး
ကြေးတိုးပေးဖို့အိုးဈေးတန်းကတော့ သွေးတိုးစမ်းနေဦးမှာပဲ…သားရေ။အက်ကြောင်းတလျှောက်မိတ်ကပ်နဲ့ဖျောက်ထားတဲ့ပေါက်ပြီးသား အိုးတွေ။
မလှိမ့်တစ်ပတ်နဲ့ စိမ့်တတ်တဲ့ အိုးတွေ။လည်သိမ် အောက်ကားဆောင့်ကြွားကြွား အိုးတွေ။ကနုတ်များများရေးအရုပ်အသားပေး အိုးတွေ။
ကန့်သတ်ချက် မရှိဘူး နှံ့စပ်အောင် လျှောက်ကြည့်ပတ်ပတ်လည် မြှောက်ကြည့် လက်နဲ့ ခေါက်ကြည့်“ဒေါက်”…လို့ အသံထွက်ရင်
ပေါက်ထွက်မယ့်အိုး လို့မှတ်“ဒပ်”…လို့ ထွက်တဲ့အသံ လက်မခံပါလေနဲ့အက်သံပါနေသတဲ့ကွယ်နားထဲမှာ
ကြည်လင်“ဒေါင်”…လို့ မြည်ရင်တော့ပီပြင်တဲ့အိုး ရပဟေ့ အဖိုးအခ ဈေးများလည်း အပြေးအလွှားဝယ် တလေးတစားသာ သယ်ခဲ့တော့။
အဲဒါ တို့ဘိုးဘေးတွေ လက်ထက်ကတည်းက အိုးရွေးတဲ့အချက်ပဲ…ငါ့သား ။
ဈေးဝယ်ဆိုမှတော့ဈေးလယ်ထိတော့ရောက်အောင်သွားတန်းထားတဲ့အိုးတွေ ရှိတယ် လမ်းသလားတဲ့အိုးတွေ ရှိတယ်…။
အနေသန့်တဲ့ အိုးအကောင်းတွေရှိတယ်မြေညံ့တဲ့ အိုးအဟောင်းတွေရှိတယ်အဖိုးသားနား အနည်းအများအမျိုးအစားလည်း
ကွဲပြားတယ်အိုးမမှားဖို့……ကြိုးစားဖို့ကအမျိုးသားတိုင်း သဘောပေါက် ဟာတစ်ယောက်…ဟောတစ်ယောက်နဲ့ အချိုးပြေ မပြေသိရအောင်
အိုးတွေသာ လိုက်ခေါက်ကြည့်ပေတော့…သားရေ
မျှဝေခံစား_အညတြဘိက္ခုပုလော
credit= ရဲသူခ
Leave a Reply