








Rain (For Ialinks)

unicode

အလုပ်ကိစ္စနဲ့ခရီးထွက်ပြီးပြန်လာရာ ဇနီးဖြစ်သူအိပ်ခန်းဆီကနေ ဟောက်သံအကျယ်ကြီးကြားလို့ဝင်ကြည့်လိုက်ရာမှ အံ့သြစရာနဲ့ကြုံတွေ့ခဲ့သော ခင်ပွန်း

လူတိုင်းကတော့ ကိုယ့်ရဲ့အနားမှာ ဆိုးအတူကောင်းအတူခွဲခွာမသွားပဲ ရှိနေပေးမည့်သူမျိုးနဲ့သာ ဆုံချင်တတ်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ခင်ပွန်းသည်တစ်ဦးသည် အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ရကာ

အိမ်မှာဇနီးဖြစ်သူလေးကို တစ်ယောက်တည်းချန်ထားခဲ့ရ၍ စိတ်မချသော်လည်း စားဝတ်နေရေးအတွက် ဝင်ငွေရှာဖို့ကလည်း အရေးကြီးနေပြန်တာကြောင့် စိတ်တပူပူနဲ့ ခရီးထွက်ခဲ့သည်။

ခင်ပွန်းဖြစ်သူသည် ခရီးထွက်ပြီး ဇနီးသည်ကိုအသိမပေးပဲ Supriseလုပ်ချင်တာကြောင့် မနက်၂နာရီလောက်မှာအိမ်သို့တိတ်တိတ်လေးပြန်လာခဲ့ရာ

အိပ်ခန်းထဲကနေ အမျိုးသားတစ်ဦးရဲ့ဟောက်သံအကျယ်ကြီးကို ကြားနေရတာကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားပြီး အခန်းတံခါးကို သာသာလေးဖွင့်ကြည့်ခဲ့သည်။

သို့ပေမယ့်လည်း အခန်းထဲတွင် ဇနီးဖြစ်သူတစ်ယောက်တည်းသာရှိနေပြီး ဟောက်သံကတော့ သူအိပ်ပျော်နေချိန်အသံသွင်းထားသောဟောက်သံဖြစ်နေပြီး ဖက်လုံးလေးကိုလည်း သူအမြဲဝတ်နေကျအင်္ကျီလေးပက်ထားပြီးတော့ ဖက်အိပ်နေတာကိုတွေ့ခဲ့ရသည်။

ဇနီးဖြစ်သူသည် ခင်ပွန်းသည်မရှိချိန် သူ့ရဲ့အငွေ့အသက်လေးနဲ့ အသံလေးကိုကြားချင်တာကြောင့် ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းဆိုခဲ့ချိန် ချစ်ဇနီးလေးအား လုပ်အားခအကုန်ပြန်အပ်ခဲ့သည်။

Rain (For Ialinks)

crd

Be the first to comment

Leave a Reply

Your email address will not be published.


*