ကိုယ္ဝန္ရွိေနသူကို ခိုးရာလိုက္ခိုင္းသည့္ကိစၥ စုံစမ္းရာက အဖိုးက သားမယား…See More

ကိုယ္ဝန္ရွိေနသူကို ခိုးရာလိုက္ခိုင္းသည့္ကိစၥ စုံစမ္းရာက အဖိုးက သားမယား…See More

ဘိုကေလးၿမိဳ႕၌ ကိုယ္ဝန္ရွိေနသည့္ မိန္းကေလးကို ခိုးရာလိုက္ခိုင္းသည့္ကိစၥအား စုံစမ္းရာက အဖိုးျဖစ္သူက သားမယားျပဳက်င့္မႈေပၚေပါက္သျဖင့္

ဖမ္းဆီးစစ္ေဆးလ်က္ရွိေၾကာင္း ဇန္နဝါရီ ၁၇ ရက္ေန႔တြင္ ရဲတပ္ဖြဲ႕မွ သိရသည္။ဇန္နဝါရီ ၁၆ ရက္ ညေန ၄ နာရီခြဲအခ်ိန္တြင္ ဘိုကေလးၿမိဳ႕နယ္

ႀကိမ္ေခ်ာင္းႀကီးအုပ္စုေန အသက္ (၃၂)ႏွစ္အ႐ြယ္ တိုင္တန္းသူအမ်ိဳးသမီး ေနအိမ္တြင္ရွိေနစဥ္ တိုင္တန္းသူ၏ အသက္ ၁၅ ႏွစ္အ႐ြယ္ သမီး၌ ကိုယ္ဝန္ရွိေနေၾကာင္းႏွင့္ သမီးျဖစ္သူမွာ တစ္႐ြာတည္းေနသူ အမ်ိဳးသားတစ္ဦးႏွင့္ ခ်စ္ႀကိဳက္ေနေၾကာင္း

ေက်း႐ြာဘုန္းႀကီးေက်ာင္း၌ သံဃာစိစစ္ေရးကတ္မရွိဘဲ ရဟန္းဝတ္ေနသည့္ (တိုင္တန္းသူ၏ ခင္ပြန္းဘက္မွ ဖခင္ျဖစ္သူ) ဦးကုသလ(ခ)ဦးေက်ာ္စိုး(၆၆)ႏွစ္က သမီးျဖစ္သူႏွင့္

၎၏ခ်စ္သူတို႔ ႏွစ္ဦးအား ဘယ္သူမွမသိေအာင္ ခိုးရာလိုက္ေျပးရန္တိုက္တြန္းေနေၾကာင္း တိုင္တန္းသူ၏ ညီမ ေတာ္စပ္သူက လာေရာက္ ေျပာျပခဲ့သည္။

တိုင္တန္းသူက အသက္ ၁၅ ႏွစ္အ႐ြယ္ သမီးကို ေမးျမန္းရာ ၎တြင္ အမွန္တကယ္ကိုယ္ဝန္ရွိေနေၾကာင္း၊ ယင္းကိုယ္ဝန္မွာ ဦးကုသလ(ခ)ေက်ာ္စိုး(၆၆)ႏွစ္က အလိုမတူဘဲ ၎ကို သားမယားျပဳက်င့္ရာမွ ရေသာ ကိုယ္ဝန္ျဖစ္ေၾကာင္း ေျပာျပသိရသည္

တိုင္တန္းသူက အေသးစိတ္ေမးျမန္းခဲ့ရာ သမီးျဖစ္သူမွာ ဦးကုသလ(ခ)ေက်ာ္စိုးထံ ေဝယ်ာဝစၥလုပ္ကိုင္ေပးရန္ သြားေရာက္စဥ္ ၂၀၂၀ ခုႏွစ္ စက္တင္ဘာလမွစတင္ကာ ဦးကုသလ(ခ)ေက်ာ္စိုးက

သားမယားအျဖစ္ အႀကိမ္ႀကိမ္ျပဳက်င့္ခဲ့ေၾကာင္း၊ ျပန္ေျပာပါက”သတ္ပစ္မယ္”ဟုၿခိမ္းေျခာက္ထားေသာေၾကာင့္ မေျပာရျခင္းျဖစ္ေၾကာင္း ေျပာျပသိရသည္ဆိုကာ သက္ဆိုင္ရာသို႔ တိုင္ၾကားခဲ့သည္

ႀကိမ္ေခ်ာင္းႀကီး နယ္ေျမရဲစခန္း (ပ)၄/၂၀၂၁၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ အရ အမႈေရးဖြင့္စစ္ေဆးလ်က္ရွိသည္။

ကိုယ်ဝန်ရှိနေသူကို ခိုးရာလိုက်ခိုင်းသည့်ကိစ္စ စုံစမ်းရာက အဖိုးက သားမယား…See More

ဘိုကလေးမြို့၌ ကိုယ်ဝန်ရှိနေသည့် မိန်းကလေးကို ခိုးရာလိုက်ခိုင်းသည့်ကိစ္စအား စုံစမ်းရာက အဖိုးဖြစ်သူက သားမယားပြုကျင့်မှုပေါ်ပေါက်သဖြင့်

ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ဇန်နဝါရီ ၁၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။ဇန်နဝါရီ ၁၆ ရက် ညနေ ၄ နာရီခွဲအချိန်တွင် ဘိုကလေးမြို့နယ်

ကြိမ်ချောင်းကြီးအုပ်စုနေ အသက် (၃၂)နှစ်အရွယ် တိုင်တန်းသူအမျိုးသမီး နေအိမ်တွင်ရှိနေစဉ် တိုင်တန်းသူ၏ အသက် ၁၅ နှစ်အရွယ် သမီး၌ ကိုယ်ဝန်ရှိနေကြောင်းနှင့် သမီးဖြစ်သူမှာ တစ်ရွာတည်းနေသူ အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်နေကြောင်း

ကျေးရွာဘုန်းကြီးကျောင်း၌ သံဃာစိစစ်ရေးကတ်မရှိဘဲ ရဟန်းဝတ်နေသည့် (တိုင်တန်းသူ၏ ခင်ပွန်းဘက်မှ ဖခင်ဖြစ်သူ) ဦးကုသလ(ခ)ဦးကျော်စိုး(၆၆)နှစ်က သမီးဖြစ်သူနှင့်

၎င်း၏ချစ်သူတို့ နှစ်ဦးအား ဘယ်သူမှမသိအောင် ခိုးရာလိုက်ပြေးရန်တိုက်တွန်းနေကြောင်း တိုင်တန်းသူ၏ ညီမ တော်စပ်သူက လာရောက် ပြောပြခဲ့သည်။

တိုင်တန်းသူက အသက် ၁၅ နှစ်အရွယ် သမီးကို မေးမြန်းရာ ၎င်းတွင် အမှန်တကယ်ကိုယ်ဝန်ရှိနေကြောင်း၊ ယင်းကိုယ်ဝန်မှာ ဦးကုသလ(ခ)ကျော်စိုး(၆၆)နှစ်က အလိုမတူဘဲ ၎င်းကို သားမယားပြုကျင့်ရာမှ ရသော ကိုယ်ဝန်ဖြစ်ကြောင်း ပြောပြသိရသည်

တိုင်တန်းသူက အသေးစိတ်မေးမြန်းခဲ့ရာ သမီးဖြစ်သူမှာ ဦးကုသလ(ခ)ကျော်စိုးထံ ဝေယျာဝစ္စလုပ်ကိုင်ပေးရန် သွားရောက်စဉ် ၂၀၂၀ ခုနှစ် စက်တင်ဘာလမှစတင်ကာ ဦးကုသလ(ခ)ကျော်စိုးက

သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ပြန်ပြောပါက”သတ်ပစ်မယ်”ဟုခြိမ်းခြောက်ထားသောကြောင့် မပြောရခြင်းဖြစ်ကြောင်း ပြောပြသိရသည်ဆိုကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်

ကြိမ်ချောင်းကြီး နယ်မြေရဲစခန်း (ပ)၄/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်စစ်ဆေးလျက်ရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*