“လက်ရှိ မိန်းမတွေရဲ့ ဘဝ”အားနွဲ့တယ်ထင်ရပေမယ့် ဆင်းရဲဒုက္ခတွေကို ယောက်ျားတွေထက် ပိုခံနိုင်တယ်

“လက်ရှိ မိန်းမတွေရဲ့ ဘဝ”အားနွဲ့တယ်ထင်ရပေမယ့် ဆင်းရဲဒုက္ခတွေကို ယောက်ျားတွေထက် ပိုခံနိုင်တယ်

လက်ရှိ မိန်းမတွေရဲ့ ဘဝ …❝ မိန်းမ … ၊ မိန်းမ … ၊ ဘဝ … ❞

❝ မိန်းမ … ၊ မိန်းမ … ၊ ဘဝ … ❞

စိတ်က မိဘအတွက် … ၊ ကိုယ်ခန္ဓာက လင်ယောက်ျားအတွက် … ၊ အချိန်တွေက သားသ္မီးအတွက် … ၊

ကိုယ့်အတွက် မျက်နှာပေါ်က အရေးအကြောင်းတွေရယ် … ၊ ပင်ပန်းနွမ်းနယ်မှု့တွေရယ် … ၊ ပဲ ကျန်ခဲ့တယ် … ။

လှပလွန်းရင် အန္တရာယ်များတယ် … ။

ရုပ်ဆိုးပြန်တော့လည်း ဘယ်သူမှအဖက်မလုပ်ချင်ဘူး … ။

ပွင့်လင်းလွန်းတော့ အပေါစားထင်မယ် … ။

စကားနည်းတော့ ပေါင်းသင်းရခက်တယ် … ။

တစ်ကိုယ်တည်းနေမယ်ဆိုတော့ … ၊ လိုချင်တဲ့သူမရှိလို့တဲ့ … ။

အိမ်ထောင်ပြုတော့လည်း လွတ်လပ်မှု့ ဆုံးရှုံးပြန်ကော … ၊

လင်ယောက်ျားက ခန့်ညားလွန်းတော့လည်း သူများအတွက် အလွယ်တကူဖြစ်နိုင်တယ် … ။

မချောတော့လည်း ကိုယ့်အမြင်က နိမ့်ကျတယ်ဖြစ်မယ် … ။

ကလေးမယူချင်တော့လည်း မိန်းမ မပီသဘူးကဲ့ရဲ့ကြမယ် … ။

ကလေးယူပြန်တော့လည်း ကိုယ်ပဲ ပင်ပန်းရတယ် … ။

အပြင်မှာအလုပ်ထွက်လုပ်တော့လည်း အိမ်မှု့ကိစ္စ မပိုင်နိုင်ဘူး … ၊ အပြင်ပဲထွက်ချင်တယ် ပြောမယ် … ။

ငွေမရှာပြန်တော့လည်း အရည်အချင်းမရှိဘူး … ၊ ယောက်ျားကိုပဲ အားကိုးနေတယ်ပြောဦးမယ် … ။

အလှပြင်တော့လည်း ပဲများတယ်ပြောမယ် … ။

မပြင်ပြန်တော့လည်း မိန်းမဖြစ်ပြီး သပ်ရပ်မှု့မရှိ … ၊ အပျင်းကြီးတယ်ပြောမယ် … ။

သူငယ်ချင်းမရှိတော့ စိတ်ညစ်တဲ့အခါ ရင်ဖွင့်စရာမရှိပြန်ဘူး … ။

သူငယ်ချင်းများပြန်တော့လည်း ရှုပ်ရှုပ်ရှက်ရှက်နဲ့ အတည်တကျမရှိဘူး ပြောကြမယ် … ။

လောကကြီးမှာ မိန်းမဖြစ်ရတာ ကိုယ်ပိုင်တဲ့အချိန်ဆိုတာ မရှိဘူး … ။

မိန်းမလုပ်ရတာ ယောက်ျားလုပ်ရတာထက် ခက်ပြီးရင်းခက်နေတော့တာပဲ … ။

မိန်းမဖြစ်ရတာ အယူဝါဒအရ မမြတ်ရင်သာနေမယ် … ။

ယောက်ျားတွေထက်နိမ့်တာ မရှိဘူး … ။

ကိုယ်ခန္ဓာဖွဲ့စည်းပုံအရ အားနွဲ့တယ်ထင်ရပေမယ့် … ၊ ဆင်းရဲဒုက္ခတွေကို ယောက်ျားတွေထက် ပိုခံနိုင်တယ် … ၊ ပိုခံကြရတယ် … ။

#𝘾𝙧𝙚𝙙𝙞𝙩 𝙩𝙤 𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡 𝙒𝙧𝙞𝙩𝙚𝙧

Be the first to comment

Leave a Reply

Your email address will not be published.


*