
ခေါင်းအုံးညစ်ပတ်ရင် ကျန်းမာရေးအတွက်လည်းမကောင်းသလို၊ မျက်နှာအသားအရေနဲ့ ဆံသားအတွက်လည်း မကောင်းပါဘူး။
ခေါင်းအုံးမှာကပ်နေတဲ့ ဘတ်တီးရီးယားနဲ့ ပိုးမွှားတွေက ဝက်ခြံနဲ့ အဆီဖုတွေထွက်စေတယ်။ အသားအရေယားတာမျိုးတွေ ဖြစ်စေပါတယ်။
ဒါကြောင့် ညစ်ပတ်နေတဲ့ခေါင်းအုံးကို လုံးဝဖြူပြီး သန့်စင်သွားအောင် လျှော်နိုင်မယ့်နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။
ရေနွေးကို အိုးကြီးတစ်အိုးနဲ့ အရင်တည်ထားလိုက်ပါ။
ရေနွေးဆူပြီဆိုရင် အဲ့ထဲကို ဆပ်ပြာမှုန့် – ခွက်တစ်ခွက်စာ၊ ပန်းကန်ဆေးဆပ်ပြာရည် – ခွက်တစ်ခွက်စာနဲ့ ပိုးမွှားသန့်စင်စေတဲ့ဆေးဖြစ်တဲ့ Borax – ခွက်တစ်ဝက်စာတို့ကိုထည့်ပြီး မွှေလိုက်ပါ။
မွှေပြီးရင် ဇလုံးအကြီးထဲ ပြောင်းထည့်ပြီး အစွန်းချွတ်ဆေး Bleach – ခွက်တစ်ခွက်စာထည့်ပြီးမွှေပါ။
ပြီးတာနဲ့ ခေါင်းအုံးစွတ်ချွတ်ပြီး ခေါင်းအုံးကို အနည်းဆုံး မိနစ် ၃၀ ကြာအောင် စိမ်ထားလိုက်ပါ။
စိမ်ထားတဲ့အချိန်မှာ ပေကျံနေတဲ့ စွန်းထင်းညစ်ပတ်နေတဲ့နေရာတွေကို ပွတ်ပေးဖို့လည်း မမေ့ပါနဲ့။
အားလုံးပြီးပြီဆိုရင် ကိုယ့်အဝတ်လျှော်စက်က ခေါင်းအုံးလျှော်လို့နိုင်တဲ့စက်ဆိုရင် အဝတ်လျှော်စက်ထဲထည့်ပြီး ထပ်လျှော်ပါ။
လျှော်လို့မနိုင်တဲ့စက်ဆိုရင်တော့ မိနစ် ၃၀ ထက်ပိုကြာအောင်စိမ်ထားပြီး Brush နဲ့ သေချာတိုက်ပေးပါ။ ဒါဆိုရင်တော့ ညစ်ပတ်နေတဲ့ခေါင်းအုံးက ဖြူပြီးသန့်စင်သွားပါလိမ့်မယ်။
လေးစားစွာဖြင့် Credit – မူရင်းရေးသူ
Zawgyi ဖြင့်ဖတ်ပါ