
Unicode
စင်ကာပူမှာ တစ်လသိန်းတစ်ထောင်နီးပါးဝင်တယ်ဆိုတဲ့ ထူးထူးဆန်းဆန်းအသက်မွေးသူ တစ်ယောက်အကြောင်းပြောပြအုံးမယ်။
Bambi Leong Kai Mei ဆိုတဲ့ကလေးမအကြောင်းကို ခေတ်သစ်စုန်းပယောဂဆရာမအဖြစ် ဟိုနားဒီနားမှာဖတ်ရတာကြာပြီ။ သူ့ကို online မှာ
DarkWitchBambi လို့ခေါ်ကြတယ်။ ဒီတစ်ခေါက် Sim Lim Square ရောက်မှသူ့ဆိုင်ရှေ့သွားပြီးကေပိုးအုံးမယ်။ #02-28 မှာတဲ့။ ဆိုင်နာမည်က The Love Witch တဲ့။
သူ့မှာ online shop ရော ဗေဒင်ဟောခန်းရောရှိတယ်။Bambi Leong Kai Mei ဟာ ဟယ်ရီပေါ်တာတို့လို ဟော့ဝပ်စ်စုန်းဝိဇ္ဇာမှော်ပညာသင်ကျောင်း The Hogwarts School of Witchcraft and Wizardry ထွက်မဟုတ်ဘူး။
Bambi က National University of Singapore က Political Science နိုင်ငံရေးသိပ္ပံနဲ့ဘွဲ့ရထားတာ။ ကျနော်ပြောချင်တာက သူမကနိုင်ငံရေးသိပ္ပံနဲ့ဘွဲ့ရပြီး လူတွေအကြောင်းကို ကောင်းကောင်းသဘောပေါက်သွားပုံရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူဟာသူ့လိုင်းနဲ့သူ entrepreneur တစ်ယောက်အဖြစ် အောင်မြင်နေတာတော့အမှန်ပဲ။ တစ်လစင်ကာပူဒေါ်လာ ၇၀၀၀၀ လောက်ဝင်တယ်ဆိုကတည်းက အချာပင်တော့မဖြစ်နိုင်ဘူး။
သူကတားရော့ဟောတယ်၊ ယတြာချေတယ်၊ ပြုစားတာတွေဘာတွေလုပ်ပေးတယ်။ ပယောဂအစီအရင်တွေရတယ်။ အမယ်ဈေးကမပေါဘူး။
နှစ်ယောက်ကြားရှုပ်နေတဲ့ တတိယလူကိုရှင်းပေးရင် ဒေါ်လာ (၆၀၀)၊ အလုပ်မှာပြဿနာရှာနေသူကိုရှင်းပေးရင် ဒေါ်လာ (၃၈၀)။
ပီယဆေးလိုချင်ရင် ဒေါ်လာ (၅၄၀)။ တသက်လုံးစာကျိန်မလား ဒေါ်လာ (၃၀၀၀၀) အများကြီးပဲရှိတယ်။white magic, dark magic တွေဘာညာရှိသေးတယ်။
အလုပ်မှာရာထူးတိုးချင်တာ ဘာညာသူ့ဆီမှာ အစီအရင်တွေရသတဲ့။ အမယ်တတိယနိုင်ငံတွေမှာ ကျောင်းဖွင့်ဖို့ရည်ရွယ်ချက်ရှိသတဲ့။ အလုပ်လက်မဲ့ကလေးတွေကို သက်မွေးမှုတစ်ခုအနေနဲ့ magic skills ကိုသင်ပေးချင်လို့တဲ့။
သူ့ပရိတ်သတ်နဲ့သူ အဆင်ပြေနေတာမှ ဝင်ငွေက online ကနေ တစ်လဒေါ်လာ ၃၀၀၀၀ ကျော် ဆိုင်ကနေဒေါ်လာ ၄၀၀၀၀ လောက်ရနေတာဖြစ်တယ်။
ဟိုရှုပ်ရှက်ခတ်နေတဲ့ ဖုန်းရွှေဆရာတွေနဲ့မတူပဲ သူကရုပ်ကလေးကလည်းရှိ ပညာတတ်ကလေးကလည်းဖြစ် အသက်ကလည်း (၂၈) နှစ်ပဲရှိသေးတော့ သူ့ကိုပိုသဘောကျကြမလားပဲ။
Magic ယုံတဲ့လူတွေကတော့ နေရာတိုင်းမှာရှိတယ်ဆိုတာကို ဒီအဖြစ်ကသက်သေပြနေတာပဲ။ တနေ့တနေ့ အစီအရင်လုပ်ချင်တဲ့သူတွေသူ့ဆီမှာ မနည်းဘူးတ။ စိတ်ဝင်စားတဲ့သူတွေသိရအောင် ရှယ်ပေးကြပါအုံးနော်
Credit : Richard Myo Thant
Zawgyi
စင္ကာပူမွာ တစ္လသိန္းတစ္ေထာင္နီးပါးဝင္တယ္ဆိုတဲ့ ထူးထူးဆန္းဆန္းအသက္ေမြးသူ တစ္ေယာက္အေၾကာင္းေျပာျပအုံးမယ္။
Bambi Leong Kai Mei ဆိုတဲ့ကေလးမအေၾကာင္းကို ေခတ္သစ္စုန္းပေယာဂဆရာမအျဖစ္ ဟိုနားဒီနားမွာဖတ္ရတာၾကာၿပီ။ သူ႔ကို online မွာ
DarkWitchBambi လို႔ေခၚၾကတယ္။ ဒီတစ္ေခါက္ Sim Lim Square ေရာက္မွသူ႔ဆိုင္ေရွ႕သြားၿပီးေကပိုးအုံးမယ္။ #02-28 မွာတဲ့။ ဆိုင္နာမည္က The Love Witch တဲ့။
သူ႔မွာ online shop ေရာ ေဗဒင္ေဟာခန္းေရာရွိတယ္။Bambi Leong Kai Mei ဟာ ဟယ္ရီေပၚတာတို႔လို ေဟာ့ဝပ္စ္စုန္းဝိဇၨာေမွာ္ပညာသင္ေက်ာင္း The Hogwarts School of Witchcraft and Wizardry ထြက္မဟုတ္ဘူး။
Bambi က National University of Singapore က Political Science ႏိုင္ငံေရးသိပၸံနဲ႔ဘြဲ႕ရထားတာ။ က်ေနာ္ေျပာခ်င္တာက သူမကႏိုင္ငံေရးသိပၸံနဲ႔ဘြဲ႕ရၿပီး လူေတြအေၾကာင္းကို ေကာင္းေကာင္းသေဘာေပါက္သြားပုံရတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ သူဟာသူ႔လိုင္းနဲ႔သူ entrepreneur တစ္ေယာက္အျဖစ္ ေအာင္ျမင္ေနတာေတာ့အမွန္ပဲ။ တစ္လစင္ကာပူေဒၚလာ ၇၀၀၀၀ ေလာက္ဝင္တယ္ဆိုကတည္းက အခ်ာပင္ေတာ့မျဖစ္ႏိုင္ဘူး။
သူကတားေရာ့ေဟာတယ္၊ ယၾတာေခ်တယ္၊ ျပဳစားတာေတြဘာေတြလုပ္ေပးတယ္။ ပေယာဂအစီအရင္ေတြရတယ္။ အမယ္ေဈးကမေပါဘူး။
ႏွစ္ေယာက္ၾကားရႈပ္ေနတဲ့ တတိယလူကိုရွင္းေပးရင္ ေဒၚလာ (၆၀၀)၊ အလုပ္မွာျပႆနာရွာေနသူကိုရွင္းေပးရင္ ေဒၚလာ (၃၈၀)။
ပီယေဆးလိုခ်င္ရင္ ေဒၚလာ (၅၄၀)။ တသက္လုံးစာက်ိန္မလား ေဒၚလာ (၃၀၀၀၀) အမ်ားႀကီးပဲရွိတယ္။white magic, dark magic ေတြဘာညာရွိေသးတယ္။
အလုပ္မွာရာထူးတိုးခ်င္တာ ဘာညာသူ႔ဆီမွာ အစီအရင္ေတြရသတဲ့။ အမယ္တတိယႏိုင္ငံေတြမွာ ေက်ာင္းဖြင့္ဖို႔ရည္႐ြယ္ခ်က္ရွိသတဲ့။ အလုပ္လက္မဲ့ကေလးေတြကို သက္ေမြးမႈတစ္ခုအေနနဲ႔ magic skills ကိုသင္ေပးခ်င္လို႔တဲ့။
သူ႔ပရိတ္သတ္နဲ႔သူ အဆင္ေျပေနတာမွ ဝင္ေငြက online ကေန တစ္လေဒၚလာ ၃၀၀၀၀ ေက်ာ္ ဆိုင္ကေနေဒၚလာ ၄၀၀၀၀ ေလာက္ရေနတာျဖစ္တယ္။
ဟိုရႈပ္ရွက္ခတ္ေနတဲ့ ဖုန္းေ႐ႊဆရာေတြနဲ႔မတူပဲ သူက႐ုပ္ကေလးကလည္းရွိ ပညာတတ္ကေလးကလည္းျဖစ္ အသက္ကလည္း (၂၈) ႏွစ္ပဲရွိေသးေတာ့ သူ႔ကိုပိုသေဘာက်ၾကမလားပဲ။
Magic ယုံတဲ့လူေတြကေတာ့ ေနရာတိုင္းမွာရွိတယ္ဆိုတာကို ဒီအျဖစ္ကသက္ေသျပေနတာပဲ။ တေန႔တေန႔ အစီအရင္လုပ္ခ်င္တဲ့သူေတြသူ႔ဆီမွာ မနည္းဘူးတ။ စိတ္ဝင္စားတဲ့သူေတြသိရေအာင္ ရွယ္ေပးၾကပါအုံးေနာ္
Credit : Richard Myo Thantv
Leave a Reply