ငွ သိန်း ၂၀ တန်ကို လက်ဘက်ရည် တစ်ခွက်နဲ့လဲခဲ့တဲ့ သူ…
မူရင်း ခရက်ဒစ်

Zawgyi
ငွေ သိန်း ၂၀ တန်ကို လက်ဘက်ရည် တစ်ခွက်နဲ့လဲခဲ့တဲ့ သူ…
အမေက အလုပ်ကိစ္စနဲ့ ရွှေပြည်သာ ဘက်ကို ခိုင်းလို့ မင်္ဂလာဒုံဈေးအဖြတ်မှာ ဒုတ်ထိုးဆိုင်လေးသန့်လို့ ဗိုက်ဆာဆာနဲ့ ဝင်စားမိခဲ့တယ်
နမော်နမဲ့ နိုင်တဲ့ ကျွန်တော်က စားအပြီးမှာရွှေဘူး ကျကျန်ခဲ့မိတယ်
နောက် ၅ မိနစ်လောက်နေမှ သတိရလို့ ဟိုဒီရှာရင်း သွားပြန်မေးတော့ အကို ကျွန်တော်ရွှေဘူးလေး ကျခဲ့တာတွေ့မိလားမသိဘူး
ဟန်းချိန်းရယ် စိန်လက်စွပ် တစ်ကွင်းရယ် တန်ဖိုးရယ် အတိအကျ ပြောပြလိုက်တော့ လောဘစိတ်မရှိဘဲ ပြန်ပေးတယ်ဗျာ
ကျေးဇူးတင်လို့ လက်ထဲပါသမျှ ပိုက်ဆံတွေအကုန်လုံးနဲ့ ကန်တော့တာ မယူဘူးဗျ
(သူ့ကို လက်ဘက်ရည် တစ်ခွက်ပဲ တိုက်ပါတဲ့ ) ဘယ်လို လူရိုးကြီးလဲ
လက်ဘက်ရည်ဆိုင်ရောက်တော့ အတင်းကန်တော့တာပါဆိုပြီး ထပ်ပေးပြန်တော့လည်း မယူဘူး
သူပြန်ပြောတဲ့ စကားလေးက ( ငါ့ ညီ အကိုတို့က မရှိလို့ လမ်းဘေးမှာ ဈေးရောင်းစားတာ ဘယ်သူ့ပစ္စည်းမှ အလကားမယူပါဘူး တဲ့ )
တကယ့်ကို လူရိုး လူမှန်ကြီးပါ ဗျာ ၊ လမ်းကြုံရင် ဝင်အားပေးလိုက်ပါဦး
ဆိုင်က ( မင်္ဂလာဒုံဈေးမှတ်တိုင် ကားဝင်းဟောင်း ဘေးမှာပါ )
မူရင်း ခရက်ဒစ်
Leave a Reply