ချိုင်းက အမွေးအမျှင်တွေကို ရိတ်စရာမလိုဘဲ ချိုင်းကို ဖြူသွားစေမယ့်နည်းလမ်း (၅) ခု

အင်္ကျီလက်ပြတ်လေးတွေ ဝတ်ဖို့အတွက် ချိုင်းက မည်းနေရင် စိတ်ညစ်စရာမလိုတော့ပါဘူးနော်။ ချိုင်းက အမွေးအမျှင်တွေကို ရိတ်ရင် ခဏနဲ့ ပြန်ထွက်လာပါတယ်။ ဒီနည်းကတော့ ချိုင်းကိုရိတ်စရာမလိုဘဲ အမွေးအမျှင်တွေလည်း ဖယ်ရှားပြီးသားဖြစ်၊ ချိုင်းပါ ဖြူစင်သွားစေမယ့်နည်းလမ်းပါပဲ။

နည်းလမ်း ၁

– သကြားတစ်ခွက်

– ပျားရည်ခွက်ရဲ့ လေးပုံတစ်ပုံ

– သံပုရာရည်လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေပါ။ အဲဒီနောက် မီးဖိုပေါ်မှာ ၂ မိနစ်ခန့် အပူပေးပါ။ အပူပေးပြီးနောက် ခဏလောက် အအေးခံထားပါ။ ရလာတဲ့ wax က အေးသွားတဲ့အခါမှာတော့ ချိုင်းမှာ လိမ်းလိုက်ပြီး မိနစ် ၂၀ ခန့်ထားပေးပါ။

Wax ခြောက်သွားတဲ့အချိန်မှာ ဆွဲခွာလိုက်ရုံပါပဲ။ ချိုင်းက ဖြူသွားပြီး အမွှေးအမျှင်တွေလည်း မကျန်တော့ပါဘူး။ အဲဒီနောက်မှာတော့ ချိုင်းကို ပေါင်ဒါမှုန့်လေး လိမ်းထားပေးလို့ရပါပြီ။

နည်းလမ်း ၂

– ကြက်ဥတစ်လုံးကို ဖောက်ပြီး အနှစ်နဲ့ အကာကို ခွဲလိုက်ပါ။

– ကြက်ဥအကာကို ပြောင်းကော်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောမွှေပါ။ ရလာတဲ့အနှစ်ကို ချိုင်းမှာ လိမ်းပေးပြီး ခြောက်သွားအောင် စောင့်ပါ။ ခြောက်သွားတဲ့အခါမှာတော့ ခွာလိုက်လို့ရပါပြီ။

နည်းလမ်း ၃

ဒီနည်းကတော့ ချိုင်းက အမွေးအမျှင်တွေကို ပေါက်တာ နှေးကွေးသွားစေပါတယ်။

– နနွင်းလက်ဖက်ရည်ဇွန်း ၃ ဇွန်း

– နွားနို့လက်ဖက်ရည်ဇွန်းတို့ကို ပျစ်သွားတဲ့အထိ ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေပါ။ အဲဒီနောက် ချိုင်းမှာ လိမ်းပေးပြီး မိနစ် ၃၀ ခန့်ထားပါ။ ခြောက်သွေ့သွားတဲ့အခါမှာတော့ ရေစိုဝတ်နဲ့ သုတ်လိုက်ပြီး ချိုင်းကို ရေဆေးလိုက်ပါ။

နည်းလမ်း ၄

သင်္ဘောသီးမှာပါဝင်တဲ့ အင်ဇိုင်းက အမွေးအမျှင်တွေကို ဖယ်ရှားပေးပါတယ်။

– သင်္ဘောသီးအမှည့်ကို လက်ဖက်ရည်ဇွန်း၂ ဇွန်းစာခန့် ချေထားပေးပါ။

– နနွင်းလက်ဖက်ရည်ဇွန်းနဲ့ သင်္ဘောသီးတို့ကို ရောမွှေပါ။

ရလာတဲ့အနှစ်ကိုတော့ ချိုင်းမှာ နှံ့သွားအောင် လိမ်းပေးပါ။ ၁၅ မိနစ်ခန့် ကြာပြီးချိန်မှာတော့ ရေဆေးချလိုက်လို့ရပါပြီ။ ဒီနည်းလမ်းကို တစ်ပတ် ၃ ကြိမ်ခန့်ပြုလုပ်ပေးရင် ချိုင်းက အရင်ကနဲ့မတူတော့ဘဲ ဖြူလာမှာပါ။

နည်းလမ်း ၅

– နနွင်းတစ်ဆနဲ့ မုန့်ဖုတ်ဆိုဒါနှစ်ဆကို ရေအနည်းနငယ်နဲ့ ပျစ်လာအောင် ရောမွှေပါ။

– ရလာတဲ့အနှစ်ကို ချိုင်းမှာ လိမ်းပေးပြီး ခြောက်သွေ့တဲ့အထိ ထားပါ။ ပိုနေတဲ့အနှစ်တွေကို လက်မှာ လိမ်းပေးလို့လည်း ရပါတယ်။

– မိနစ် ၂၀ ခန့်ကြာပြီးနောက်မှာတော့ ချိုင်းကို သန့်ရှင်းရေးလုပ်လိုက်လို့ရပါပြီ။

ဒီနည်းလမ်းက ချိုင်းက အမွေးအမျှင်တွေကို သင်ထင်ထားတာထက်ကို ပိုပြီး ဖယ်ရှားပေးနိုင်ပါတယ်။ ချိုင်းကလည်း မည်းညှစ်မနေဘဲ ဖြူသွားမှာပါ။

Bonus

ချိုင်းက အမွေးအမျှင်တွေကို ဘယ်တော့မှ မထွက်အောင် ပြုလုပ်လို့ရတဲ့နည်းလမ်းလည်း ရှိပါတယ်။ အပ်သေးသေးလေးတွေနဲ့ ချိုင်းက မွေးညင်းပေါက်တွေကို ဖယ်ရှားလိုက်ပါတယ်။ ဒီနည်းကတော့ အသားလည်းနာ၊ ဈေးလည်း ကြီး၊ အချိန်လည်း အများကြီးပေးရတတ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*