အခုခေတ် လူငယ်တွေ စလုပ်ကြည့်သင့်တဲ့ ကိုယ်ပိုင်လုပ်ငန်း (၆) ခု ဖတ်ကြည့်လိုက် အကျိုးရှိလိမ့်မယ်

အခုခေတ် လူငယ်တွေ စလုပ်ကြည့်သင့်တဲ့ ကိုယ်ပိုင်လုပ်ငန်း (၆) ခုလူတိုင်းကတော့ ဝန်ထမ်းလုပ်ချင်လို့ လုပ်နေကြတာမဟုတ်ပါဘူး။

ဖြစ်လာတဲ့ အခြေအနေ၊ အကြောင်းတရား အပေါ်မူတည်ပြီး အရွယ်ရောက်လာရင် အလုပ်တစ်ခုတော့ ဖြစ်အောင် ဝင်လုပ်နေကြတာပါ။

ဝန်ထမ်းဘဝမှာ ပျော်နေသူတွေ ရှိကောင်းရှိနိုင်သလို ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်သူတွေလည်း မနည်းလှပါဘူး။

ကိုယ်ပိုင်လုပ်ငန်း တစ်ခု လုပ်ဖို့ဆိုတာ ပြောသလောက်မလွယ်ပေမဲ့ အခုခေတ်မှာတော့ အခွင့်အလမ်းတွေအများကြီး ပွင့်လာပါပြီ။

အဲဒါကြောင့် အခုခေတ်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ကြည်ချင်တဲ့ လူငယ်တွေ စတင်ပြီး လုပ်ကြည့်သင့်တဲ့ ကိုယ်ပိုင်လုပ်ငန်း (၆) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Blogger

အခုနောက်ပိုင်းမှာ အင်တာနက် အသုံးပြုသူ များပြားလာတာနဲ့အမျှ ကဏ္ဍအသီးသီးအတွက် ဘလော့ဂ်တွေ ရေးသားတဲ့ Blogger တွေ ပေါ်ပေါက်လာပါတယ်။

Blogger အမျိုးမျိုးရှိတဲ့ အထဲမှာ အလှအပအကြာင်းရေးတဲ့ Beauty Blogger၊ ခရီးတွေအကြောင်း ရေးတဲ့ Travel Blogger နဲ့ အစားအသောက်အကြောင်းရေးတဲ့ Food Blogger တို့ကတော့ အတော်ခေတ်စားပါတယ်။

အဲဒီလို ဘလော့ဂ်တွေရေးရင်း Social Influencer အဖြစ် ပရိသတ်တွေအများကြီး ရနေသူတွေလည်း မနည်းပါဘူး။

အဲဒီလိုလူသိ များလာလေ စီးပွားရေး လုပ်ငန်းတွေက လည်း ကြော်ငြာအတွက် အနောက်က လိုက်လာလေပါပဲ။

အဲဒါကြောင့် ဝါသနာပါမယ် ဆိုရင် အခုခေတ်မှာ Blogger အလုပ်နဲ့ ရပ်တည်ဖို့ ကြိုးစားကြည့်သင့်ပါတယ်။

၂။ Personal Shopper

Personal Shopper ဆိုတာဟာ ဝယ်သူတွေလိုချင်တဲ့ ပစ္စည်းကို ရှာဝယ်ပြီး တဆင့်ခံ ပြန်ရောင်ပေးကြတာမျိုးပါ။

Online Shopping ဆိုရင်လည်း မမှားပါဘူး။ အွန်လိုင်း အသုံးများလာတဲ့ ခေတ်မှာ Online Shop လုပ်ငန်းတွေ လည်း အတော်လေးခေတ်ထလာပါတယ်။

မိမိကသာ တကယ်ကို ပစ္စည်းမှန်ဈေးမှန်၊ ဝန်ဆောင်မှု ကောင်းကောင်းနဲ့ Online Shop လုပ်ပြီး ဈေးကွက်ထိုးဖောက်လိုက်မယ် ဆိုရင် မအောင်မြင်စရာအကြောင်းမရှိ ပါဘူး။

ဒါပေမဲ့ ချက်ချင်းထအောင်မြင်ဖို့ မလွယ်ဘဲ နာမည်ရဖို့အတွက် အချိန်တစ်ခုတော့ ယူရမှာပါ။

၃။ Florist

အခုခေတ်မှာ ပန်းစည်းနဲ့ လက်ဆောင်ကဒ်တွေ ရောင်းတဲ့ ဆိုင်လေးတွေလည်း အတော်လေးများလာပါပြီ။

ချစ်သူများနေ့၊ မွေးနေ့၊ အထိမ်းအမှတ်နေ့တွေ ဆိုရင် ပန်းစည်းလှလှလေးတွေ ပေးလေ့ရှိတဲ့ ဓလေ့ဟာ အတော် ခေတ်စားလာတာကြောင့်

အခုခေတ်မှာ Florist ဆိုင်လေးဖွင့်ပြီး ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ရင်လည်းအဆင်ပြေနိုင်ပါတယ်။

၄။ Baker

အခုနောက်ပိုင်းမှာ မုန့်ဆိုင်လှလှလေးတွေ ပေါ်ပေါက်လာသလို မုန့်လှလှလေးတွေကို အွန်လိုင်းမှာတင်ပြီး ရောင်းကြတာလည်း မနည်းပါဘူး။

မုန့်ဖုတ်သင်တန်းတွေ အတော်များများပေါ်လာသလို ပရော်ဖက်ရှင်အတွက်မဟုတ်တောင် အပျော်သဘောနဲ့ အိမ်မှာနေရင်း မုန့်ဖုတ်နေသူတွေလည်း ရှိပါတယ်။

အဲဒါကြောင့် ချစ်စရာ ကောင်းပြီး အရသာရှိတဲ့ မုန့်တွေနဲ့ လူတွေကို ဆွဲဆောင်နိုင်မယ့် Baker လုပ်ငန်းကလည်း မဆိုးလှပါဘူး။

၅။ Photographer

အခုနောက်ပိုင်းမှာ အရင်ထက် အမှတ်တရဓာတ်ပုံရိုက်ကူးမှုတွေ ပိုများလာပါတယ်။ အရင်က ဘွဲ့ဓာတ်ပုံ၊ မင်္ဂလာဆောင်ပုံနဲ့ အလှူမင်္ဂလာတွေအတွက်သာ ရိုက်ကြတာပါ။

ဒီခေတ်မှာတော့ Pre-wedding, Friendship goal နဲ့ Relationship goal တို့အပါအဝင် တခြားအပျော်တမ်း အမှတ်တရ ဓာတ်ပုံရိုက်တာတွေလည်း အတော် များလာပါတယ်။

အဲဒါကြောင့် ဝါသနာပါပြီး လက်ရာကောင်းကောင်းနဲ့ ဓာတ်ပုံရိုက်တတ်မယ်၊ အွန်လိုင်းမှာ လည်း ပေါက်အောင်လုပ်မယ်ဆိုရင် Photographer ဟာလည်း လူငယ်တွေ လုပ်ကြည့်သင့်တဲ့ အလုပ်တစ်ခု ပါပဲ။

၆။ Handmade

အခုခေတ်မှာ Handmade ပစ္စည်းလေးတွေလည်း အရမ်းခေတ်စားလာပါတယ်။

ကီးချိန်းလေးတွေ၊ လက်ကောက်လေးတွေ၊ ပုတီးစေ့လေးတွေ၊ ပန်းထိုးပိုက်ဆံအိတ်တွေ၊ ခဲပန်းချီ စသဖြင့် Handmade ပြုလုပ် နိုင်တဲ့ ပစ္စည်းလွေးအများကြီး ရှိပါတယ်။

Handmade တွေဟာ အခုခေတ်မှာ ဈေးကောင်းရသလို တန်ဖိုးထား ပြီးလည်း အသုံးပြုကြပါတယ်။

အဲဒါကြောင့် လက်မှုပညာကို သေချာသင်ယူပြီး Handmade လေးတွေလုပ်ကာ အွန်လိုင်းပေါ် တင်ရောင်းတာမျိုးကနေလည်း ကိုယ်ပိုင်လုပ်ငန်း စတင်နိုင်ပါတယ်။

ခရက်ဒစ်

Zawgyi

Be the first to comment

Leave a Reply

Your email address will not be published.

*