ဆံပင်ဖြူတွေ ပေါက်လာတဲ့အခါမှာ မပြုလုပ်သင့်တဲ့ အရာ ( ၅ ) ခု…

အသက်အရွယ်က တဖြည်းဖြည်း ကြီးလာတာနဲ့ အမျှ ဆံပင်တွေက ဖြူလာပါတယ်။ ဆံသားတွေကလည်း ခြောက်သွေ့ပြီး အားနည်းလာပါတယ်။

ဆံပင်ဖြူလာတဲ့ အခါမှာ မပြုလုပ်သင့်တဲ့ အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…။

(၁) ခရမ်းရောင် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ခြင်း

ခေါင်းလျှော်တဲ့အခါ ခရမ်းရောင် ခေါင်းလျှော်ရည်နဲ့ လျှော်တာက ကောင်းပေမယ့်… နေ့စဉ်တော့ မလျှော်သင့်ပါဘူး။

ဆံပင်ဖြူတဲ့ သူတွေအတွက် ခရမ်းရောင်ခေါင်းလျှော်ရည်နဲ့ လျှော်တာက…ဆံသားကို ပို ခြောက်သွေ့စေပါတယ်။

ဆံပင်ဆေးဆိုးထားတဲ့ သူတွေမှာလည်း ခရမ်းရောင်ခေါင်းလျှော်ရည်ကို သုံးရင် ဆံပင်အရောင်တွေ မှိန်လာ ပါတယ်။

(၂) ရေဓာတ် မပြည့်ဝခြင်း

ဆံပင်ဖြူလာရင် ဆံသားမှာလည်း သဘာဝ အဆီဓာတ်တွေ ခန်းခြောက် လာပါပြီ။ ဆံသားမှာ ရေဓာတ် ပြည့်နေအောင်လို့ အစိုဓာတ်ဖြည့်ဆီတွေကို လိမ်းပေးသင့်တဲ့အပြင်

အစိုဓာတ်ဖြည့် ခေါင်းလျှော်ရည်နဲ့လည်း လျှော်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ် မပြည့်ဝရင် ဆံပင်ဖြူတွေက တဖြည်းဖြည်း များလာပါတယ်။

ရေဓာတ်ပြည့်ဝစေဖို့အတွက် ရေ များများ သောက်ပေးသင့်ပါတယ်။

(၃) ဆံပင်ကို ခဏခဏ ပုံသွင်းခြင်း

ဆံပင်ဖြူသူတွေမှာ ဆံသားအဆီတွေ နည်းပါးလာတာကြောင့် အပူပေးပြီး ပုံသွင်းတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဆံပင်ကို အပူပေးပြီး ပုံသွင်းတဲ့အခါ ဆံသားက ခြောက်သွေ့ပြီး

ကျွတ်ဆတ် လာပါတယ်။ ဆံပင်လည်း ပို ကျွတ်လာပါတယ်။ ဆံပင်တွေ ဖြူလာပြီးတဲ့နောက် အပူပေးပြီး ပုံသွင်းတာကို လျှော့ချလိုက်တဲ့အခါ ဆံပင်ကျွတ်တာလည်း သက်သာလာမှာပါ။

(၄) Dry shampoo ကို အသုံးများခြင်း

ဆံပင်ဖြူတဲ့အခါမှာ ဆံသားတွေက အရင်ကလို မတောက်ပတော့ပါဘူး။ အဲဒါကြောင့် ခေါင်းလျှော်ရည်ကိုသာ သုံးသင့်ပြီး Dry shampoo ကို မသုံးသင့်တော့ပါဘူး။

Dry shampoo ကို ခဏခဏ သုံးရင် ဗောက်ထတာ၊ ဦးရေပြား ယားယံတာနဲ့ ဆံသား မတောက်ပတာတို့ ဖြစ်ပေါ်စေပါတယ်။

(၅) ဆံပင်ဖြူ နှုတ်ခြင်း

ဆံပင်တွေ ဖြူလာတဲ့အခါမှာတော့ တစ်ပင်ဖြူရင် တစ်ပင်ကို နှုတ်ကြပါတယ်။ ဒါပေမယ့် ဆံပင်ဖြူတွေ နှုတ်လေ ဆံပင်ဖြူတွေ ပို များလာလေပါပဲ။ ဆံပင်ဖြူ နှုတ်တာကြောင့်…

ဦးရေပြားက မွေးညင်းပေါက်လေးတွေလည်း အားနည်း လာပါတယ်။ ဆံပင် ဖြူလာတဲ့အခါမှာ သဘာဝ ဆိုးဆေး အကူအညီ ကိုသာ ယူသင့်ပါတယ်။

ခရက်ဒစ်#Zombie (lovemedia)#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Unicode

ဆံပင်ဖြူတွေ ပေါက်လာတဲ့အခါမှာ မပြုလုပ်သင့်တဲ့ အရာ ( ၅ ) ခု…
အသက်အရွယ်က တဖြည်းဖြည်း ကြီးလာတာနဲ့ အမျှ ဆံပင်တွေက ဖြူလာပါတယ်။ ဆံသားတွေကလည်း ခြောက်သွေ့ပြီး အားနည်းလာပါတယ်။

ဆံပင်ဖြူလာတဲ့ အခါမှာ မပြုလုပ်သင့်တဲ့ အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…။

(၁) ခရမ်းရောင် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ခြင်း

ခေါင်းလျှော်တဲ့အခါ ခရမ်းရောင် ခေါင်းလျှော်ရည်နဲ့ လျှော်တာက ကောင်းပေမယ့်… နေ့စဉ်တော့ မလျှော်သင့်ပါဘူး။ ဆံပင်ဖြူတဲ့ သူတွေအတွက် ခရမ်းရောင်ခေါင်းလျှော်ရည်နဲ့ လျှော်တာက…

ဆံသားကို ပို ခြောက်သွေ့စေပါတယ်။ ဆံပင်ဆေးဆိုးထားတဲ့ သူတွေမှာလည်း ခရမ်းရောင်ခေါင်းလျှော်ရည်ကို သုံးရင် ဆံပင်အရောင်တွေ မှိန်လာ ပါတယ်။

(၂) ရေဓာတ် မပြည့်ဝခြင်း

ဆံပင်ဖြူလာရင် ဆံသားမှာလည်း သဘာဝ အဆီဓာတ်တွေ ခန်းခြောက် လာပါပြီ။ ဆံသားမှာ ရေဓာတ် ပြည့်နေအောင်လို့ အစိုဓာတ်ဖြည့်ဆီတွေကို လိမ်းပေးသင့်တဲ့အပြင်

အစိုဓာတ်ဖြည့် ခေါင်းလျှော်ရည်နဲ့လည်း လျှော်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ် မပြည့်ဝရင် ဆံပင်ဖြူတွေက တဖြည်းဖြည်း များလာပါတယ်။

ရေဓာတ်ပြည့်ဝစေဖို့အတွက် ရေ များများ သောက်ပေးသင့်ပါတယ်။

(၃) ဆံပင်ကို ခဏခဏ ပုံသွင်းခြင်း

ဆံပင်ဖြူသူတွေမှာ ဆံသားအဆီတွေ နည်းပါးလာတာကြောင့် အပူပေးပြီး ပုံသွင်းတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဆံပင်ကို အပူပေးပြီး ပုံသွင်းတဲ့အခါ ဆံသားက ခြောက်သွေ့ပြီး

ကျွတ်ဆတ် လာပါတယ်။ ဆံပင်လည်း ပို ကျွတ်လာပါတယ်။ ဆံပင်တွေ ဖြူလာပြီးတဲ့နောက် အပူပေးပြီး ပုံသွင်းတာကို လျှော့ချလိုက်တဲ့အခါ ဆံပင်ကျွတ်တာလည်း သက်သာလာမှာပါ။

(၄) Dry shampoo ကို အသုံးများခြင်း

ဆံပင်ဖြူတဲ့အခါမှာ ဆံသားတွေက အရင်ကလို မတောက်ပတော့ပါဘူး။ အဲဒါကြောင့် ခေါင်းလျှော်ရည်ကိုသာ သုံးသင့်ပြီး Dry shampoo ကို မသုံးသင့်တော့ပါဘူး။

Dry shampoo ကို ခဏခဏ သုံးရင် ဗောက်ထတာ၊ ဦးရေပြား ယားယံတာနဲ့ ဆံသား မတောက်ပတာတို့ ဖြစ်ပေါ်စေပါတယ်။

(၅) ဆံပင်ဖြူ နှုတ်ခြင်း

ဆံပင်တွေ ဖြူလာတဲ့အခါမှာတော့ တစ်ပင်ဖြူရင် တစ်ပင်ကို နှုတ်ကြပါတယ်။ ဒါပေမယ့် ဆံပင်ဖြူတွေ နှုတ်လေ ဆံပင်ဖြူတွေ ပို များလာလေပါပဲ။ ဆံပင်ဖြူ နှုတ်တာကြောင့်…

ဦးရေပြားက မွေးညင်းပေါက်လေးတွေလည်း အားနည်း လာပါတယ်။ ဆံပင် ဖြူလာတဲ့အခါမှာ သဘာဝ ဆိုးဆေး အကူအညီ ကိုသာ ယူသင့်ပါတယ်။

ခရက်ဒစ်#Zombie (lovemedia)#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*