သွားဂျိုး၊ သွားကျောက်တွေကို အလွယ်တကူ ဖယ်ရှားနိုင်မည့်နည်း (၇)နည်း

ကျွန်ုပ် တို့နေ့စဉ်ဘဝမှာ လူတွေအများကြီးနဲ့ပြောဆိုဆက်ဆံကြရပါတယ်။ အဲဒီအခါ ခံတွင်း သန့်ရှင်းရေးနဲ့ သွားကျန်းမာရေးကလည်းအလွန်အရေးပါပါတယ်။ နေ့စဉ်စားသုံးနေတဲ့အစားအစာတွေကိုပြောင်အောင်မသန့်ရှင်းနိုင်ပါက

အကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယားတွေကြောင့် သွား ချေးများဖြစ်ပေါ်လာပြီးကြာလာတာနဲ့အမျှ ဝါလာပြီးကျောက်တွေဖြစ်လာပါတယ်။ သွာကျောက်တွေကိုသဘာဝအတိုင်းဖယ်ရှာစနိုင်မယ့်နည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။

(၁) ရှားစောင်းလက်ပတ်နှင့် အလှဆီ

ရေတစ်ခွက်၊ဆော်ဒါမှုန့် အနည်းငယ်
ရှားစောင်းလက်ပပ်အနှစ်တစ်ဇွန်း၊ ဂလစ်ဆရင်းအလှဆီလေးဇွန်း၊သံပရာရည် တစ်ဇွန်းတို့ကိုရောသမပြီးသွားတိုက်ပေးရင် အချိန်တိုအတွင်းသွားဖြူစင်လာပြီး သွားဂျိုးတွေပါ ပျောက်ကင်းလာပါလိမ့်မယ်။

(၂) မုန့်ဖုတ်ဆော်ဒါမှုန့်

ဆော်ဒါမှုန့်ကအတော်လေးအသုံးဝင်ပါတယ်။
ဆော်ဒါမှုန့်ကို သွားကျောက်ကြေးချွတ်ဆေးအဖြစ် သုံးနိုင်ပါတယ်။ ဆော်ဒါမှုန့် ထမင်းစားဇွန်းတစ်ဇွန်းကို ဆားနဲ့ရောမွှေပြီး တစ်ရက် ၂ကြိမ်သွားတိုက်သလို တိုက်ပေးပါ။အရမ်းထိရောက်ပါတယ်။

(၃) လိမ္မော်ခွံ

လိမ္မော်သီးအခွံရဲ့အတွင်းဘက် နဲ့ သွားတိုက်ပေးပါ။ သွားတွေကို ဖြူစင်စေပြီး သွား ကျောက်ဂျိုးနဲ့ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပါတယ်။

(၄) ဗီတာမင်စီပါသည့် သစ်သီးများ

ဗီတာမင်စီပါတဲ့ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ လိမ္မော်သီးတို့ကို မကြာခဏစားပေးပါ။ ပါးစပ်ထဲက ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပြီး ခံတွင်းရနံ့ သင်းပျံ့စေပါတယ်။

(၅) နှမ်းစေ့

နှမ်းစေ့အနည်းငယ်ကို မိနစ်အနည်းငယ် ဝါးပေးပါ။မြိုမချပါနဲ့။ ရေနဲ့ ပလုတ်ကျင်းပေးပါ။ ရက်အနည်းငယ်အတွင်း သွားဂျိုးတွေ ကင်းစင်စေပြီး သွားတွေကို သန့်စင်စေပါတယ်။

(၆) သွားပုံမှန်တိုက်

ဖလိုရိုက်ပါတဲ့သွားတိုက်‌ဆေးနဲ့မနက်တစ်ကြိမ် ညတစ်ကြိမ် သေချာလေး သွားတိုက်ပေးပါ။ ဖြူစင်တဲ့သွားတွေရရှိနိုင်ပါတယ်။

(၇) ရှာလကာရည်

ရှာလကာရည် နှစ်ဇွန်း၊ ဆားထမင်းစားဇွန်း တစ်ဇွန်းနဲ့ ရေအနည်းငယ်ကို ရောမွှေပြီး ပလုတ်ကျင်းပေးပါ။နောက်ထပ်သတိထားပေးရမှာတွေကတော့ ကော်ဖီလျှော့သောက်ပါ။ ဆေးလိပ်နဲ့ ကွမ်းစားခြင်းများကိုလည်း မလုပ်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

Credit – မူရင်းရေးသားသူ

Zawgyi ဖြင့်ဖတ်ပါ






(၂) မုန်႕ဖုတ်ေဆာ်ဒါမႈန႔်


(၃) လိမ်မောျခှံ






(၆) သွားပုံမွန်တိုက်


(၇) ရွာလကာရည်

