
ထက်မြက်တဲ့မိန်းမဆိုတာ ( ၁ မိနစ်လောက် အချိန်ပေးပီး ဖတ်ပေးပါ )
တနေ့ အင်တာဗျူး တခုမှာပေါ့။ တရုပ်ပြည်ရဲ့ အချမ်းသာဆုံး သူဌေး ဂျက်မားရဲ့ ဇနီးကို သတင်းထောက်က မေးလိုက်တယ်။
“ဂျက်မားက ရုပ်ဆိုးတယ်နော်။ ဘာလို့ သူ့ကို ရွေးချယ်ခဲ့တာလဲ။ သူ မအောင်မြင်ခင် ကျောင်းဆရာ ဘဝထဲက သူ့ကို ရွေးချယ်ခဲ့တယ် ဆိုတော့ ငွေကြေးကြောင့်တော့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ ကျမတို့ သိပါရစေရှင့်”
သူမရိုးရိုးရှင်းရှင်းလေးပဲ ဖြေလိုက်တယ်။ “ဂျက်မားက ရုပ်ဆိုးပါတယ်။ ဒါပေမယ့် အလုပ် ကြိုးစားတယ်။ လုပ်ရည် ကိုင်ရည် ရှိတယ်။ အောင်မြင်ဖို့ အတွက် အမြဲ ကြိုးစားနေတာ။ ဘဝအာမခံချက် တခု ရှိတယ်။ အဲ့ဒီ ဘဝကို ကျမ ပုံဖော်ပေးချင် လို့ပါ” တဲ့။
အခုခေတ်မှာ လူငယ်တွေ အချစ် ဆိုတာကြီးကို အထင်မြင် လွဲလာ ကြတယ်။ တပတ်ကို သုံးကြိမ်လောက် ရုပ်ရှင်ကြည့်၊ ဟိုဆိုင် သွားစား ဒီဆိုင် သွားစားတာကို ကျွေးနိုင်မှ အချစ်လို့ ထင်လာ ကြတယ်။
လူအများကြားမှာ အနမ်းတွေ ပေး၊ ဖက်ပြနေမှ အချစ်လို့ ထင်လာ ကြတယ်။ အရုပ်လေး ဝယ်ပေး ဟိုဟာဝယ်ပေး နိုင်မှ အချစ်လို့ ထင်လာ ကြတယ်။ လိင်ကိစ္စကို ပျော်စရာအဖြစ် သတ်မှတ်လာ ကြတယ်။
သူတို့ဆီမှာ အနာဂတ်ကို မတွေးတော၊ တဘဝစာထက် တခဏတာ ကြားမှာ ပျော်မြူးလာ ကြတယ်။ အရည်အချင်းထက် ရုပ်ရည် ကို ဦးစားပေးလာ ကြတယ်။
တကယ်တော့ အချစ် ဆိုတာ မိသားစု တခုလို ပါပဲ။ ဒုက္ခနဲ့ သုတ၊ မျက်ရည် နဲ့ ရယ်သံ၊ ကျရှုံးမူနဲ့ အောင်မြင်မှုကြား ကိုယ့်ဘက်က အမြဲ ရပ်တည် ရှိနေပေးတတ် ကြသူတွေပါ။
အောင်မြင်တဲ့ ယောက်ျားတွေရဲ့ နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမတွေ ရှိတယ်။ ထက်မြတ်တဲ့ မိန်းမတွေ ဘေးမှာလည်း အောင်မြင်တဲ့ ယောက်ျားတွေ ရှိကြတယ်။
ဘဝအာမခံချက် ဆိုတာ ကိုယ်တိုင် ဖန်တီးရတဲ့ အရာပါ။ ဘယ်အာမခံ company မှ ခုံဖိနပ် တရံကို ဒေါ်လာ သန်းချီ မပေးနိုင် သလို၊ ထီ မထိုးပဲ ထီပေါက်ချင်၊ အပင် မစိုက်ပဲ အသီးစားချင်၊ ပါရမီ မဖြည့်ပဲ အောင်မြင်တဲ့ ယောက်ျားတွေကို မမျှော်လင့်ချင်ပါနဲ့။ Ready made တွေက ဘယ်အရာမှ မကောင်းပါဘူး။
ဘဝမှာ ဟင်းကောင်းကောင်း စားရုံ၊ အလှပြင်ရုံ သက်သက် လူဖြစ်လာတဲ့ သာမာန် မိန်းမတွေဟာ အောင်မြင်ပြီးသား ယောက်ျားတွေကို ရှာပြီး သူတို့ ဘဝကို တည်ဆောက်ချင် ကြတယ်။
ထက်မြက်တဲ့ မိန်းမတွေ ကတော့ သူတို့ တကယ် ချစ်တဲ့သူ နဲ့သာ ဘဝကို ရုန်းကန် လှုပ်ရှား ဖေးမကူညီရင်း အောင်မြင်တဲ့ ယောက်ျားတွေရဲ့ အရေး ပါတဲ့ မိန်းမတွေ ဖြစ်ချင် ကြတယ်။
ပိုက်ဆံ တထောင်ကို တသောင်း ဖြစ်အောင် ဘယ်လို လုပ်ပေးရမလဲ စဉ်းစားမယ့် အစား ဘယ်လို ဖြုန်းရမလဲ စဉ်းစားနေတဲ့ လက်တွဲဖော် ရှိရင် ခုထဲက လက်တွဲ ဖြုတ်လိုက်ပါ။ သူဟာ သင့်ဘဝရဲ့ ပါရမီဖြည့်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်လို့ ပါပဲ။ Crd
Zawgyi
ထက်မြက်တဲ့မိန်းမဆိုတာ ( ၁ မိနစ်လောက် အချိန်ပေးပီး ဖတ်ပေးပါ )
တနေ့ အင်တာဗျူး တခုမှာပေါ့။ တရုပ်ပြည်ရဲ့ အချမ်းသာဆုံး သူဌေး ဂျက်မားရဲ့ ဇနီးကို သတင်းထောက်က မေးလိုက်တယ်။
“ဂျက်မားက ရုပ်ဆိုးတယ်နော်။ ဘာလို့ သူ့ကို ရွေးချယ်ခဲ့တာလဲ။ သူ မအောင်မြင်ခင် ကျောင်းဆရာ ဘဝထဲက သူ့ကို ရွေးချယ်ခဲ့တယ် ဆိုတော့ ငွေကြေးကြောင့်တော့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ ကျမတို့ သိပါရစေရှင့်”
သူမရိုးရိုးရှင်းရှင်းလေးပဲ ဖြေလိုက်တယ်။ “ဂျက်မားက ရုပ်ဆိုးပါတယ်။ ဒါပေမယ့် အလုပ် ကြိုးစားတယ်။ လုပ်ရည် ကိုင်ရည် ရှိတယ်။ အောင်မြင်ဖို့ အတွက် အမြဲ ကြိုးစားနေတာ။ ဘဝအာမခံချက် တခု ရှိတယ်။ အဲ့ဒီ ဘဝကို ကျမ ပုံဖော်ပေးချင် လို့ပါ” တဲ့။
အခုခေတ်မှာ လူငယ်တွေ အချစ် ဆိုတာကြီးကို အထင်မြင် လွဲလာ ကြတယ်။ တပတ်ကို သုံးကြိမ်လောက် ရုပ်ရှင်ကြည့်၊ ဟိုဆိုင် သွားစား ဒီဆိုင် သွားစားတာကို ကျွေးနိုင်မှ အချစ်လို့ ထင်လာ ကြတယ်။
လူအများကြားမှာ အနမ်းတွေ ပေး၊ ဖက်ပြနေမှ အချစ်လို့ ထင်လာ ကြတယ်။ အရုပ်လေး ဝယ်ပေး ဟိုဟာဝယ်ပေး နိုင်မှ အချစ်လို့ ထင်လာ ကြတယ်။ လိင်ကိစ္စကို ပျော်စရာအဖြစ် သတ်မှတ်လာ ကြတယ်။
သူတို့ဆီမှာ အနာဂတ်ကို မတွေးတော၊ တဘဝစာထက် တခဏတာ ကြားမှာ ပျော်မြူးလာ ကြတယ်။ အရည်အချင်းထက် ရုပ်ရည် ကို ဦးစားပေးလာ ကြတယ်။
တကယ်တော့ အချစ် ဆိုတာ မိသားစု တခုလို ပါပဲ။ ဒုက္ခနဲ့ သုတ၊ မျက်ရည် နဲ့ ရယ်သံ၊ ကျရှုံးမူနဲ့ အောင်မြင်မှုကြား ကိုယ့်ဘက်က အမြဲ ရပ်တည် ရှိနေပေးတတ် ကြသူတွေပါ။
အောင်မြင်တဲ့ ယောက်ျားတွေရဲ့ နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမတွေ ရှိတယ်။ ထက်မြတ်တဲ့ မိန်းမတွေ ဘေးမှာလည်း အောင်မြင်တဲ့ ယောက်ျားတွေ ရှိကြတယ်။
ဘဝအာမခံချက် ဆိုတာ ကိုယ်တိုင် ဖန်တီးရတဲ့ အရာပါ။ ဘယ်အာမခံ company မှ ခုံဖိနပ် တရံကို ဒေါ်လာ သန်းချီ မပေးနိုင် သလို၊ ထီ မထိုးပဲ ထီပေါက်ချင်၊ အပင် မစိုက်ပဲ အသီးစားချင်၊ ပါရမီ မဖြည့်ပဲ အောင်မြင်တဲ့ ယောက်ျားတွေကို မမျှော်လင့်ချင်ပါနဲ့။ Ready made တွေက ဘယ်အရာမှ မကောင်းပါဘူး။
ဘဝမှာ ဟင်းကောင်းကောင်း စားရုံ၊ အလှပြင်ရုံ သက်သက် လူဖြစ်လာတဲ့ သာမာန် မိန်းမတွေဟာ အောင်မြင်ပြီးသား ယောက်ျားတွေကို ရှာပြီး သူတို့ ဘဝကို တည်ဆောက်ချင် ကြတယ်။
ထက်မြက်တဲ့ မိန်းမတွေ ကတော့ သူတို့ တကယ် ချစ်တဲ့သူ နဲ့သာ ဘဝကို ရုန်းကန် လှုပ်ရှား ဖေးမကူညီရင်း အောင်မြင်တဲ့ ယောက်ျားတွေရဲ့ အရေး ပါတဲ့ မိန်းမတွေ ဖြစ်ချင် ကြတယ်။
ပိုက်ဆံ တထောင်ကို တသောင်း ဖြစ်အောင် ဘယ်လို လုပ်ပေးရမလဲ စဉ်းစားမယ့် အစား ဘယ်လို ဖြုန်းရမလဲ စဉ်းစားနေတဲ့ လက်တွဲဖော် ရှိရင် ခုထဲက လက်တွဲ ဖြုတ်လိုက်ပါ။ သူဟာ သင့်ဘဝရဲ့ ပါရမီဖြည့်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်လို့ ပါပဲ။
Crd
Leave a Reply