အဖေတွေက ကလေးတွေရဲ့ ဘဝကို ဘယ်လိုလွှမ်းမိုးနိုင်လဲ

zawgyi

အေဖေတြဟာ သားသမီးေတြအတြက္ အမ်ားႀကီးအဓိပၸါယ္ျပည့္ဝေစသူပါ။ အခ်ိဳ႕ေသာ အေဖေတြက သူတို႔ရဲ႕အခ်စ္ေတြကို ထုတ္မျပတတ္ပါဘူး။

ဒါေပမယ့္ အေဖေတြက သားသမီးေတြကို အဆုံးမရွိတဲ့အခ်စ္ေတြနဲ႔ ခ်စ္ၾကပါတယ္။ အေဖေတြက ကေလးေတြရဲ႕ဘဝကို ဘယ္လိုလႊမ္းမိုးႏိုင္လဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ စိတ္လုံၿခဳံမႈ ေပးႏိုင္ျခင္း

အေဖက ကေလးေတြရဲ႕ စိတ္ခံစားခ်က္ေတြကို နားေထာင္ေပးႏိုင္သူပါ။ ဘဝမွာႀကဳံေတြ႕လာတဲ့ ျပႆနာေတြ၊ အနိမ့္အျမင့္အတက္အက်ေတြကို အေဖေတြက သူတို႔ရဲ႕ကိုယ္ပိုင္အေတြ႕အႀကဳံေတြနဲ႔ အႀကံေပးႏိုင္ပါတယ္။

ဒါ့အျပင္ အေဖေတြမွာ ကေလးေတြရဲ႕ စိတ္ကို သန္မာေအာင္ ျပဳလုပ္ေပးႏိုင္တဲ့အစြမ္းလည္း ရွိပါတယ္။

၂။ ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္ေအာင္ ျပဳလုပ္ေပးျခင္း

ကေလးေတြက မိဘေတြရဲ႕ အျပဳအမူ၊ အေျပာအဆိုအားလုံးကို သိသိသာသာေရာ မသိမသာပါ အတုယူပါတယ္။

အေဖေတြက အျခားသူေတြနဲ႔ ေပါင္းသင္းဆက္ဆံေရးမွာ ဘယ္လိုရွိလဲဆိုတာကို ကေလးေတြက အၿမဲတမ္းစိတ္ဝင္စားပါတယ္။ ေပါင္းသင္းဆက္ဆံေရးေကာင္းဖို႔အတြက္ အေဖက အၿမဲတမ္းစံျပျဖစ္ေနပါတယ္။

၃။ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိေစျခင္း

အေဖေတြက အလုပ္မ်ားေပမယ့္လည္း ကေလးေတြရဲ႕ ဝါသနာေတြ၊ ရည္မွန္းခ်က္ေတြကို ထိထိေရာက္ေရာက္ပံ့ပိုးေပးႏိုင္ပါတယ္။ ရည္မွန္းခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေဝဝါးလာတဲ့အခါ၊ ေၾကာက္စိတ္ေတြျဖစ္ေပၚလာတဲ့အခါ အၿမဲတမ္းအားေပးေနသူကေတာ့ အေဖပါပဲ။

၄။ ေတြးေခၚတတ္ေအာင္ သင္ၾကားေပးျခင္း

အေဖေတြက သူတို႔ရဲ႕အေတြ႕အႀကဳံေတြကို သားသမီးေတြကို ေျပာျပခ်င္ၾကပါတယ္။ အေတြ႕အႀကဳံကေန ရရွိတဲ့ ဒႆနေတြက ကေလးေတြအတြက္ ဆက္စပ္စဥ္းစားစရာ ရရွိလာမွာပါ။

အေဖေတြက ျပႆနာေျဖရွင္းႏိုင္တဲ့အရည္အခ်င္းေတြကို သင္ၾကားေပးဖို႔ အၿမဲတမ္းအဆင္သင့္ျဖစ္ေနသူပါ။

၅။ မတူညီတဲ့အျမင္ေတြကို သင္ေပးႏိုင္ျခင္း

အေဖနဲ႔အေမရဲ႕ အေတြးအေခၚခ်င္းက မတူႏိုင္ပါဘူး။ သားေတြက အေဖေတြကို အတုယူၿပီး စိတ္ခံစားခ်က္ေတြကို ဘယ္လိုထိန္းခ်ဳပ္ရမလဲဆိုတာ ေလ့လာၾကပါတယ္။ အေဖရဲ႕အေတြးအေခၚေတြက ကေလးေတြရဲ႕ဘဝကို အေျပာင္းအလဲအမ်ားႀကီး ျဖစ္ေပၚေစပါတယ္။

၆။ တကယ့္ဘဝအစစ္အမွန္ကို ျပင္ဆင္ေပးႏိုင္ျခင္း

လက္ေတြ႕ဘဝက ထင္သေလာက္မလြယ္ကူပါဘူး။ အေမေတြက ကေလးေတြကို အၿမဲစိုးရိမ္တတ္ၿပီး မ်က္လုံးေဒါက္ေထာက္ၾကည့္ေနေပမယ့္ အေဖေတြကေတာ့ စြန႔္စားတာကို ပိုသေဘာက်ပါတယ္။

အေဖေတြက ကေလးေတြကို လက္ေတြ႕ဘဝမွာ လက္ေတြ႕က်က်ရွင္သန္ႏိုင္ဖို႔ ၾကမ္းတမ္းနဲ႔နည္းလမ္းေတြနဲ႔ေတာင္ လမ္းၫႊန္ေပးႏိုင္သူေတြပါ။

crd-original writer

unicode

အဖေတွေဟာ သားသမီးတွေအတွက် အများကြီးအဓိပ္ပါယ်ပြည့်ဝစေသူပါ။ အချို့သော အဖေတွေက သူတို့ရဲ့အချစ်တွေကို ထုတ်မပြတတ်ပါဘူး။

ဒါပေမယ့် အဖေတွေက သားသမီးတွေကို အဆုံးမရှိတဲ့အချစ်တွေနဲ့ ချစ်ကြပါတယ်။ အဖေတွေက ကလေးတွေရဲ့ဘဝကို ဘယ်လိုလွှမ်းမိုးနိုင်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ စိတ်လုံခြုံမှု ပေးနိုင်ခြင်း

အဖေက ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို နားထောင်ပေးနိုင်သူပါ။ ဘဝမှာကြုံတွေ့လာတဲ့ ပြဿနာတွေ၊ အနိမ့်အမြင့်အတက်အကျတွေကို အဖေတွေက သူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ အကြံပေးနိုင်ပါတယ်။

ဒါ့အပြင် အဖေတွေမှာ ကလေးတွေရဲ့ စိတ်ကို သန်မာအောင် ပြုလုပ်ပေးနိုင်တဲ့အစွမ်းလည်း ရှိပါတယ်။

၂။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်အောင် ပြုလုပ်ပေးခြင်း

ကလေးတွေက မိဘတွေရဲ့ အပြုအမူ၊ အပြောအဆိုအားလုံးကို သိသိသာသာရော မသိမသာပါ အတုယူပါတယ်။

အဖေတွေက အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ဘယ်လိုရှိလဲဆိုတာကို ကလေးတွေက အမြဲတမ်းစိတ်ဝင်စားပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့အတွက် အဖေက အမြဲတမ်းစံပြဖြစ်နေပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေခြင်း

အဖေတွေက အလုပ်များပေမယ့်လည်း ကလေးတွေရဲ့ ဝါသနာတွေ၊ ရည်မှန်းချက်တွေကို ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်ပါတယ်။ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ဝေဝါးလာတဲ့အခါ၊ ကြောက်စိတ်တွေဖြစ်ပေါ်လာတဲ့အခါ အမြဲတမ်းအားပေးနေသူကတော့ အဖေပါပဲ။

၄။ တွေးခေါ်တတ်အောင် သင်ကြားပေးခြင်း

အဖေတွေက သူတို့ရဲ့အတွေ့အကြုံတွေကို သားသမီးတွေကို ပြောပြချင်ကြပါတယ်။ အတွေ့အကြုံကနေ ရရှိတဲ့ ဒဿနတွေက ကလေးတွေအတွက် ဆက်စပ်စဉ်းစားစရာ ရရှိလာမှာပါ။

အဖေတွေက ပြဿနာဖြေရှင်းနိုင်တဲ့အရည်အချင်းတွေကို သင်ကြားပေးဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေသူပါ။

၅။ မတူညီတဲ့အမြင်တွေကို သင်ပေးနိုင်ခြင်း

အဖေနဲ့အမေရဲ့ အတွေးအခေါ်ချင်းက မတူနိုင်ပါဘူး။ သားတွေက အဖေတွေကို အတုယူပြီး စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ လေ့လာကြပါတယ်။ အဖေရဲ့အတွေးအခေါ်တွေက ကလေးတွေရဲ့ဘဝကို အပြောင်းအလဲအများကြီး ဖြစ်ပေါ်စေပါတယ်။

၆။ တကယ့်ဘဝအစစ်အမှန်ကို ပြင်ဆင်ပေးနိုင်ခြင်း

လက်တွေ့ဘဝက ထင်သလောက်မလွယ်ကူပါဘူး။ အမေတွေက ကလေးတွေကို အမြဲစိုးရိမ်တတ်ပြီး မျက်လုံးဒေါက်ထောက်ကြည့်နေပေမယ့် အဖေတွေကတော့ စွန့်စားတာကို ပိုသဘောကျပါတယ်။

အဖေတွေက ကလေးတွေကို လက်တွေ့ဘဝမှာ လက်တွေ့ကျကျရှင်သန်နိုင်ဖို့ ကြမ်းတမ်းနဲ့နည်းလမ်းတွေနဲ့တောင် လမ်းညွှန်ပေးနိုင်သူတွေပါ။

crd-original writer

Be the first to comment

Leave a Reply

Your email address will not be published.


*