ကလေးရှိတဲ့အိမ်တိုင်း ဒီရွက်လှပင်ကို လုံး၀ မစိုက်သင့်တဲ့အကြောင်းအရင်း

ကလေးရှိတဲ့ မိသားစုတွေအတွက် ဆင်ခြင်နိုင်ဖို့ အောက်ပါ ရွက်လှပင် အကြောင်း ဘာသာပြန် ဖော်ပြ လိုက်ပါတယ်။အိမ်တွင်း ခြံတွင်း ရုံးတွင်း နေရာတွေမှာ ရွက်လှပင် အမျိုးမျိုးကို အလှပန်း အိုးတွေ အဖြစ် စိုက်ထားလေ့ ရှိကြတယ်

မျက်စိ ပသာဒ ဖြစ်စေ သလို၊ အခန်းတွင်း လေ သန့်ရှင်း စေလို့၊ ကြည့်ရ တာလည်း လှလို့ စာရေးသူလည်း သဘောကျ မိတယ်။ အောက်ဖော်ပြပါ စာ ဆက်ဖတ် ကြည့်ရင်တော့ အဲလို အပင်မျိုး အလှ အဖြစ်တောင်

ဘယ်နေရာမှ မစိုက် သင့်တော့ပါဘူး။အစိမ်း၊ အဝါနုနဲ့ အဖြူရောင်စပ်ကြား အရွက်ဖားဖား (ဓါတ်ပုံပါ) ရွက်လှပင်ရဲ့အရွက်ဟာ စားမိမယ်ဆိုရင်၊ ကလေးဆိုရင် မိနစ်ပိုင်း အတွင်း လူကြီးဆို ရင်လည်း ၁၅ မိနစ် အတွင်း အသက်

သေစေနိုင်ပါသတဲ့။Keep (+) Healthy မှာ မိခင် တစ်ယောက်က ပြောတာကို အခုလို တွေ့ရတယ်။( ကျွန်မ သမီးလေး အသက် ဆုံးရှုံးရတော့ မလို ဖြစ်သွား ရတယ်။ အသိ ဦးပေ လို့သာ။အဲဒီ အရွက် တစ်ပိုင်း တစ်စကို

ကလေးက ပါးစပ်ထဲ ထည့်လိုက်တာ ချက်ချင် လက်ငင်း သမီးရဲ့ လျှာတွေ ထူထဲ ရောင်ရမ်း လာတယ်။ အသက်ရှူရ ခက်ခဲ လာတယ်။အဲဒီအရွက်နည်းနည်းလေး ဝါးမိတဲ့ ကျွန်မ သမီးလေး သေတော့ မလို့ ဖြစ်သွား ရတယ်။လူအတော် များများက ဒီအရွက်က အဆိပ်ပြင်းမှန်း၊ မသိကြဘူး။ သတိလည်း မထားမိ ကြဘူး။)အဲဒီအရွက်က သိပ်ပြီး အသက် အန္တရာယ် ပေးနိုင်ပါတယ်။ သူ့လို နဲ့ သူ့လောက် အသက် အန္တရာယ် ခြိမ်းချောက် တဲ့ အပင်

များများ စားစား မရှိလှဘူး။အဲလို ရွက်လှပင်တွေ အိမ်တွင်း အိမ်ပြင် လုံးဝ မစိုက်သင့် ပါဘူး။ တကယ်လို့ ရှိနေခဲ့ရင်၊ ကလေးနဲ့ လက်လှမ်း မမှီတဲ့ နရာ၊ အဝေး နဲ့ အမြင့် တစ်နေရာ တင်ထားတာကောင်းပါတယ်။ ကလေးကို အဲဒီ

အနား မသွားစေဘို့ မျက်ခြေ မပြတ် ထိန်းသိမ်း စောင့်ရှောက် နေသင့်ပါတယ်။ ကလေး ရောက်နိုင်တဲ့ (သို့) ကစားနိုင်တဲ့ နေရာ နဲ့ အိပ်ယာတွေကို၊ အဲဒီ အပင်နဲ့ ခပ်လှမ်းလှမ်း ဟိုးအဝေးမှာ ထားရှိ သင့်ပါတယ်။အဲဒီအရွက်

ပင်ကို၊ စာရေးသူတို့ဆီမှာတော့ ရွက်လှ ဂမုန်းလို့ ခေါ်ကြတယ်။ စာရေး သူတောင် ကြည့်ရတာ လှလို့ ဘုန်းကြီးကျောင်းက တောင်းပြီး နှုတ်လာကာ၊ ပန်းအိုးနဲ့ စိုက်ထား မိသေးတယ်။ကိုယ်ပိုင် ကလေး မရှိပေမဲ့ လူနာ ကလေးလေး

တှေ မတောတြဆ အိမခြေါငြးရငြး ရောကသြှား ဆော့ကစား စားမိရငြ၊ ကလေးတှေ ဒုကျခမွား မှာ စာရေး သူလညြး ပှေးပေါကမြှားမှာ စိုးရိမလြို့၊ ဒီစာရေးပှီးရငကြို၊ သှားရောကြ ဖယရြှား ပဈတော့မယြ။အဲဒီ ရှကလြှပငကြို၊ အငြျ ဂ

လိပ်လိုတော့၊ Dieffenbachia လို့ ခေါ်ပါတယ်။ သူ့အရွက်တွေ တိုင်းမှာ ” ကယ်လ်စီယမ် အောက်ဇဲလိတ် ( Calcium Oxalate ) ဆိုတဲ့၊ အဆိပ်ဓါတ်တွေ အမြောက်အများ ( အသက်သေစေလောက်တဲ့ အထိ) ပါဝင်တယ်။အသက်ငယ်လွန်းတဲ့ ကလေးတွေ စားမိရင်၊ချက်ချင်း သေဆုံးစေနိုင်သလို၊ အရွယ်ရောက်ပြီး သူတွေမှာတော့ ၁၅ မိနစ် မိနစ် ၂၀ အတွင်း၊ သေဆုံးစေ နိုင်တဲ့ အထိ အဆိပ်ပြင်းထန်ပါတယ်။အရွက်ရဲ့အဆိပ်က ဘယ်လော

က်ပြင်းထန် သလဲဆိုရင် ၊ မျက်စိထဲ ဝင်မိရင် မျက်စိတောင် ကွယ်စေ မျက်စိ ကန်းစေနိုင်တယ်။ချစ်စွာသော စာရှုသူ။ သင်တို့ အိမ်မှာ ရုံးမှာ အဲဒီ ရွက်လှပင် ရှိနေပါသလား။ အခုပဲ သွားရောက် နှုတ်ပစ် ဖယ်ရှား လိုက်တာ

က သင့်အတွက်ရော မိသားစု အတွက်ရော၊ မိတ်ဆွေ တွေ သားသမီးတွေ အတွက်ပါ ၊ အဆိပ်ဘေးမှ စိတ်ချရ ပါလိမ့်မယ်

Credit ဒေါက်တာ မြမြချယ်