ရည်းစားနဲ့နှစ်ယောက်ထဲ ချောင်းသာကို ညအိပ်ခရီးသွားပြီးနောက် ဘုန်းကြီးတစ်ခါတည်းဝတ်သွားတဲ့အဖြစ်ပျက်

ရည်းစားနဲ့နှစ်ယောက်ထဲ ချောင်းသာကို ညအိပ်ခရီးသွားပြီးနောက် ဘုန်းကြီးတစ်ခါတည်းဝတ်သွားတဲ့အဖြစ်ပျက်

သူမ နဲ့ ကျွန်တော်
ချစ်သူသက်တမ်း(၁)နှစ်ပြည့်မှာ
နှစ်ယောက်ထဲ ချောင်းသာကို ညအိပ်ခရီးသွားဖြစ်ခဲ့ကြတယ်

သူမဟာ ပညာတတ်ခေတ် လူငယ်တစ်ယောက်ဆိုပေမယ့်
ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့သူတစ်ယောက်ပါ

ပထမညမှာ ကျွန်တော်သူမကို ပွင့်ပွင့်လင်းလင်းပဲပြောပြခဲ့တယ်
`နင့် သိက္ခာကို ငါအရမ်းတန်ဖိုးထားတယ်…
နင့်ဆန္ဒမပါဘဲ ငါ့စိတ် ငါ့ဆန္ဒတစ်ခုတည်း အတွက်နဲ့ ဘယ်တော့မှ မလုပ်ဘူး
ဒါက နင့်အပေါ်ထားတဲ့ ငါ့ရဲ့ စိတ်ပဲ😎😎

နောက်ညရောက်တော့
သူမ ကျွန်တော့ရင်ခွင်ထဲမှာ ခေါင်းလေးမှေးပြီးပြောရှာတယ် နင် မနေ့ညက ပြောတဲ့ စကားကိုငါတစ်ညလုံးတွေးတယ်ဟာ

ပြီးတော့ငါ အရမ်းလဲပျော်တယ် ဆန္ဒကိုသိက္ခာနဲ့ ထိန်းနိုင်တဲ့ယောကျာ်းမို့ ငါအရမ်းကျေနပ်ခဲ့တယ်´အဲ့လိုပြောရင်း သူမရဲ့လက်ချောင်းလေးတွေနဲ့ကျွန်တော့ရင်ဘက်အမွှေးလေးတွေကိုပွတ်သပ်ဆော့ကစားနေတယ်

ကျွန်တော် သူမမေးစေ့လေးကို
အသာယာဆွဲကိုင်မော့လိုက်ပြီး
တိုးတိုးလေးပြောလိုက်တယ်

`ငါ မနေ့ညက တညလုံးအိပ်မပျော်နိုင်ဘူး
ငါ့စိတ်တွေဟာလေ ကမ်းခြေက ကျောက်ဆောင်တွေကို ရိုက်ခက်နေတဲ့ လှိုင်းလုံးကြီးတွေလိုပဲ ဝုန်းဒိုင်းကြဲနေခဲ့တာ
နင်ဘယ်သိမလဲလေ´

ရွှန်းလဲ့နေတဲ့မျက်ဝန်းအစုံနဲ့ကြည့်ရင်း သူမက` အခုညရော အဲဒီလိုပဲဖြစ်နေလား´ တဲ့

မောဟိုက်နေတဲ့ လေသံမျိုးနဲ့ တိုးတိုးလေးပြောရင်းရင်ဘတ်ပေါ်မှာဆော့ကစားနေတဲ့ သူမလက်လေးတွေဟာ ဖြည်းညင်းစွာ အောက်ဘက်ဆင်းသက်လာပြီး
ကျွန်တော့်ခါးကို တင်းကြပ်စွာဖတ်တွယ်လာရင်းနဲ့

`ငါက မိန်းကလေးလေဟာ ပြီးတော့
ရှက်လဲ ရှက်တယ်ဟာ ဒါပေမဲ့
ခုည နင့်သဘောအတိုင်းပါပဲ ´
သူ့မျက်နှာကို ကျွန်တော့ရင်ဘတ်ထဲ ဝှက်ပြီး
တိုးတိုးလေး ပြောလာတယ်…

ကျွန်တော် သူမမျက်နှာလေးကို ကိုင်မော့လိုက်ပြီးနှုတ်ခမ်းဖူးဖူးလေးကို ဖွဖွလေးနမ်းလိုက်မိတယ်

ပန်းနုရောင်သမ်းလာတဲ့ သူမမျက်နှာလေးဟာရှက်သွေးတွေ ဖြာနေလေရဲ့ အေးစက်နေတဲ့ သူမလက်ဖဝါးလေးကို ဆုပ်ကိုင်ရင်း

“ မင်း ရှက်နေတာလား..?

“ အင်း ´´
မျက်လွှာလေးချပြီး မပွင့်တပွင့်လေးပြောရှာတယ်သူမအရမ်းရှက်နေမှန်း သိလို့ ကျွန်တော်ကပုထုဇဉ်တွေမို့ ကိလေသာ ပယ်သတ်၍ မရနိုင်သေးကြောင်း

သမုဒယအမြစ်တွေ ပွားနေမြဲသာဖြစ်ကြောင်းရှက်စရာမလိုကြောင်း
သဒ္ဒါ၊ သီလ သုတ ၊ စာဂ ပညာ စသဖြင့်
သူတော်ကောင်းတရား ၇ ပါးရှိကြောင်း
ဝိသာခါအမျိုးသမီးကြီးတောင် မြေးမြစ်တွေအများကြီးရှိခဲ့ကြောင်း

ဟီရိ သြတပ္ပ ဆိုတဲ့ အရှက်နှင့်အကြောက်ရှိရမှာ မှန်ပေမယ့်လို့ရှက်သင့်တဲ့ အရှက်ဆိုတာမကောင်းမှု့လုပ်ရမှာကိုသာ ရှက်သင့်ကြောင်းစသဖြင့် အစချီလိုက်တာ

နဂိုကတည်းက တရားဘာ၀နာလိုက်စားတဲ့ သူမဟာမသိတာတွေကို မေး ကျွန်တော်ကရှင်းပြ သိတာတွေရော မသိတာတွေရော ဖြီးဖြန်းရင်းနဲ့

အဲဒီညမှာတင်သူမလည်း သောတပန်တည်
ကျွန်တော်လည်း မနက်မိုးလင်းတော့
အဲ့ဒီနားကကျောင်းမှာပဲ ဘုန်းကြီးဝတ်လိုက်တာခုဆို ၇ ဝါတောင်ပြည့်တော့မယ်လေ..😅😅

Credit