ချက်နည်း မေးထားတဲ့သူများ အတွက်

ချက်နည်း မေးထားတဲ့သူများ အတွက်

ကြက်သားတောချက် လို့ဘဲနာမည်ပေးရမယ်
ထိုင်း ( အီဆန်) ဟင်း တမျိုးပါ
ထူးခြားချက် က ငပိရည် ( သင်္ဘောသီး ထောင်းမာ ထည့် တဲ့ ငပိရည် မျိုးပါ

ကြက်သား
တောကြက် ပိုစားကောင်းပါတယ်
cp ကြက်သား လဲ ရပါတယ်
အသီးအရွက် ကတော့ မိမိ အိမ်အနီးအနား
ခြံ ထွက် ထည့်လို့ ရပါတယ်

စပါးလင်
ဂျင်း ( ပဲဒကော ) ရှိရင်ထည့်ပါ
ငရုတ်သီးစိမ်း / အနီ
ကြက်သွန်မြိတ်
ကြက်သွန်ဖြူ

စမြိတ်ရွက်
ရွှေဖရံသီးနု
ဗူးသီးနု
မှို

စသည့် ဖြစ် ထည့်နိုင်ပါ တယ်
စပါးလင် ၊ဂျင်း ၊ ငရုတ်သီး
က တော့ မထည့် လို့ မရပါဘူး

ရေကို ဆူအောင်တည့်ပြီး ကြက်သားထည့်ပါ
ဆား ကြက်သားမှုန့် အချို မှုန့် ကြိုက်ရင်ထည့်ပါ
ငပိရည် ထည့်ပါ

ချင့်ချိန် ပြီးထည့် ပါ
အနံ မွှေးမွှေး လေး ပါ
များ ရင်တော့ စားမကောင်းပါဘူး

မရှိရင် လဲ မထည့် ဘဲ ချက်စားနိုင်ပါတယ်
မြန်မာ ငပိရည်ကျို အရသာ ကောင်း တာ ထည့်နိုင်ပါတယ်
( တခါမှတော့ မချက်စားဖူးသေးပါဘူး)

အများကြီး တော့ မထည့်ပါနဲ့
စပါးလင် ဂျင်း ငရုတ်သီး
ကြက်သွန်ဖြူ ဓား ပြားရိုက်ထည့်ပါ

ကြက်သားနူး လာ ပြီ ဆို
အသီး အရွက် ပဲကြာဇံ ထည့် ပါ
အရသာ က တော့ အစမ် အရည်သောက် လေးပါ

ခံတွင်းမြိန် ပါတယ်
ဆီ မပါတဲ့ ဟင်းပါ
အရသာ က အစမ် နဲ့ ငပိရည် အနံ့ လေး ပါတယ်
အငန် အရသာ ကို မြည်းကြည့်ပြီးမှ ထည့်ပါ
အိမ် ချက် စားတဲ့ ဟင်းမို့ အချိုးအစား နဲ့ မရေးပေး တော့ပါဘူး

အငန် ဆိုတဲ့ အရသာ ကို
မြည်း ကြည့်ပြီးမှ နောက် လိုအပ်မှ ထပ်ထည့်ပါ
ငန် သွားရင် ပြန်ပြင်ရ ခက် တာမို့

မိမိ ရဲ့ (လျှာ) အရသာခံ မြည်း ကြည့်ပါနော့
လို ရင်ဖြည့်
ပို ရင်နုတ်ရ ခက် ပါတယ်
Chef kipsmile