
က်ိဳင္းတုံၿမီးရွည္ခ်က္နည္း… 🍜🍝🍛🍲
လြယ္ကူပီး အရမ္းစားေကာင္း… 😋😋
(ဟင္းရည္ခ်က္ရန္)
ဝက္႐ိုး သို႔ နံ႐ိုး … ၅၀ က်ပ္သား
ဝက္သား … ၂၅ က်ပ္သား(ႏႈတ္ႏႈတ္စင္းထားရန္)
ရွမ္းပဲပုပ္ မႈန္႔ … ၅ ခ်ပ္ (ကင္ပီးေထာင္းထားရန္)
ခရမ္းခ်ဥ္သီး … ၉ လုံး
ဆႏြင္း … အနည္းငယ္
အေရာင္တင္မႈန္႔…. အနည္းငယ္
၁.။ေရသန္႔ ထဲသို႔ ဝက္နံ႐ိုး +ပဲပုပ္မႈန္႔+ခရမ္းခ်ဥ္သီး
ထည့္၍ ဆူပြက္လာေအာင္တည္ပါ.။
၂။ခရမ္းခ်ဥ္သီးအခြံ အနည္းငယ္ကြဲ၍ လိတ္တက္
လွ်င္ ဆယ္၍ ႏႈတ္ႏႈတ္စင္းပါ.။
၃။ဒယ္အိုးတစ္လုံးတြင္ ဆီ ပါေလ႐ုံထည့္၍ ဆႏြင္းႏွင့္
အေရာင္တင္မႈန္႔ေလးထည့္ ႏႈတ္ႏႈတ္စင္းထား
ေသာ အသားထည့္၍ဆီသတ္ပါ..။
အသားနည္းနည္းက်က္လွ်င္ ခရမ္းခ်ဥ္သီးထည့္၍
၅ မိနစ္ခန္႔ ေရာဆီသတ္ပါ.။
၄.။ဆီသတ္ထားတဲ့အသားနဲ႔ခရမ္းခ်ဥ္သီးမ်ားကို ဟင္း
ရည္အိုးထဲထည့္၍ မိနစ္၃၀ မွ ၄၅ မိနစ္ေလာက္
အရည္က်ေအာက္တည္ေပးပါ။
ဆားႏွင့္ဟင္းခတ္မႈန္႔ မိမိတို႔အႀကိဳက္မွန္းထည့္ပါ။
ဝက္သားမစားသူမ်ား ၾကက္႐ိုးႏွင့္ၾကက္သား အစားထိုး သုံးလို႔ရပါတယ္။
(ေခါက္ဆြဲျပင္ရန္)
မုန္တီဖတ္
ၾကက္သြန္ျဖဴဆီခ်က္
ႏွမ္းေလွာ္ … မညက္တညက္ေထာင္းထားရန္
ပဲပင္ေပါက္ … ေရေႏြးေဖ်ာထားရန္
ေဂၚဖီထုပ္ ..ႏႈတ္ႏႈတ္လွီးေရေႏြးေဖ်ာထားရန္
လက္ပံပြင့္ … ေရေႏြးေဖ်ာထားရန္
ၾကက္သြန္ပင္ .. ႏႈတ္ႏႈတ္လွီးပါ…
အခ်ဥ္ႀကိဳက္လွ်င္ သံပုရာသီးညစ္၍စားႏိုင္ပါတယ္။
crd.
================================
ကျိုင်းတုံမြီးရှည်ချက်နည်း… 🍜🍝🍛🍲
လွယ်ကူပီး အရမ်းစားကောင်း… 😋😋
(ဟင်းရည်ချက်ရန်)
ဝက်ရိုး သို့ နံရိုး … ၅၀ ကျပ်သား
ဝက်သား … ၂၅ ကျပ်သား(နှုတ်နှုတ်စင်းထားရန်)
ရှမ်းပဲပုပ် မှုန့် … ၅ ချပ် (ကင်ပီးထောင်းထားရန်)
ခရမ်းချဉ်သီး … ၉ လုံး
ဆနွင်း … အနည်းငယ်
အရောင်တင်မှုန့်…. အနည်းငယ်
၁.။ရေသန့် ထဲသို့ ဝက်နံရိုး +ပဲပုပ်မှုန့်+ခရမ်းချဉ်သီး
ထည့်၍ ဆူပွက်လာအောင်တည်ပါ.။
၂။ခရမ်းချဉ်သီးအခွံ အနည်းငယ်ကွဲ၍ လိတ်တက်
လျှင် ဆယ်၍ နှုတ်နှုတ်စင်းပါ.။
၃။ဒယ်အိုးတစ်လုံးတွင် ဆီ ပါလေရုံထည့်၍ ဆနွင်းနှင့်
အရောင်တင်မှုန့်လေးထည့် နှုတ်နှုတ်စင်းထား
သော အသားထည့်၍ဆီသတ်ပါ..။
အသားနည်းနည်းကျက်လျှင် ခရမ်းချဉ်သီးထည့်၍
၅ မိနစ်ခန့် ရောဆီသတ်ပါ.။
၄.။ဆီသတ်ထားတဲ့အသားနဲ့ခရမ်းချဉ်သီးများကို ဟင်း
ရည်အိုးထဲထည့်၍ မိနစ်၃၀ မှ ၄၅ မိနစ်လောက်
အရည်ကျအောက်တည်ပေးပါ။
ဆားနှင့်ဟင်းခတ်မှုန့် မိမိတို့အကြိုက်မှန်းထည့်ပါ။
ဝက်သားမစားသူများ ကြက်ရိုးနှင့်ကြက်သား အစားထိုး သုံးလို့ရပါတယ်။
(ခေါက်ဆွဲပြင်ရန်)
မုန်တီဖတ်
ကြက်သွန်ဖြူဆီချက်
နှမ်းလှော် … မညက်တညက်ထောင်းထားရန်
ပဲပင်ပေါက် … ရေနွေးဖျောထားရန်
ဂေါ်ဖီထုပ် ..နှုတ်နှုတ်လှီးရေနွေးဖျောထားရန်
လက်ပံပွင့် … ရေနွေးဖျောထားရန်
ကြက်သွန်ပင် .. နှုတ်နှုတ်လှီးပါ…
အချဉ်ကြိုက်လျှင် သံပုရာသီးညစ်၍စားနိုင်ပါတယ်။
crd.