ကံစီမံရာ အလိုကျ ပေးဆပ်ရ ဒီဘဝမှာ.. ကျွန်မက မန္တလေးထိုးမုန့်ကြီးပါ မောင်
တစ်ချို့တွေက နှိုက်မြည်း..
တစ်ချို့တွေက အကြိုက်တီးကြလည်း.. အပြုံးမပျက် ပေးဆပ်ရသူပါမောင်။
တစ်ချို့တွေက ရိုးရိုး..တစ်ချို့တွေက ပစ္စည်းဆန်းတွေ ထိုးထည့်လည်း..ခေတ်နဲ့အညီမို့ ခံရသည်ပေါ့ မောင်။
အရသာ ခပ်ပြဲပြဲဖြစ်လည်း..အဆီအနှစ်တစ်ရွှဲရွှဲကြောင့်မို့..သိပ်ကဲတဲ့သူတွေက လျှာသပ်အာသပ်နဲ့.ကောင်းလိုက်တာလို့ ပြောတတ်ပါရဲ့မောင်။
အချိန်ကာလ ဘယ်ကစမှန်းမသိပေမယ့်..ဘူတာရုံနံဘေးနဲ့ ကားဂိတ်ကြီးတွေမှာလဲ..ကျွန်မကို အလွယ်ပဲ ရှာတွေ့နိုင်ပါတယ် မောင်..
ကြည့်ပြီးဝယ်တဲ့သူရှိသလို..မြည်းပြီးမှ ဝယ်သူတွေလဲ ရှိပြီး..တစ်ချို့ကတော့ မတရားကြီး ဈေးနှိမ်ကြတယ်မောင်။
အရမ်းကြိုက်သူတွေက..မကြာခဏ လာဝယ်ကြပေမယ့်လည်း..အလွန်ဆုံး သုံးရက်ပါပဲမောင်။
ရှိသမျှတွေအဝစား..ပီးတဲ့အခါ ထားခဲ့တာတော့..ကျွန်မအတွက် ရိုးနေပါပြီမောင်။

ကံစီမံရာ အလိုကျ ပေးဆပ်ရ ဒီဘဝမှာ..ကျွန်မက မန္တလေးထိုးမုန့်ကြီးပါ မောင် ။
crd-original writer.