
“မသာစ ေဆာင္…ေက်ာင္းစ ေရွာင္”ဟူ ေသာ ေရွးဆိုရိုး ဆုံးမစကား ရွိ၏ ။” မသာစ ေဆာင္ ” ဆိုသည္မွာ နာေရး အသုဘတို႔၌ ေဝငွသည့္ သံေဝဂ လကၤာမ်ား ပါေသာ ယပ္ေတာင္ တို႔ကို ေဆာင္ထားျခင္းျဖင့္ထိုယပ္ေတာင္ ကိုျမင္တိုင္း… ထိုသံေဝဂ လကၤာတို႔ကို ဖတ္မိတိုင္း…
” ငါလည္း… တစ္ေန႔ .. ေသရအုံးမွာ ပါလား”ဟု မျမဲျခင္း ဆင္းရဲျခင္း အစိုးမရျခင္း သေဘာ တို႔ကို ဆင္ျခင္၍ သံေဝဂ ဉာဏ္ျဖစ္နိုင္ေသာ ေၾကာင့္တည္း ။
“ ေက်ာင္းစ ေရွာင္ ” ဆိုသည္မွာ လူတို႔သည္ သံဃာေတာ္မ်ား ထံမွ သြားတိုက္ေဆး တံ ၊ ဆပ္ျပာခဲ/မႈန႔္ ၊ မ်က္ႏွာသုတ္ ပဝါ စသည္တို႔ကိုရတတ္၏။
ထို ပစၥည္းမ်ား သည္ စြန႔္ၾကဲေသာ ရဟန္းတစ္ပါးတည္း သာ ပိုင္ဆိုင္သည့္ ပုဂၢလိက ပစၥည္းမ်ားျဖစ္ပါက အ ေၾကာင္း မဟုတ္ေသာ္လည္း… သံဃိက ဂ႐ုဘဏ္ ပစၥည္းျဖစ္ပါက ကိုယ္က်ိဳး နည္းကာ ဆိုးက်ိဳး မ်ားစြာျဖစ္နိုင္၏ ။
ထိုသံဃိကဂ႐ု ဘဏ္ ပစၥည္းမ်ားကို အသုံးျပဳမိတိုင္း….. သံေတြခဲ , မီးက်ီးခဲ , အဆိပ္သီးမ်ားကို စားေသာက္ ရသကဲ့ သို႔ျဖစ္ရ၏။” ဟ…ငါတို႔ဘုန္းႀကီးက ေက်ာင္းထိုင္ ဆရာေတာ္ေလ သူကိုယ္တိုင္ စြန႔္လို႔ ယူတာ ဘာအျပစ္ျဖစ္ ရမွာတုန္း ” ဟုေျပာဆို ၾကသူမ်ား ရွိၾက၏ ။
“ေက်ာင္းထိုင္ ဘုန္းႀကီးျဖစ္ေန ပါေစ” သာသနာပိုင္ ဆရာေတာ္ႀကီးျဖစ္ေန ပါေစ သံဃနာယက ဥကၠ႒ ဆရာေတာ္ႀကီးျဖစ္ေနပါေစ..။“သံဃိကဂ႐ုဘ႑ာ” ပစၥည္းမ်ားကို .. မိမိ သေဘာထား ဆႏၵအတိုင္း ေပးလို႔မရ ။ စြန႔္လို႔မရ ။
ေဝဘန္ခြဲျခမ္း လို႔မရ ။အဘယ့္ေၾကာင့္နည္း…?“မစြန႔္အပ္ မေဝဘန္အပ္ေသာ သံဃိ ကဂ႐ုဘဏ္ ပစၥည္း တို႔သည္ ဝိနယပိဋကတ္ ၌ ပါရွိျခင္းေၾကာင့္တည္း……။
“ထိုပစၥည္းတို႔မွာ ၁။ အာရာမ အရံ ၂။ အာရာမဝတၳဳ အရံေနရာ ၃။ ဝိဟာရ ေက်ာင္းတိုက္ ၄။ ဝိဟာရဝတၳဳ ေက်ာင္းတိုက္ေနရာ ၅။ မဥၥ ေညာင္ေစာင္း ၆။ ပီဌ အင္းပ်ဥ္ ၇။ ဘိသိ ဘုံလ်ိဳ
၈။ ဗိေဗၺာဟန – ေခါင္းအုံး ၉။ ေလာဟကုမၻီ – ေၾကးအိုး ၁၀။ ေလာဟဘာဏက – ေၾကးအိုးစရည္း ၁၁။ ေလာဟဝါတက ၁၂။ ေလာဟကဋာဟ – ေၾကးဖ်ဥ္းအိုး ၁၃။ ဝါသိ – ပဲခြပ္ (တံစဥ္း)။ ၁၄။ ဖရသု – ပုဆိန္ ၁၅။ ကုဓာရီ – ဓားမ ၁၆။ ကုဒါလ – ေပါက္တူး
၁၇။နိဒါဒနံ – ေဆာက္ ၁၈။ဝလႅိ – ႏြယ္ပင္ ၁၉။ေဝဠဳ – ဝါးပင္။ ၂၀။ မုဥၨ – ျဖဴဆံျမက္ပင္။ ၂၁။ပဗၺဇ – ၿပိတ္ျမက္ပင္။ ၂၂။တိဏ – ႂကြင္းေသာျမက္။ ၂၃။မတၱိကာ – ေျမညက္။ ၂၄။ဒါ႐ုဘ႑ာ – သစ္ဘ႑ာ။ ၂၅။မတၱိကာဘ႑ – ေျမဘ႑ာ။
“ဤသို႔(၂၅ )ခု သ႐ုပ္ျပဳ ေသာ္လည္း ဆိုင္ရာ တစ္ခုခ်င္းကို ထပ္စိပ္ေသာ္ အေျမာက္ အမ်ားရ၏။
ထို႔ေၾကာင့္… သံဃိကဂ႐ုဘ႑ာ(၂၅) မ်ိဳး၌ အက်ဳံးဝင္ သည့္ ဘုန္းႀကီးေက်ာင္းဝန္း အတြင္း၌ ခေရပန္း ေကာက္ျခင္း ၊ ေခြးေတာက္ရြက္ခူးျခင္း ၊ သရက္သီးခူးျခင္း ၊ ပန္းကန္ခြက္ ေယာက္မ်ားကို ယူျခင္း ၊ ေပါက္တူး ပုဆိန္ စသည္တို႔ကို ယူျခင္းစေသာ… စေသာ… သံဃိက ပစၥည္းဟူသမၽွ တို႔ကို အထူး သတိထား၍ ေရွာင္ၾကဥ္ထိုက္ ၏။
“အဘယ္ေၾကာင့္ ဆိုေသာ္… သံဃိက ပစၥည္း မွန္ပါက သူခိုးတစ္ေယာက္က ခိုးယူသြားၿပီး ထိုသူခိုးက တျခားသူ ထံျပန္ေရာင္း… စသည္ျဖင့္ ပိုင္ရွင္ အဆက္ဆက္ ေျပာင္းသြား ေသာ္လည္း သံဃိက ပစၥည္းမွန္သမၽွ သံဃိကပစၥည္း အျဖစ္၌သာ တည္ေနေသာေၾကာင့္ျဖစ္၏ ။
“သံဃိကပစၥည္း အျဖစ္၌ တည္ေနပါက အသုံးျပဳမိၾကေသာ သူတို႔သည္ သံေတြခဲ… မီးက်ီးခဲ … အဆိပ္သီး တို႔ကို မ်ိဳခ်ကာ စားရသကဲ့ သို႔ျဖစ္ေတာ့၏။ထိုထို အေၾကာင္းျဖစ္ရပ္ တို႔ေၾကာင့္ -” ေက်ာင္းစ ေရွာင္ ” ဟူေသာ ေရွးသူေတာ္ ေကာင္း တို႔၏ ဆုံးမစကား ကို လိုက္နာ ေဆာင္ရြက္သင့္ေပ၏ ။
“အထူး အားျဖင့္ သာသနာ့ေၿမ သံဃိကေျမမ်ားကို ငါပိုင္တယ္ ငါတို႔ ဘုန္း ႀကီးပိုင္တယ္ ငါတို႔ေဆြမ်ိဳး ဘုန္းႀကီး ပိုင္တယ္ ဟုေျပာဆို အလြဲသုံးစားျပဳကာ ေရာင္းခ် ငွားရမ္း ေနၾကသူမ်ား အထူး သတိျပဳေစလို ပါ သည္ ။(သံဃိကပစၥည္း အလြဲသုံးစားမႈ မ်ားသည္ ဗုဒၶဘာသာျမန္မာ တို႔အတြက္ ကပ္သဖြယ္ ဆင္းရဲရျခင္း အေၾကာင္းတစ္ခုျဖစ္နိုင္၏)သစၥာဓမၼ ျမင္နိုင္ၾကပါေစ..။
Credit – အရွင္ေတဇနိယ(မန္းေတာင္ေျခ)
unicode..
“မသာစ ဆောင်…ကျောင်းစ ရှောင်”ဟူ သော ရှေးဆိုရိုး ဆုံးမစကား ရှိ၏ ။” မသာစ ဆောင် ” ဆိုသည်မှာ နာရေး အသုဘတို့၌ ဝေငှသည့် သံဝေဂ လင်္ကာများ ပါသော ယပ်တောင် တို့ကို ဆောင်ထားခြင်းဖြင့်ထိုယပ်တောင် ကိုမြင်တိုင်း… ထိုသံဝေဂ လင်္ကာတို့ကို ဖတ်မိတိုင်း…
” ငါလည်း… တစ်နေ့ .. သေရအုံးမှာ ပါလား”ဟု မမြဲခြင်း ဆင်းရဲခြင်း အစိုးမရခြင်း သဘော တို့ကို ဆင်ခြင်၍ သံဝေဂ ဉာဏ်ဖြစ်နိုင်သော ကြောင့်တည်း ။
“ ကျောင်းစ ရှောင် ” ဆိုသည်မှာ လူတို့သည် သံဃာတော်များ ထံမှ သွားတိုက်ဆေး တံ ၊ ဆပ်ပြာခဲ/မှုန့် ၊ မျက်နှာသုတ် ပဝါ စသည်တို့ကိုရတတ်၏။
ထို ပစ္စည်းများ သည် စွန့်ကြဲသော ရဟန်းတစ်ပါးတည်း သာ ပိုင်ဆိုင်သည့် ပုဂ္ဂလိက ပစ္စည်းများဖြစ်ပါက အ ကြောင်း မဟုတ်သော်လည်း… သံဃိက ဂရုဘဏ် ပစ္စည်းဖြစ်ပါက ကိုယ်ကျိုး နည်းကာ ဆိုးကျိုး များစွာဖြစ်နိုင်၏ ။
ထိုသံဃိကဂရု ဘဏ် ပစ္စည်းများကို အသုံးပြုမိတိုင်း….. သံတွေခဲ , မီးကျီးခဲ , အဆိပ်သီးများကို စားသောက် ရသကဲ့ သို့ဖြစ်ရ၏။” ဟ…ငါတို့ဘုန်းကြီးက ကျောင်းထိုင် ဆရာတော်လေ သူကိုယ်တိုင် စွန့်လို့ ယူတာ ဘာအပြစ်ဖြစ် ရမှာတုန်း ” ဟုပြောဆို ကြသူများ ရှိကြ၏ ။
“ကျောင်းထိုင် ဘုန်းကြီးဖြစ်နေ ပါစေ” သာသနာပိုင် ဆရာတော်ကြီးဖြစ်နေ ပါစေ သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးဖြစ်နေပါစေ..။“သံဃိကဂရုဘဏ္ဍာ” ပစ္စည်းများကို .. မိမိ သဘောထား ဆန္ဒအတိုင်း ပေးလို့မရ ။ စွန့်လို့မရ ။
ဝေဘန်ခွဲခြမ်း လို့မရ ။အဘယ့်ကြောင့်နည်း…?“မစွန့်အပ် မဝေဘန်အပ်သော သံဃိ ကဂရုဘဏ် ပစ္စည်း တို့သည် ဝိနယပိဋကတ် ၌ ပါရှိခြင်းကြောင့်တည်း……။
“ထိုပစ္စည်းတို့မှာ ၁။ အာရာမ အရံ ၂။ အာရာမဝတ္ထု အရံနေရာ ၃။ ဝိဟာရ ကျောင်းတိုက် ၄။ ဝိဟာရဝတ္ထု ကျောင်းတိုက်နေရာ ၅။ မဥ္စ ညောင်စောင်း ၆။ ပီဌ အင်းပျဉ် ၇။ ဘိသိ ဘုံလျို
၈။ ဗိဗ္ဗောဟန – ခေါင်းအုံး ၉။ လောဟကုမ္ဘီ – ကြေးအိုး ၁၀။ လောဟဘာဏက – ကြေးအိုးစရည်း ၁၁။ လောဟဝါတက ၁၂။ လောဟကဋာဟ – ကြေးဖျဉ်းအိုး ၁၃။ ဝါသိ – ပဲခွပ် (တံစဉ်း)။ ၁၄။ ဖရသု – ပုဆိန် ၁၅။ ကုဓာရီ – ဓားမ ၁၆။ ကုဒါလ – ပေါက်တူး
၁၇။နိဒါဒနံ – ဆောက် ၁၈။ဝလ္လိ – နွယ်ပင် ၁၉။ဝေဠု – ဝါးပင်။ ၂၀။ မုဥ္ဇ – ဖြူဆံမြက်ပင်။ ၂၁။ပဗ္ဗဇ – ပြိတ်မြက်ပင်။ ၂၂။တိဏ – ကြွင်းသောမြက်။ ၂၃။မတ္တိကာ – မြေညက်။ ၂၄။ဒါရုဘဏ္ဍာ – သစ်ဘဏ္ဍာ။ ၂၅။မတ္တိကာဘဏ္ဍ – မြေဘဏ္ဍာ။
“ဤသို့(၂၅ )ခု သရုပ်ပြု သော်လည်း ဆိုင်ရာ တစ်ခုချင်းကို ထပ်စိပ်သော် အမြောက် အများရ၏။
ထို့ကြောင့်… သံဃိကဂရုဘဏ္ဍာ(၂၅) မျိုး၌ အကျုံးဝင် သည့် ဘုန်းကြီးကျောင်းဝန်း အတွင်း၌ ခရေပန်း ကောက်ခြင်း ၊ ခွေးတောက်ရွက်ခူးခြင်း ၊ သရက်သီးခူးခြင်း ၊ ပန်းကန်ခွက် ယောက်များကို ယူခြင်း ၊ ပေါက်တူး ပုဆိန် စသည်တို့ကို ယူခြင်းစသော… စသော… သံဃိက ပစ္စည်းဟူသမျှ တို့ကို အထူး သတိထား၍ ရှောင်ကြဉ်ထိုက် ၏။
“အဘယ်ကြောင့် ဆိုသော်… သံဃိက ပစ္စည်း မှန်ပါက သူခိုးတစ်ယောက်က ခိုးယူသွားပြီး ထိုသူခိုးက တခြားသူ ထံပြန်ရောင်း… စသည်ဖြင့် ပိုင်ရှင် အဆက်ဆက် ပြောင်းသွား သော်လည်း သံဃိက ပစ္စည်းမှန်သမျှ သံဃိကပစ္စည်း အဖြစ်၌သာ တည်နေသောကြောင့်ဖြစ်၏ ။
“သံဃိကပစ္စည်း အဖြစ်၌ တည်နေပါက အသုံးပြုမိကြသော သူတို့သည် သံတွေခဲ… မီးကျီးခဲ … အဆိပ်သီး တို့ကို မျိုချကာ စားရသကဲ့ သို့ဖြစ်တော့၏။
ထိုထို အကြောင်းဖြစ်ရပ် တို့ကြောင့် -” ကျောင်းစ ရှောင် ” ဟူသော ရှေးသူတော် ကောင်း တို့၏ ဆုံးမစကား ကို လိုက်နာ ဆောင်ရွက်သင့်ပေ၏ ။
“အထူး အားဖြင့် သာသနာ့မြေ သံဃိကမြေများကို ငါပိုင်တယ် ငါတို့ ဘုန်း ကြီးပိုင်တယ် ငါတို့ဆွေမျိုး ဘုန်းကြီး ပိုင်တယ် ဟုပြောဆို အလွဲသုံးစားပြုကာ ရောင်းချ ငှားရမ်း နေကြသူများ အထူး သတိပြုစေလို ပါ သည် ။
(သံဃိကပစ္စည်း အလွဲသုံးစားမှု များသည် ဗုဒ္ဓဘာသာမြန်မာ တို့အတွက် ကပ်သဖွယ် ဆင်းရဲရခြင်း အကြောင်းတစ်ခုဖြစ်နိုင်၏)သစ္စာဓမ္မ မြင်နိုင်ကြပါစေ..။
Credit – အရှင်တေဇနိယ(မန်းတောင်ခြေ)