ရှောက်သီးငါးပိချက်

ရှောက်သီးငါးပိချက်


————————
ဒီငါးပိချက်လေးက ရှောက်သီးဖတ်တွေ ခွာပြီး ထည့်ချက်ထားတာပါ။ ဧရာဝတီတိုင်းဘက်ရောက် တုန်းက စားခဲ့ရတယ်။

အချဉ်အရသာအတွက် ရှောက်သီးကို အဖတ်လိုက်ထည့်တာ မခါးလို့ တော်တော်လေး သဘောကျခဲ့တဲ့ ဟင်းတစ်မည်ပါ။ စားလို့လည်း တော်တော်လေး အရသာရှိတယ်။ မိုးတွင်းခါ တို့စရာစုံတာနဲ့တော့ တော်တော်လေးလည်း လိုက်ဖက်ပါရဲ့ ရှင်။

ပါဝင်ပစ္စည်းများ
ငါးကြင်း – ၁၅ ကျပ်သား
ငါးပိရည်ကျို – ၅ ကျပ်သား
ရှောက်သီးစိမ်းစိမ်း – အနေတော် ၁ လုံး
ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)
ကြက်သွန်နီ – ၁ ဥ
ကြက်သွန်ဖြူဗမာဥ – ၃ ဥ
ငရုတ်အရောင်တင်မှုန့် – စားပွဲဇွန်း ၁/၂ ဇွန်း
နနွင်း – အနည်းငယ်
ဆီ – ၅ ကျပ်သား
ဆား – စားပွဲဇွန်း ၁/၂ ဇွန်း
ထန်းလျက်ခဲ – သေးသေး ၁ ခဲ
ပင်စိမ်း – အနည်းငယ်

ချက်နည်း
ငါးကြင်းကိုပြုတ်ပြီး အသားနွှင်ထားပါ။ ငါးပိ ရည်ကျိုကိုလည်း နနွင်းထည့်ကျိုပြီး စစ်ထားပါ။ ကြက်သွန်ဖြူ/နီကို ရောထောင်းထားပါ။ ငရုတ်သီး
စိမ်းကို ညှပ်ထားပါ။ ပင်စိမ်းကို ရေဆေးသန့်စင်ထား ပါ။ ရှောက်သီးကို အခွံခွာပြီး အမြွှာလေးတွေ ထုတ်ယူ ထားပါ။ သတိထားရမှာက ရှောက်သီးခွံ အဖြူဖတ်

များ၊ အစေ့များ လုံးဝမပါစေရပါ။ ခါးတတ်ပါသည်။ ရှောက်သီးအမြွှာလေးတွေသာ ထုတ်ယူပါ။ ဆီပူလာ လျှင်ကြက်သွန်ဖြူ/နီ၊ နနွင်းထည့် ဆီသတ်ပါ။ မွှေးပြီး ကြွပ်လာရင် အရောင်တင်မှုန့်ထည့်ပါ။ ငါးထည့်ပါ။

ငါးနံ့လေးမွှေးလာရင် ကျိုထားသောငါးပိရည်လောင်း ပါ။ ထန်းလျက်နှင့် ဆားထည့်ပါ။ ခဏအပွက်ခံပြီး ငရုတ်သီးစိမ်းထည့်ပါ အရည်အရမ်းမကျဲဘဲ ခပ်ပျစ် ပျစ်လေး ချက်ပါ။

အရည်အနေတော်ရသည့်အခါ ရှောက်သီးဖတ်များ ထည့်ပါ။ ပင်စိမ်းအုပ်ပါ။ အပေါ့ အငန်မြည်းပါ။ စားကောင်းသော ရှောက်သီးငါးပိချက် ရပါပြီရှင်။

ပန်းခရေ

ေရွာက္သီးငါးပိခ်က္
————————
ဒီငါးပိခ်က္ေလးက ေရွာက္သီးဖတ္ေတြ ခြာၿပီး ထည့္ခ်က္ထားတာပါ။ ဧရာဝတီတိုင္းဘက္ေရာက္ တုန္းက စားခဲ့ရတယ္။

အခ်ဥ္အရသာအတြက္ ေရွာက္သီးကို အဖတ္လိုက္ထည့္တာ မခါးလို႔ ေတာ္ေတာ္ေလး သေဘာက်ခဲ့တဲ့ ဟင္းတစ္မည္ပါ။ စားလို႔လည္း ေတာ္ေတာ္ေလး အရသာရွိတယ္။ မိုးတြင္းခါ တို႔စရာစုံတာနဲ႔ေတာ့ ေတာ္ေတာ္ေလးလည္း လိုက္ဖက္ပါရဲ႕ ရွင္။

ပါဝင္ပစၥည္းမ်ား
ငါးၾကင္း – ၁၅ က်ပ္သား
ငါးပိရည္က်ိဳ – ၅ က်ပ္သား
ေရွာက္သီးစိမ္းစိမ္း – အေနေတာ္ ၁ လုံး
င႐ုတ္သီးစိမ္း (အစပ္စားႏိုင္သေလာက္)
ၾကက္သြန္နီ – ၁ ဥ
ၾကက္သြန္ျဖဴဗမာဥ – ၃ ဥ
င႐ုတ္အေရာင္တင္မႈန႔္ – စားပြဲဇြန္း ၁/၂ ဇြန္း
နႏြင္း – အနည္းငယ္
ဆီ – ၅ က်ပ္သား
ဆား – စားပြဲဇြန္း ၁/၂ ဇြန္း
ထန္းလ်က္ခဲ – ေသးေသး ၁ ခဲ
ပင္စိမ္း – အနည္းငယ္

ခ်က္နည္း
ငါးၾကင္းကိုျပဳတ္ၿပီး အသားႏႊင္ထားပါ။ ငါးပိ ရည္က်ိဳကိုလည္း နႏြင္းထည့္က်ိဳၿပီး စစ္ထားပါ။ ၾကက္သြန္ျဖဴ/နီကို ေရာေထာင္းထားပါ။ င႐ုတ္သီး
စိမ္းကို ညႇပ္ထားပါ။ ပင္စိမ္းကို ေရေဆးသန႔္စင္ထား ပါ။ ေရွာက္သီးကို အခြံခြာၿပီး အႁမႊာေလးေတြ ထုတ္ယူ ထားပါ။ သတိထားရမွာက ေရွာက္သီးခြံ အျဖဴဖတ္

မ်ား၊ အေစ့မ်ား လုံးဝမပါေစရပါ။ ခါးတတ္ပါသည္။ ေရွာက္သီးအႁမႊာေလးေတြသာ ထုတ္ယူပါ။ ဆီပူလာ လွ်င္ၾကက္သြန္ျဖဴ/နီ၊ နႏြင္းထည့္ ဆီသတ္ပါ။ ေမႊးၿပီး ႂကြပ္လာရင္ အေရာင္တင္မႈန႔္ထည့္ပါ။ ငါးထည့္ပါ။

ငါးနံ႔ေလးေမႊးလာရင္ က်ိဳထားေသာငါးပိရည္ေလာင္း ပါ။ ထန္းလ်က္ႏွင့္ ဆားထည့္ပါ။ ခဏအပြက္ခံၿပီး င႐ုတ္သီးစိမ္းထည့္ပါ အရည္အရမ္းမက်ဲဘဲ ခပ္ပ်စ္ ပ်စ္ေလး ခ်က္ပါ။

အရည္အေနေတာ္ရသည့္အခါ ေရွာက္သီးဖတ္မ်ား ထည့္ပါ။ ပင္စိမ္းအုပ္ပါ။ အေပါ့ အငန္ျမည္းပါ။ စားေကာင္းေသာ ေရွာက္သီးငါးပိခ်က္ ရပါၿပီရွင္။

ပန္းခေရ