
ၾကက္သားတ႐ုတ္ခ်က္ေသာက္ဆမ္း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ၾကက္ခုတ္သား………………….၅၀သား
ႂကြက္နား႐ြက္မႈိ………………..၅ခု
မုန္လာဥနီ………………………..၃ လုံး
ၾကက္သြန္ျဖဴအတက္ႀကီး……..၁၀တက္ခန္႔
ခ်င္………………………………၁တက္
ၾကက္သြန္ၿမိတ္…………………၄ပင္
ရွာေကာ+ပါေကာမႈန္႔………….၁ဇြန္း
ပဲငံျပာအၾကည္ရည္…………..၂ ဇြန္း
င႐ုဆီ…………………………..၁ ဇြန္း
သၾကား………………………..၁ ဇြန္း
အ႐ြယ္ေတာ္ခုတ္ထားတဲ့ၾကက္သားေတြကို
ေရေဆးၿပီးဆား ၊င႐ုတ္ေကာင္းမႈန္႔အနည္း
ငယ္တို႔ႏွင့္အရသာႏွပ္ထားပါ။
ေရစိမ္ထားတဲ့ႂကြက္နား႐ြက္မႈိမည္းတြကိုအညႇာသင္ၿပီးသင့္ေတာ္သလိုခပ္ႀကီးႀကီးလွီးျဖတ္ပါ။
ေရေႏြးဆူဆူမွာ (၅)မိနစ္ခန္႔ျပဳတ္ၿပီးေရစစ္ထားပါ။
မုန္လာဥနီကိုအခြံခြါၿပီးၾကက္သားတုံးအ႐ြယ္နီးနီးခပ္ၾကမ္းၾကမ္းလွီးျဖတ္ပါ။
ၾကက္သြန္ျဖဴ ေတြကိုလည္းအခြံခြာၿပီးေရေဆးထားပါ။ခ်င္းကိုထက္ျခမ္းခြဲၿပီးပါးပါးလွီးပါ။
ဒယ္အိုးတစ္လုံးမွာဆီအနည္းငယ္(၂) ဇြန္း
ခန္႔ကိုအပူေပးၿပီးမုန္လာဥနီႏွင့္ၾကက္သြန္ျဖဴ
ေတြကိုဆီသတ္ၿပီးစစ္ထားပါ။
ထိုဆီထဲမွာပဲ ခ်င္းျပားေတြကိုဆီသတ္ပါ။
ေမႊးလာလွ်င္ၾကက္သားေတြထည့္ဆီသတ္ပါ။
တ႐ုတ္မဆလာ(ေရွာက္ေကာပါေကာ)ထည့္ၿပီးဆီသတ္ပါ။
ၾကက္သားေးအေပၚယံေၾကာေတြတင္းလာၿပီဆိုရင္ေရေလးအနည္းငယ္ထည့္ၿပီးအဖုံးအုပ္ထားပါ။
ၾကက္သားေတြေရခမ္းၿပီးအနံ႔ေမႊး၊တစ္၀က္
္က်က္ေလာက္အခ်ိန္မွာေၾကာ္ၿပီးဆီစစ္ထားတဲ့
မုန္လာဥနီနဲ႔ၾကက္သြန္ျဖဴ ေတြထည့္ပါ။
ႂကြက္နား႐ြက္မႈိေတြကိုလည္းထည့္ေပးပါ။
သၾကား၊ဟင္းခတ္မႈန္႔၊ ခ႐ုဆီ၊ ပဲငံျပာရည္
အၾကည္၊ဆားတို႔ျဖင့္အရသာျဖည့္စြက္ပါ။
အားလုံးဆတူနီးပါးႏႈးလာလွ်င္ၾကက္သြန္
ၿမိတ္ေလးမ်ားအုပ္ေပးပါ။
ဒီဟင္းပြဲေလးကအရည္အမ်ားႀကီးမဟုတ္တဲ့အတြက္ဆမ္းစားရတာအဆင္ေျပသလိုခပ္ေသာက္ခ်င္လဲခပ္ေသာက္လို႔ရတဲ့အခ်ိဳေသာက္ဆမ္းေလး
ျဖစ္ပါတယ္။
ဟင္းခ်က္နည္းမ်ား
ကြက်သားတရုတ်ချက်သောက်ဆမ်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကြက်ခုတ်သား………………….၅၀သား
ကြွက်နားရွက်မှို………………..၅ခု
မုန်လာဥနီ………………………..၃ လုံး
ကြက်သွန်ဖြူအတက်ကြီး……..၁၀တက်ခန့်
ချင်………………………………၁တက်
ကြက်သွန်မြိတ်…………………၄ပင်
ရှာကော+ပါကောမှုန့်………….၁ဇွန်း
ပဲငံပြာအကြည်ရည်…………..၂ ဇွန်း
ငရုဆီ…………………………..၁ ဇွန်း
သကြား………………………..၁ ဇွန်း
အရွယ်တော်ခုတ်ထားတဲ့ကြက်သားတွေကို
ရေဆေးပြီးဆား ၊ငရုတ်ကောင်းမှုန့်အနည်း
ငယ်တို့နှင့်အရသာနှပ်ထားပါ။
ရေစိမ်ထားတဲ့ကြွက်နားရွက်မှိုမည်းတွကိုအညှာသင်ပြီးသင့်တော်သလိုခပ်ကြီးကြီးလှီးဖြတ်ပါ။
ရေနွေးဆူဆူမှာ (၅)မိနစ်ခန့်ပြုတ်ပြီးရေစစ်ထားပါ။
မုန်လာဥနီကိုအခွံခွါပြီးကြက်သားတုံးအရွယ်နီးနီးခပ်ကြမ်းကြမ်းလှီးဖြတ်ပါ။
ကြက်သွန်ဖြူ တွေကိုလည်းအခွံခွာပြီးရေဆေးထားပါ။ချင်းကိုထက်ခြမ်းခွဲပြီးပါးပါးလှီးပါ။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်(၂) ဇွန်း
ခန့်ကိုအပူပေးပြီးမုန်လာဥနီနှင့်ကြက်သွန်ဖြူ
တွေကိုဆီသတ်ပြီးစစ်ထားပါ။
ထိုဆီထဲမှာပဲ ချင်းပြားတွေကိုဆီသတ်ပါ။
မွှေးလာလျှင်ကြက်သားတွေထည့်ဆီသတ်ပါ။
တရုတ်မဆလာ(ရှောက်ကောပါကော)ထည့်ပြီးဆီသတ်ပါ။
ကြက်သားေးအပေါ်ယံကြောတွေတင်းလာပြီဆိုရင်ရေလေးအနည်းငယ်ထည့်ပြီးအဖုံးအုပ်ထားပါ။
ကြက်သားတွေရေခမ်းပြီးအနံ့မွှေး၊တစ်ဝက်
်ကျက်လောက်အချိန်မှာကြော်ပြီးဆီစစ်ထားတဲ့
မုန်လာဥနီနဲ့ကြက်သွန်ဖြူ တွေထည့်ပါ။
ကြွက်နားရွက်မှိုတွေကိုလည်းထည့်ပေးပါ။
သကြား၊ဟင်းခတ်မှုန့်၊ ခရုဆီ၊ ပဲငံပြာရည်
အကြည်၊ဆားတို့ဖြင့်အရသာဖြည့်စွက်ပါ။
အားလုံးဆတူနီးပါးနှုးလာလျှင်ကြက်သွန်
မြိတ်လေးများအုပ်ပေးပါ။
ဒီဟင်းပွဲလေးကအရည်အများကြီးမဟုတ်တဲ့အတွက်ဆမ်းစားရတာအဆင်ပြေသလိုခပ်သောက်ချင်လဲခပ်သောက်လို့ရတဲ့အချိုသောက်ဆမ်းလေး
ဖြစ်ပါတယ်။
ဟင်းချက်နည်းများ