မျက်နှာလေးက နုဖတ်နေတာပဲလို့ အပြောခံချင်ချင်သူများအတွက်

ကိုယ်လိမ်းနေကျ ထောပတ်စေ့အကြောင်းလေးပါ။ အချိန်ရရင် ဖတ်ကြည့်ပေးစေချင်ပါတယ်။မနေ့က ကိုယ့်အကိုတစ်ယောက်နဲ့ video call ပြောရင်း ဒီပို့စ်လေးရေးဖို့ စိတ်ကူးရတယ်ဆိုပါတော့..

ကိုယ့်အကိုအမတွေကို ကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်.ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်အကိုအမတွေထဲမှာ မျက်နှာမှာ အဆီဖုလေးတွေ တင်းတိပ် မှဲ့ခြောက် ဝက်ခြံ နဲ့ မျက်နှာအရေးအကြောင်းထင်တာတွေ တော်တော်များများတွေ့ရလို့ပါ

ထောပတ်စေ့အကြောင်းလေးမပြောခင် ကိုယ့်အကြောင်းကို အရင်ပြောပါစေကိုယ္ကေတာသူပီပီ နယ်မှာနေတဲ့ တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ် ။

ရန်ကုန်ရောက်ပြီး ၃နှစ်ကျော်ကာလလေးအတွင်းမှာ ကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ Bella ပေါ်ပြီးတဲ့နောက်မှ စုစုပေါင်း ၂ကြိမ်ရယ်ပါ .

ဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ ခရီးသြားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာ အဆင်ပြေလို့ပါ ကျန်တဲ့ရုံးချိန်တွေမှာတော့ သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီး ပွဲတွေရှိတဲ့အခါနဲ့ စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့ Cosmetics တွေယူလိမ်းပါတယ်.

သနပ်ခါးပဲလိမ်းလိမ်း မိတ်ကပ်ပဲလိမ်းလိမ်းညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့ အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ။ဝယ်ရတာလဲလွယ်ကူသလို အကုန်အကျလဲနဲတာမို့ နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ်

ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါ အတွင်းသားလေးတွေ ယူလိုက်ရင် အထဲကအစေ့လေးကျန်ပါမယ်။

လူအများစုက ဒီထောပတ်စေ့တွေကို ဘယ်ဈေးကြီးတဲ့ Cosmetics မွဝယ်သုံးစရာမလိုပဲ ကိုယ်တို့မျက်နှာကို အများကြီး လှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ်

အဲဒီအေစ့ကို မလွှင့်ပစ်ပဲ အရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကို စင်အောင်ရေဆေးပေးရပါတယ်။ ပြီးရင် သူ့ကိုနေလှမ်းထားလိုက်ပါ။၂ရက်လောက်လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါ ဖယ်ပစ်လိုက်ပါ

ဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေး အလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီး အရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ။ ၃ပတ်နဲ့ ၄ပတ်ဝန်းကျင်လောက်လှမ်းရပါမယ်။

တခါတေလ အပေါ်ခွံသံချေးရောင်ဖြစ်နေပေမဲ့ အတွင်းအစိုဓာတ်မကုန်သေးရင် လိမ်းလို့မရသေးပါဘူး။လုံးဝခြောက်သွားပြီဆိုရင်တော့ ညတိုင်းအိပ်ခါနီးတိုင်း ခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီ

သူ့မှာ သနပ်ခါးနဲ့တူတာတခုက ကိုယ်တို့သနပ်ခါးတုံးမှာ အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါ အတွင်းခေါက်ထက်ပိုပြီးဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲ သူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက် အသားကိုပိုချောပြီးဝင်းပြောင်စေတယ်

ကိုယ် တခါတလေအိပ်ရေးပျက်တဲ့အခါမျိုးမှာ အဖုလေးတွေထွက်ရင် အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်။ယုံမလားတော့မသိဘူး .

အရမ်းသိသာတာတခုကအဆီဖုလေးတွေပါ ။ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့ တခါတေလ အဆီဖုလေးတွေ ထွက်တတ်ပါတယ် ။ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့ မျက်နှာကို တခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူး

ကိုယ်မျက်နှာမှာ ထွက်သမျှ ဘာပဲလာလာ ထောပတ်စေ့ပဲသွေးလိမ်းပါတယ်။ပုံမှန်ဆို အတွင်းသားကိုသွေးလိမ်းပြီးခရီးသွားလို့ အသားအရည်အရမ်းပျက်စီးတဲ့အခါ အပြင်သားတွေချည်းသွေးလိမ်းပါတယ်။လိမ်းပြီး နောက်နေ့မနက်မျက်နှာသစ်တာနဲ့ သိသိသာသာပြောင်းလဲတာပါ

အသိအမတေယာက္ကို သူ့မျက်နှာမှာတင်းတိပ်တွေတွေ့လို့ ကိုယ်ညွှန်းလိုက်တော့ အရေးအကြောင်းတွေပါ တော်တော်သက်သာတယ်လို့ပြောတယ် အကိုတေယာက္ကေတာ့ ဝက်ခြံတွေသက်သာတယ်လို့ပြောတယ်

ကိုယ့်ရဲ့ ကိုယ်တွေ့ကတော့ အဆီဖုလေးတွေ လုံးဝပျောက်သွားတယ် နောက်တခုက နေ့တိုင်းလိမ်းပါများလာရင် အသားအရည်လေးတွေတင်းပြီး ပါးလေးတွေဝင်းဝင်းပြောင်ပြောင်လေးဖြစ်လာတယ်

အသားအရည်လေးကြည်ပြီး ဘာမှလိမ်းမထားရင်တောင် အလိုလိုကြည့်ကောင်းနေတာရယ် တခြားသဘာဝပစ္စည်းတွေလဲ လိုင်းပေါ်မှာ မကြာခဏတွေ့ပေမဲ့ ဒီတခုကေတာ့ ကိုယ့်ကိုယ်တွေ့မို့ ကိုယ့်အကိုအမတွေကို ခုလိုပိုက်ဆံအကုန်အကျသက်သာပြီး

ဘာ side effect မွမရွိပဲ သဘာဝအသီးတွေနဲ့ လှရအောင် ထောပတ်စေ့လေးကို စမ်းလိမ်းကြည့်ပါလို့အကြံပြုပါရစေနော်။

Credit to original writer.

Unicode

ကိုယ်လိမ်းနေကျ ထောပတ်စေ့အကြောင်းလေးပါ။ အချိန်ရရင် ဖတ်ကြည့်ပေးစေချင်ပါတယ်။မနေ့က ကိုယ့်အကိုတစ်ယောက်နဲ့ video call ပြောရင်း ဒီပို့စ်လေးရေးဖို့ စိတ်ကူးရတယ်ဆိုပါတော့

ကိုယ့်အကိုအမတွေကို ကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်.ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်အကိုအမတွေထဲမှာ မျက်နှာမှာ အဆီဖုလေးတွေ တင်းတိပ် မှဲ့ခြောက် ဝက်ခြံ နဲ့ မျက်နှာအရေးအကြောင်းထင်တာတွေ တော်တော်များများတွေ့ရလို့ပါ

ထောပတ်စေ့အကြောင်းလေးမပြောခင် ကိုယ့်အကြောင်းကို အရင်ပြောပါစေကိုယ်ကတောသူပီပီ နယ်မှာနေတဲ့ တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ် ။

ရန်ကုန်ရောက်ပြီး ၃နှစ်ကျော်ကာလလေးအတွင်းမှာ ကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ Bella ပေါ်ပြီးတဲ့နောက်မှ စုစုပေါင်း ၂ကြိမ်ရယ်ပါ .

ဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ ခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာ အဆင်ပြေလို့ပါ ကျန်တဲ့ရုံးချိန်တွေမှာတော့ သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီး ပွဲတွေရှိတဲ့အခါနဲ့ စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့ Cosmetics တွေယူလိမ်းပါတယ်.

သနပ်ခါးပဲလိမ်းလိမ်း မိတ်ကပ်ပဲလိမ်းလိမ်းညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့ အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ။ဝယ်ရတာလဲလွယ်ကူသလို အကုန်အကျလဲနဲတာမို့ နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ်

ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါ အတွင်းသားလေးတွေ ယူလိုက်ရင် အထဲကအစေ့လေးကျန်ပါမယ်။

လူအများစုက ဒီထောပတ်စေ့တွေကို ဘယ်ဈေးကြီးတဲ့ Cosmetics မှဝယ်သုံးစရာမလိုပဲ ကိုယ်တို့မျက်နှာကို အများကြီး လှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ်

အဲဒီအစေ့ကို မလွှင့်ပစ်ပဲ အရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကို စင်အောင်ရေဆေးပေးရပါတယ်။ ပြီးရင် သူ့ကိုနေလှမ်းထားလိုက်ပါ။၂ရက်လောက်လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါ ဖယ်ပစ်လိုက်ပါ

ဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေး အလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီး အရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ။ ၃ပတ်နဲ့ ၄ပတ်ဝန်းကျင်လောက်လှမ်းရပါမယ်။

တခါတလေ အပေါ်ခွံသံချေးရောင်ဖြစ်နေပေမဲ့ အတွင်းအစိုဓာတ်မကုန်သေးရင် လိမ်းလို့မရသေးပါဘူး။လုံးဝခြောက်သွားပြီဆိုရင်တော့ ညတိုင်းအိပ်ခါနီးတိုင်း ခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီ

သူ့မှာ သနပ်ခါးနဲ့တူတာတခုက ကိုယ်တို့သနပ်ခါးတုံးမှာ အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါ အတွင်းခေါက်ထက်ပိုပြီးဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲ သူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက် အသားကိုပိုချောပြီးဝင်းပြောင်စေတယ်

ကိုယ် တခါတလေအိပ်ရေးပျက်တဲ့အခါမျိုးမှာ အဖုလေးတွေထွက်ရင် အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်။ယုံမလားတော့မသိဘူး .

အရမ်းသိသာတာတခုကအဆီဖုလေးတွေပါ ။ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့ တခါတလေ အဆီဖုလေးတွေ ထွက်တတ်ပါတယ် ။ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့ မျက်နှာကို တခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူး

ကိုယ်မျက်နှာမှာ ထွက်သမျှ ဘာပဲလာလာ ထောပတ်စေ့ပဲသွေးလိမ်းပါတယ်။ပုံမှန်ဆို အတွင်းသားကိုသွေးလိမ်းပြီးခရီးသွားလို့ အသားအရည်အရမ်းပျက်စီးတဲ့အခါ အပြင်သားတွေချည်းသွေးလိမ်းပါတယ်။လိမ်းပြီး နောက်နေ့မနက်မျက်နှာသစ်တာနဲ့ သိသိသာသာပြောင်းလဲတာပါ

အသိအမတယောက်ကို သူ့မျက်နှာမှာတင်းတိပ်တွေတွေ့လို့ ကိုယ်ညွှန်းလိုက်တော့ အရေးအကြောင်းတွေပါ တော်တော်သက်သာတယ်လို့ပြောတယ် အကိုတယောက်ကတော့ ဝက်ခြံတွေသက်သာတယ်လို့ပြောတယ်

ကိုယ့်ရဲ့ ကိုယ်တွေ့ကတော့ အဆီဖုလေးတွေ လုံးဝပျောက်သွားတယ် နောက်တခုက နေ့တိုင်းလိမ်းပါများလာရင် အသားအရည်လေးတွေတင်းပြီး ပါးလေးတွေဝင်းဝင်းပြောင်ပြောင်လေးဖြစ်လာတယ်

အသားအရည်လေးကြည်ပြီး ဘာမှလိမ်းမထားရင်တောင် အလိုလိုကြည့်ကောင်းနေတာရယ် တခြားသဘာဝပစ္စည်းတွေလဲ လိုင်းပေါ်မှာ မကြာခဏတွေ့ပေမဲ့ ဒီတခုကတော့ ကိုယ့်ကိုယ်တွေ့မို့ ကိုယ့်အကိုအမတွေကို ခုလိုပိုက်ဆံအကုန်အကျသက်သာပြီး

ဘာ side effect မှမရှိပဲ သဘာဝအသီးတွေနဲ့ လှရအောင် ထောပတ်စေ့လေးကို စမ်းလိမ်းကြည့်ပါလို့အကြံပြုပါရစေနော်။

Credit to original writer.