ချစ်သူကောင်လေးက ပုဇွန်အခွံမခွာပေးလို့ စိတ်ဆိုးပြီး iPhone 14 ဝယ်ပြီးတောင်းပန်ဖို့ တောင်းဆိုခဲ့တဲ့ မိန်းကလေး

လူ့ဘဝမှာ ကိုယ်နဲ့လိုက်ဖက်တဲ့ ဖူးစားဖက်ကို ရှာတွေ့ဖို့ အတော့်ကိုမှ ခက်ခဲလွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာတော့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ချစ်သူကောင်လေးအကြောင်းကို facebook group တစ်ခုမှာ ဖော်ပြသွားခဲ့ပါတယ် ။

သူမဟာ anniversary နေ့နဲ့ valentine နေ့တွကို ချစ်သူနဲ့အတူ ဖြတ်သန်းချင်သူပါ ။ ဒါကြောင့် လတိုင်း 14 ရက်နေ့မှာ valentine’s day ကျင်းပပြီး ကောင်လေးက သူမကိုအမြဲ မြန်မာငွေ 2 သိန်းဝန်းကျင်ခန့်တန်ဖိုးရှိတဲ့ လက်ဆောင်ဝယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည်း ကောင်လေးက လတိုင်းလက်ဆောင်မဝယ်ပေးနိုင်ဘူးလို့ ပြောဆိုလာလို့ လက်ဆောင်မပါဘဲ valentine’s day ဘယ်လို လုပ်မှာလဲ ဆိုပြီး သူမက မေးခွန်းထုတ်ခဲ့ပါသေးတယ် ။

.

သို့ပေမဲ့လည်း ပြသာနာက ကောင်လေးအိမ်မှာ အကင်လုပ်စားဖို့ သွားခဲ့ရင်းကနေစတင်ခဲ့တာပါ ။ အကြောင်းကတော့ သူမက ပုဇွန်စားချင်တယ်လို့ ပြောတဲ့အခါ ကောင်လေးက သူမရဲ့ပန်ကန်ထဲ ပုဇွန်ထည့်ပေးလိုက်ပါတယ် ။

သို့ပေမဲ့လည်း သူမကို စိတ်ဆိုးစေတဲ့အရာက အရင်ချိန်က ပုဇွန်စားတိုင်း ကောင်လေးက အခွံခွာပေးနေကျဖြစ်ပေမဲ့ အခုအကြိမ်မှာတော့ သူမကို ကိုယ်တိုင်ခွာဖို့ ပြောဆိုခဲ့ပါတယ် ။

သူမက နောက်တစ်ကြိမ်ပြန်တောင်းဆိုခဲ့ပေမဲ့ ကောင်လေးက အဆိုပါအတိုင်းသာ ပြောဆိုခဲ့လို့ သူမက စိတ်ဆိုးပြီး စားစရာအပြည့်တင်ထားတဲ့စားပွဲခုံကို လှန်ပြီး ပွဲကြမ်းခဲ့ပါတယ် ။

အရင်ချိန်တွေက ကောင်လေးက သူမကိုစိတ်လျှော့ဖို့ ဖြောင်းဖျပေးမဲ့ ဒီတစ်ခေါက်မှာတော့ မတူပါဘူး ။ ကောင်လေးက သူမကို ရပ်လိုက်ဖို့သာ ပြောခဲ့ပါတယ် ။

ဒါကြောင့် သူမက ကောင်လေးကို လူတွေရဲ့ရှေ့မှာ ဒူးထောက်ပြီး သူမကို iPhone 14 ဝယ်ပေးပြီး တောင်းပန်ဖို့ ပြောဆိုလာခဲ့ပါတယ် ။

သို့ပေမဲ့လည်း ကောင်လေးရဲ့အစ်ကိုက သူဒူးထောက်မှာကိုတားလိုက်ပြီး သူမကို ထွက်သွားဖို့ ပြောဆိုလာခဲ့ပါတယ် ။

သူမက အရင်ချိန်အပြင်သွားတိုင်းကောင်လေးက ငွေထုတ်နေကြမို့ အခုသူမပိုက်ဆံမပါလာလို့ ပြန်လို့မရလို့ ပိုက်ဆံပေးဖို့တောင်းဆိုလိုက်ပါတယ် ။

သို့ပေမဲ့လည်း ကောင်လေးရဲ့မိသားစုဝင်တွေက ပိုက်ဆံပေးဖို့ကိုပါ ထပ် တားခဲ့ပါတယ် ။ သူနဲ့ သူ့မိသားစုဝင်တွေက အရမ်းမတရားတဲ့သူတွေ ဆိုပြီး သူမက ပြောဆိုထားပါသေးတယ် ။

လက်ရှိမှာတော့ သူမက ကောင်လေးနဲ့လမ်းခွဲဖို့ စဉ်းစားထားကြောင်း သူမရဲ့ post ကို အဆုံးသတ်ထားပါတယ် ။ သို့ပေမဲ့လည်း လူအတော်အများကတော့ ကောင်လေးကိုသာ သနားခဲ့ပြီး သူမကို ဥစ္စာ ငွေမက်သူ ၊ စိတ်မနှံ့တဲ့ အမျိုးသမီးဆိုပြီး မျိုးစုံ အပြစ်တင်ဝေဖန်ခဲ့ကြပါတော့တယ် ။

crd-original writer